DNA testing မျိုးဗီဇစမ်းခြင်း

၂၀၁၁ ကတည်းက ရေးထာတာ။

၁။ DNA စစ်ချက်ဆိုတာ ဘာကို ခေါ်ပါသလဲခင်ဗျာ။

၂။ အဖေအမေ စစ်-မစစ် ဘယ်လို စမ်းသပ်လို့ ရနိုင်သလဲခင်ဗျာ။

၃။ ပြည်ပရောက် သူငယ်ချင်းတယောက်အတွက် အားကိုးတကြီးနဲ့ သိချင်တာလေးကို မေးပါရစေ။ သူ့အဖြစ်က သံသယရှိစရာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့သော ( - ) ရက်နေ့မှာ ရန်ကုန်ပြန်ပြီး သူ့ရဲ့ချစ်သူနဲ့ လက်ထပ်ပါတယ်။ အဲဒီနေ့ကစပြီး အတူတူစနေကြပါတယ်။ သူ့ဇနီးမှာ က်ိုယ်ဝန်ချက်ချင်းရပြီး ( - ) ရက်မှာ သမီးလေး ဖွားပါတယ်။ မိခင်ရောကလေးပါ ကျန်းမာပါတယ်။ အချိန်အားဖြင့် တွက်ကြည့်ရင် ခြောက်လကျော်လေးမှာ မွေးတယ်ဆိုတော့ သူတော်တော်လေး ဝမ်းနဲဝမ်းသာဖြစ်နေပါတယ်ဆရာ။ ဒါကြောင့် အဓိကသိချင်တာက မိန်းမတယောက် ကိုယ်ဝန်ရပြီးရ င်အစောဆုံး ဘယ်အချိန်လောက်မှာ မွေးတတ်ပါသလဲဆရာ။ နောက်တခုက ကိုယ့်ရဲ့ရင်သွေး ဟုတ်မဟုတ် မြန်မာပြည်မှာ စစ်ဆေးရတာ လွယ်သလား၊ ဘယ်လိုစစ်ရပါသလဲ သိချင်ပါတယ်ဆရာ။

၄။ ဒေါက်တာတင်ဖူးတဲ့ d.n.a နဲ့ပတ်သတ်(ပတ်သက်)တဲ့ ပိုစ့်တစ်ခု(တခု)ဖတ်လိုက်ရပါတယ်ဒေါက်တာ ဒေါက်တာတင်ထားတဲ့အကြောင်းအရာကသွေးအုပ်စုချင်းတူရင် d.n.a စစ်ကြည့်ပြီးသားသမီးဟုတ်မဟုတ်သိရှိနိူင်တယ်လို့တင်ထားတာပါဒေါက်တာ သူငယ်ချင်းတစ်ယောက်(တယောက်)ကသိချင်လို့မေးပေးတာပါဒေါက်တာ ကျွန်တော်ရေးထားတာကဆရာတင်ထားတာနဲ့တူမတူသိချင်လို့ပါဒေါက်တာ

မြန်မာပြည်မှာ စစ်လို့ ရ-မရ အသေအချာ မသိပါ။

• DNA testing မျိုးဗီဇစမ်းတာကို ဆေးစာမှာ DNA profiling လဲခေါ်တယ်၊ DNA typing လဲခေါ်တယ်၊ Genetic Fingerprinting လဲခေါ်တယ်။

• Forensic Science မှုခင်း-ဆေးပညာရဲ့အစိတ်အပိုင်းမှာ ပါတယ်။

• လူတယောက်ရဲ့ DNA Makeup ကို ကြည့်ပြီး သူဘယ်သူဆိုတာ သိနိုင်လို့ Identifier ခေါ်တယ်။

• နောက်ဆေးစစ်နည်းတခု ဖြစ်တဲ့ Full Genome Sequencing ဆိုတာနဲ့ မတူပါ။

• လူတဦးနဲ့တဦး DNA sequences တွေဟာ ၉၉့၉% တူကြပေမဲ့ Monozygotic twins အသွင်တူ-အမွှာကလွဲရင် ကွဲပြားတာကို ခွဲခြားလို့ရတယ်။

• DNA profiling technique နည်းကို ၁၉၈၄ ခုမှာ အင်္ဂလန် ပညာရှင်ကနေ စတွေ့ခဲ့တယ်။

• DNA profiling process ကို အများဆုံးသုံးတာက Buccal swab ပါးစောင်က သွားရည်ကို ဂွမ်းစနဲ့ သုတ်ယူပြီး စမ်းပါတယ်။ နိုင်ငံတကာ TV channels တီဗွီကြည့်ခွင့်ရတဲ့သူတွေ အီရတ် ခေါင်းဆောင် ဆဒမ်-ဟူစိန်ကို ဖမ်းမိတဲ့အချိန်မှာ မီးထိုးထားပြီး ပါးစပ် ဟပေးနေရတဲ့ပုံကို မြင်ဘူးကြပါလိမ့်မယ်။

• Blood သွေး၊ Saliva သွားရည်၊ Semen သုက်ရည်၊ ဒါမှမဟုတ် တခြား (သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဒါး) တနေရာရာကနေ ရနိုင်တဲ့ Fluid အရည်၊ Tissue (တစ်ရှူး) ကိုလဲ စစ်ဆေးနိုင်တယ်။

• RFLP analysis, PCR analysis, STR analysis နဲ့ AmpFLP နည်းတွေ ရှိတယ်။

• အမေ-အဖေ စစ်မစစ် စမ်းတာကို DNA family relationship analysis ခေါ်တယ်။

အမေ-အဖေ၊ ဆွေမျိုး စစ်-မစစ် စမ်းတာကို DNA Family Relationship Testing ခေါ်တယ်။ ဆေးစာနဲ့ပြောရရင် Polymerase Chain Reaction (PCR) နည်းပညာလို့ ခေါ်တယ်။ Paternity ဖခင်၊ Maternity မိခင်၊ Siblingship အမျိုး တော်တာကို အတိအကျ စစ်နည်း ဖြစ်တယ်။

လူတွေမှာ သန္ဓေတည်ကတည်းက သီးသန့် DNA molecules (ဒီအင်န်အေ-မော်လီကြူး) ဖြစ်လာခဲ့တယ်။ အဖေအစစ်ရဲ့ Sperm cell (သုက်ပိုး) နဲ့ အမေအစစ်ရဲ့ Egg cell (မျိုးဥဆဲလ်) တွေကနေ တူညီတဲ့ အရေအတွက်ရှိတဲ့ DNA ပေါင်းစပ်ပြီး Zygote (ဇိုင်ဂုတ်) ခေါ်တဲ့ သန္ဓေတည်စေတယ်။ ရတာမျိုးက တသက်လုံး ပါနေမယ်။ ဘယ်တော့မှလဲ မပြောင်းတော့ဘူး။ စစ်မစစ် စစ်ရင် Buccal swabs ပါးစောင်က သွားရည်ကို ဂွမ်းစနဲ့သုတ်ယူတာ၊ Blood သွေး၊ Body liquid အရည်တွေနဲ့ Tissue samples (တစ်ရှူး) နမူနာတွေကိုရယူ စမ်းသပ်နိုင်တယ်။

DNA တိုင်းမှာ Coding information (ကုတ်) ပါတာနဲ့ Non-coding genetic material (ကုတ်) မပါတာ ၂ မျိုး ရှိတယ်။ မပါတာကို Junk DNA ခေါ်လေ့ရှိပြီး Individual identification ဘယ်သူ-ဘယ်ဝါ ခွဲခြားရာမှာ သုံးရတယ်။ လူတိုင်းမှာ မတူထူးခြားတဲ့ Unique genetic profile ရှိတာမို့ ခွဲလို့ရတယ်။ သတ်မှတ်ပေးနိုင်တဲ့ DNA Marker (မတ်ကာ) ၅ မျိုး သုံးတယ်။ D21S11, D7S820, TH01, D13S317 နဲ့ D19S433 တွေဖြစ်တယ်။ အမေ၊ အဖေ နဲ့ ကလေးတို့ရဲ့ အဲဒီ ၅ မျိုးကို စစ်လိုက်ရင် အဖေဟုတ်-မဟုတ်၊ အမေဟုတ်-မဟုတ် သိလာတော့တယ်။ စုံစေ့အောင်စစ်ရင် ၁၃ မျိုးအထိရှိတယ်။ နောက်ဆုံးမှာ အဆုံးသတ် အဖြေထုတ်တယ်။ Biological father ဟုတ်တယ်၊ မဟုတ်ဘူး သိလာမယ်။

DNA Test Applications စမ်းနည်းကို

1. Relationship DNA Testing ဆွေမျိုးစစ်တာ၊

2. Genetic Disease Testing ရောဂါစစ်တာ၊

3. Genealogy DNA Testing ဗီဇသမိုင်းကြောင်းစစ်တာ၊

4. Family Tree DNA ဆွေမျိုးစဉ်ဆက် လိုက်ရှာတာတွေအတွက် သုံးတယ်။

Rates of non-paternity အဖေ-မစစ်နှုန်းဟာ ဝ့၈% ကနေ ၃ဝ% အထိ ရှိတယ်လို့ ၂ဝဝ၅ စစ်တမ်းတခုက ဆိုပါတယ်။

• အင်္ဂလန်မှာ ယောက်ျား ၁၆၇၈ ယောက်ကို စစ်ရတာမှာ ၁-၂% ရှိတယ်။

• မက်စီကိုမှာ ကလေး ၃၉၆ ယောက်ကို စစ်တာမှာ ၉့၈% ကနေ ၁၃့၈% ရှိတယ်။

• ဆွစ်ဇလန်မှာ ဝ့၃% ကနေ ၁့၃% ရှိတယ်။

• အမေရိကားမှာ (မစ်ချိဂန်) မယ် အဖြူကလေး ၁၄၁၇ ယောက်နဲ့ အမဲကလေး ၅၂၃ ယောက်ကနေ ၁့၄% ကနေ ၁ဝ့၁% ရှိတယ်။ (ဟာဝိုင်ယီ) မှာ မိသားစုပေါင်း ၁၇၄၈ ထဲက ကလေးပေါင်း ၂၈၃၉ ယောက်ကနေ ၂-၃% ရှိတာ တွေ့ခဲ့ရတယ်။

Non-paternity အဖေ-မစစ်တာကို စစ်လို့ သိလာ၊ တွေ့လာရင် လူမှုရေး-အရှုတ်အရှင်းသာမက ကျန်းမာရေး ပြဿနာပါ တက်ပါမယ်။ မျိုးရိုးလိုက်တဲ့ Cystic fibrosis ရောဂါအတွက် Genetic screening မျိုးဗီဇ စစ်ဆေးတဲ့အခါ သိလာစေတယ်။

1. Non-paternity အဖေ စစ်-မစစ်၊

2. Brother/sister sibling test မောင်နှမ စစ်-မစစ်၊

3. Half-brother/half-sister sibling test အမေတူ-အဖေကွဲ မောင်-နှမ ဟုတ်-မဟုတ်၊

4. Grandparentage test အဖိုး-အဖွါးမှန်-မမှန်၊

5. Uncle (aunt)/nephew (niece) test အဒေါ်-ဦးလေး တော်-မတော်တွေကိုလည်း စစ်လို့ရပါတယ်။

ဒီစစ်ဆေးမှုတွေကို တရားဝင်မှုရှိအောင်လဲ လုပ်ပေးဘို့ အလုပ်ရက် ၁၅ ရက်ဘဲ ကြာမယ်။ အပိုဆောင်းပေးရင် ၅ ရက်နဲ့ ဝန်ဆောင်ပေးနိုင်ပါသတဲ့။ PRO-DNA Family Relationship Test စမ်းသပ်နည်းအတွက် $725 ကုန်ကျမယ်။ Legal admissibility ဥပဒေဘောင် ဝင်ချင်ရင် နောက်ထပ် $170 ဒေါ်လာ၊ ၅ ရက်နဲ့ ရချင်ရင် $275 ဒေါ်လာ အပိုပေးရမယ်လို့ ကြောညာထားတာ တွေ့ရပါတယ်။

– Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယားကိုလည်း ဖတ်ပါ။ 

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ