Burkitt lymphoma လင်ဖိုးမားရောဂါတမျိုး

ဆရာ မင်္ဂလာပါရှင့်။ ကျမသားက အသက် ၆နှစ် ၈လပါ။ PET CT scan အဖြေ၊ Biopsy အဖြေ၊ Bone marrow အဖြေတွေအရ Burkitt Lymphoma ကင်ဆာဖြစ်တယ်သိရပါတယ်။ ဆရာရေးထားတဲ့ Lymphyoma နဲ့ပတ်သက်ပြီး ဆရာရေးထားတာကိုလည်း ဖတ်ထားပါတယ်။ လက်ရှိမှာ သားကို ခီမိုပထမအကြိမ် ဆေးသွင်းပြီးပါပြီ။ ဒရစ်ချိတ်တာ နဲ့ Lumbar  puncture မှာ ၂ကြိမ် ဆေးထိုးထားတာပါ ့့့ နိုင်ငံ ့့့ ဆေးရုံမှာပါရှင့်။ ဒုတိယအကြိမ်က နောက်တပတ် ကြာသပတေးနေ့ မှာ သွင်းရမယ်။ စုစုပေါင်း၈ကြိမ်သွင်းရမယ်လို့ သိရပါတယ်။ သိချင်တာက သားရဲ့ရောဂါက ဘာကြောင့် ဖြစ်တာလဲ မျိုးရိုးထဲမှာအဲ့ရောဂါဖြစ်တဲ့သူမရှိပါရှင့်။ ကုသ၍ပျောက်ကင်းနိုင်ပါသလား။ ကုန်ကျစရိတ်အရမ်းများတဲ့အတွက် မြန်မာနိုင်ငံမှာ ပြန်ကုသရင်ရော ကလေးအတွက်အဆင်ပြေပါ့မလားရှင့်။ သားဆေးချိတ်ပေးရာမှာ သုံးတဲ့ဆေးတွေကိုတော့ ဓာတ်ပုံရိုက်ထားတာရှိပါတယ်ရှင့်။

Burkitt lymphoma ဆိုတာ non-Hodgkin's lymphoma အမျိုးအစားကင်ဆာတမျိုးဖြစ်တယ်။ 
Endemic (African) ခေါ် အာဖရိကန် ကလေး ၄-၇ နှစ် အဖြစ်များတယ်။ ယောက်ျားလေးတွေပိုဖြစ်တယ်။
Sporadic (non-African) အာဖရိကန်မဟုတ်သူတွေဖြစ်တာ။ လင်ဖိုးမားတွေထဲမှာ ၁-၂% ပါတယ်။ 
HIV/AIDS ရှိသူတွေမှာဖြစ်တယ်။ လင်ဖိုးမားတွေထဲမှာ ၃၀-၄၀% ဖြစ်တယ်။
အစားအသောက်ပျက်ခြင်း၊ အလေးချိန်ကျလာခြင်း၊ အားကုန်နေခြင်း၊ ညချွေးထွက်ခြင်း၊ ကိုယ်ပူခြင်းတွေခံစားရမယ်။
ခီမိုသာရာပီ ခေါ် ကင်ဆာဆေးပေးရမယ်။
cyclophosphamide (Cytoxan)
cytarabine (Cytosar-U, Tarabine PFS)
doxorubicin (Adriamycin)
etoposide (Etopophos, Toposar, VePesid)
methotrexate (Rheumatrex)
vincristine (Oncovin) ဆေးတွေကိုသုံးတာများတယ်။ 
Rituximab (Rituxan) ဆေးလည်းသုံးတာရှိတယ်။ 
Radiation therapy ါ်ါတ်ကင်နည်း၊ 
Steroid therapy စတီရွိုက်ဆေးပေးနည်းတွေလည်းရှိတယ်။
ဆေးမကုရင် အသက်ဆုံးပါးနိုင်တယ်။ ဆောရီး။ ရည်ရှည်အသက်ရှင်နှုန်း ၆၀% ကနေ ၉၀% အထိရှိတယ်။ အသက်ကြီးသူတွေမှာ ၇၀% ကနေ ၈၀% အထိရှိတယ်။ 
မြန်မာပြည်မှာ ကုသတဲ့နေရာနဲ့ ဆေးတွေ မသိပါ။ မြန်မာပြည်မှာ အထူးကုဆရာဝန်တွေရှိပါတယ်။
ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၉

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ