Cervical Polyps သားအိမ်ဝ အသားပို

(ကန်တော့)

၁။ မင်္ဂလာပါဆရာ အသက် ၃၃ နှစ် အမျိုးသမီး ကလေးမရှိ ကိုယ်ဝန်မဆောင်ဖူးပါဘူးဆရာ သားအိမ်နံရံမှာ Polyps (၁၃မီလီမီတာ) တွေ့ပါတယ် ဆရာမက ခွဲစိတ်ကုသဖို့ အကြံပြုပြောထားပါတယ်ဆရာ
ကုသမှု့ (ကုသမှု) နည်းတွေနဲ့ ရောဂါ ကာကွယ်နည်းလမ်းတွေ ကုသပြီးနောက်ပိုင်း အလုံးအကြိတ် (အကျိတ်) တွေ ထပ်ဖြစ်နိုင်မဖြစ်နိုင် သိချင်ပါတယ်ဆရာ ဆရာကျန်းမာချမ်းသာပါစေ
၂။ မင်္ဂလာပါ ဆရာရှင့် သမီး အသက် ၃၂ အိမ်ထောင်ရှိ အိမ်ထောင်သက် ၉ နှစ် ရာသီမှန် သန္ဓေတားဆေး ထိုးဆေး လုံးဝမသုံးဘူး ( - ) ပဲ သုံးပါတယ် ခုကျ ကလေးလေးယူဖို့ အကြိုစစ်ဆေးမှုလုပ်တာ စိတ်အရမ်းပူနေလို့ ဆေးရုံရက်ချိန်းကလဲ လိုနေသေးတယ် ဖြစ်နိုင်ရင် သမီးကို ဆေးအဖြေလေး ကြည့်ပေးနိုင်မလားရှင် ဆရာကျမ်းမာပါစေရှင် ကလေးလေး မရနိုင်မှာ စိတ်ပူလို့ပါဆရာ
၃။ အသက်က ၂၉ နှစ်ပါ မ-ပါ အပျိုပါ ရာသီ ရက်ကျော် တခါတရံ တလကျော် ထိန်တတ်ပါတယ် ကန်တော့ပါဆရာ အမျိုးသမီးလမ်းကြောင်းဝမှာ လွန်ခဲ့တဲ့ ၅ လက အသားစတခု ထွက်လာလို့ပါ ၁ လပိုင်း ၇ ရက်နေ့က ဆေးခန်းပြတော့ OG က သားအိမ်ဝက အသားပိုထွက်တာ ဆိုပြီးတော့ ဒီအတိုင်းပဲ ဖြတ်ပေးလိုက်ပါတယ် ခု ထပ်ပြီး ထွက်လာသလိုတွေ့မိလို့ပါရှင့် မိန်းမကိုယ်အဝနား အရင်တကြိမ်လိုမျိုး စမ်းမိလို့ပါ ဆေးခန်းထပ်ပြရမှာလား ဆေးသောက်ပြီးတော့ အစားအသောက်ရှောင်ရန်လိုအပ်ပါသလားရှင့် မေးခွန်းအတွက် အားလည်းနာရပါတယ် ဆရာ ရိုသေလေးစားစွာဖြင့်
အိုဂျီ ပြသင့်။
ဟုတ်ကဲ့ပါရှင့် စိုးရိမ်ရပါလားဆရာ  အိုဂျီက ကင်ဆာ မဖြစ်ဘူး ဒါမျိုးက ဖြစ်တတ်ကြတယ် လို့တော့ ပြောလိုက်ပါတယ်
တခါတရံ၊ တလလို့ ရေးတာတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တကြိမ်လို့တော့ ပြင်လိုက်။
၄။ မင်္ဂလာပါဆရာ။ ကျနော် အသက် ၃၉ နှစ်။ Female ပါ။ အိမ်ထောင် မရှိပါ။ ကန်တော့ပါဆရာ။ ၂၀၁၅ မှာ စပြီး သတိထားမိတာက မိန်းမကိုယ်ထဲကနေ ရှည်ရှည် အချောင်းလေး ထွက်လိုက် ဝင်လိုက်ဖြစ် နေတာကိုပါ။ အခု အဲဒါက မကြာခဏ ဖြစ်နေတာ ခံစားရလို့ OG သွားပြပါတယ်။ အသားပိုပါတဲ့။ ခွဲထုတ်ပစ်ဖို့ မေ့ဆေးနဲ ့ခွဲမယ်။ ပြီးရင် အဲဒီအသားစကို စစ်မယ်လို့ ပြောပါတယ်။ ခွဲဖို ့ရက်ချိန်း ပေးပါတယ်။ ဆရာ့ဆီက အကြံဉာဏ် ၏တောင်းချင်လို့ပါ။ ခွဲ သင့်မသင့်။ ဒီအတိုင်းထားရင်ရော ဘာဖြစ်နိုင်မလဲ။ ခွဲထုတ်ခြင်း မခွဲထုတ်ခြင်းအတွက် ကောင်းကျိုးဆိုးကျိုးတွေ ဘယ်လိုရှိနိုင်မလဲဆိုတာလေး သိပါရစေဆရာ။ ဆရာမျှဝေတဲ့ ကျန်းမာရေး ဆောင်းပါးလေးတွေကို သိပ်ကြိုက်လို ့ကျနော့ ဖခင်နဲ ့ကျနော်တို ့မိသားစုဝင် တွေအားလုံး ဖတ်ရှုကြပါတယ်။ မြန်မာစာသတ်ပုံအကြောင်း ဖတ်မှတ်ရပါတယ်၊ မျှဝေပေးသမျှ အားလုံးအတွက် ကျေးဇူး အများကြီးတင်ပါတယ်ဆရာ။

Uterine polyps တချို့မှာ ရှိနေမှန်း မသိဘူး မနာဘူး။ နာမှ သွေးထွက်မှ ကုသဘို့ လိုတယ်။ တချို့ ရာသီကြားရက်မှာ အဖြူလိုဆင်းပြီး နာတတ်သူလဲ ရှိပါတယ်။ အူမကြီးမှာဖြစ်တဲ့ Colon polyp (ပေါလစ်ပ်) လို ကင်ဆာမဖြစ်စေပါ။ အသားစဖြတ်ယူ စစ်ဆေးတာ လိုလိုမယ်မယ် လုပ်ကြတယ်။ ခွဲထုတ်တာလဲ မကြာဘူး။ သားအိမ်ကဖြစ်တဲ့ (ပေါလစ်ပ်) ဆိုရင် D&C သားအိမ်ခြစ်တာ လုပ်ရသေးတယ်။ အေးခဲနည်း၊ လေဆာနည်းတွေလဲ သုံးနိုင်ပါတယ်။ ကံမကောင်းရင် ပြန်ဖြစ်တယ်။ ကင်ဆာမဟုတ်ပါ။
Cervical Polyps သားအိမ်ဝ အသားပိုဆိုတာလည်းရှိတယ်။ အညှာလေးပါတယ်။ ချယ်ရီအနီရောင်ရှိတယ်။ တချို့က မရမ်းစေ့ရောင်။ တချို့က မီးခိုးရောင်။ အရွယ်အစားနဲ့ ပုံပန်း အမျိုးမျိုးရှိတယ်။ ၁-၂ စင်တီမီတာ ရှည်တယ်။ ကင်ဆာမဟုတ်ပါ။ ဒါပေမယ့် ဖြတ်ထုတ်ပြီး ကင်ဆာမဟုတ်တာတော့ စစ်ရမယ်။ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။ အသက် ၂ဝ ကျော်၊ ကလေးတယောက် မွေးထားသူတွေမှာ အဖြစ်များတာတွေ့ရတယ်။
Ectocervical polyps အမျိုးအစားကပိုဖြစ်တယ်။ သွေးဆုံးပြီးသူတွေမှာတွေ့တာများတယ်။ Endocervical polyps အမျိုးအစားက အတွင်းပြွန်လမ်းကနေလာတယ်။ သွေးမဆုံးခင်မှာ အဖြစ်များတယ်။
ရှိနေတာ မသိသူများတယ်။ တချို့ တခုခုဆင်းမယ်။ အဖြူ။ ပိုးဝင်ရင် အနံ့ရှိနိုင်တယ်။ ကြားရက်သွေးဆင်းမယ်။ ရာသီများတတ်တယ်။ အတူနေပြီး သွေးဆင်းနိုင်တယ်။
တချို့ အလိုလို ပြတ်ကျလာတယ်။ လိုအပ်ရင် ခွဲစိတ်ကုသမှုခံယူရမယ်။ Polyp forceps ခေါ်တာနဲ့ ဖြတ်ယူပေးမယ်။
အဲလိုဟာတခုခုရှိသူတွေ ကိုယ်ဝန်ဆောင်ရာ၊ သားသမီးရမှာ အခက်အခဲဖြစ်လေ့ရှိတယ်။ ဆောရီး။ အသားပိုအထိက ကင်ဆာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ