February ဖေဖေါ်ဝါရီလ

၂ဝ၂၃ နှစ်ဖေဖေါ်ဝါရီလဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်ကနေ တပေါင်းလဆန်း ၁၀ ရက်နေ့အထိဖြစ်တယ်။ 
ဖေဖေါ်ဝါရီကို ရိုမန်လို Februarius ခေါ်ပြီး၊ လက်တင် Februum ကနေလာတယ်။ Purification သန့်စင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ပေါ်ကာစပြက္ခဒိန်မှာ (၁ဝ) လသာရှိစဉ်က ဖေဖေါ်ဝါရီလမပါခဲ့ပါ။ ဘီစီ ရဝဝ ရောက်မှ ရောမဘုရင် Numa Pompilius နူမာပွန်ပီးလပ်စ်ကနေ နှစ်စမှာ ဇန္နဝါရီနဲ့ နှစ်ဆုံးမှာဖေဖေါ်ဝါရီကို ထည့်သွင်းလိုက်ပါတယ်။ နှစ်တနှစ်ရဲ့ ဒုတိယလလို့ကတော့ ဘီစီ ၄၅ဝ ရောက်မှ ဖြစ်လာပါသတဲ့။ ဒီနှစ်လို (၂၈) ရက်နဲ့ လေးနှစ်မှာတခါ (၂၉) ရက် ရှိတယ်။ ၂၀၂၀ ခုမှာ (၂၉) ရက်။
ဖေဖေါ်ဝါရီလ ထူးခြားတဲ့နေ့တွေ
• ဖေဖေါ်ဝါရီ ၄ = သီရိလင်္ကာ လွတ်လပ်ရေးနေ့၊
• ဖေဖေါ်ဝါရီ  ၅= မက်ဆီကို ဖွဲ့စည်းပုံနေ့၊
• ဖေဖေါ်ဝါရီ ၈ = ဆလိုဗေးနီးယား ယဉ်ကျေးမှုနေ့၊
• ဖေဖေါ်ဝါရီ ၈ = ကမ္ဘာ့လက်ထပ်ထိမ်းမြားခြင်းနေ့ (ဒုတိယတနင်္ဂနွေနေ့)၊
• ဖေဖေါ်ဝါရီ ၁၁ = ဂျပန် အမျိုးသားအုတ်မြစ်ချနေ့၊
• ဖေဖေါ်ဝါရီ ၁၂ = အီဗရာဟင် လင်ကွန်းမွေးနေ့၊
• ဖေဖေါ်ဝါရီ ၁၃ = ကမ္ဘာ့ရေဒီယိုနေ့
• ဖေဖေါ်ဝါရီ ၁၄ = ဗယ်လင်တိုင်းဒေး၊
• ဖေဖေါ်ဝါရီ ၁၅ = ဆားဗီးယား အမျိုးသားနေ့၊
• ဖေဖေါ်ဝါရီ ၁၅ = ကနေဒါ အလံတော်နေ့၊
• ဖေဖေါ်ဝါရီ ၁၅ = သမတများနေ့ (ယူအက်စ်)
• ဖေဖေါ်ဝါရီ ၁၆ = တရုပ် နှစ်သစ်ကူးနေ့၊
• ဖေဖေါ်ဝါရီ ၂၁ = နိုင်ငံတကာ မိခင်ဘာသာစကားနေ့၊
• ဖေဖေါ်ဝါရီ ၂၂ = ဂျော့ ဝါရှင်တန် မွေးနေ့ (ယူအက်စ်)၊
• ဖေဖေါ်ဝါရီ ၂၂ = စိန့် လူစီယာ လွတ်လပ်ရေးနေ့၊
• ဖေဖေါ်ဝါရီ ၂၄ = မက်ဆီကို အလံတော်နေ့၊
• ဖေဖေါ်ဝါရီ ၂၄ = အက်စ်တိုးနီးယား လွတ်လပ်ရေးနေ့၊
• ဖေဖေါ်ဝါရီ ၂၅ = ဖိလစ်ပိုင် ပြည်သူ့အာဏာနေ့။
• ဖေဖေါ်ဝါရီ ၂၆ = ကူဝိတ် လွတ်မြောက်ရေးနေ့၊
• ဖေဖေါ်ဝါရီ ၂၇ = ဒိုမီနီကန်သမတနိုင်ငံ လွတ်လပ်ရေးနေ့၊
• အမျိုးသား ငှက်အစာကျွေးတဲ့လ (ယူအက်စ်)၊
• ပဌမတနင်္ဂနွေနေ့ = ဆူပါဘောလ်နေ့ (ယူအက်စ်)
• တတိယတနင်္လာနေ့ = ကမ္ဘာ့လက်ထပ်ထိမ်းမြားခြင်းနေ့
• လူမည်းသမိုင်းလ (အမေရိက + ကနေဒါ)

ဖေဖေါ်ဝါရီလ ကျန်းမာရေးအသိပေးများ
• ဖေဖေါ်ဝါရီ ၄ = World Cancer Day ကမ္ဘာ့ကင်ဆာနေ့
• ဖေဖေါ်ဝါရီ ၁၄ = International Condom Day နိုင်ငံတကာ ကွန်ဒွမ်နေ့၊
• ဒုတိယတနင်္ဂနွေနေ့ = Autism Sunday ကလေး (အော်တဇင်) နေ့ (ယူကေ)
• AMD/Low Vision Awareness Month (United States) မျက်စိအမြင်အားနည်း အသိပညာပေးလ၊
• National Children's Dental Health Month (United States) ကလေးများ သွားအသိပညာပေးလ၊
• National Wear Red Day အနီရောင်ဝတ်ဆင်ရေးနေ့၊ နှလုံးရောဂါအသိပညာပေးနေ့၊ ပဌမသောကြာနေ့၊
• Heart Month (Worldwide) နှလုံး (ရောဂါ) အသိပညာပေးလ၊

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့နေ့ထူးများ
• ဖေဖေါ်ဝါရီ ၇ ရက် = သျှမ်းပြည်နယ်နေ့ (မနှစ်က)
• ဖေဖေါ်ဝါရီ ၁၂ ရက် = ပြည်ထောင်စုနေ့၊
• ဖေဖေါ်ဝါရီ ၁၃ ရက် = ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ မြန်မာနိုင်ငံကလေးများနေ့၊
• ဖေဖေါ်ဝါရီ ၂ဝ ရက် = ချင်းအမျိုးသားနေ့၊

ဖေဖေါ်ဝါရီလ သင်္ကေတများ
• မြန်မာတပို့တွဲလပန်း = ပေါက်ပန်း၊
• ကျောက်မြက်ရတနာ = Amethyst (အမ်မဲသစ်) ကျောက်၊
• နိုင်ငံတကာပန်း = Viola (ဗွိုင်ယိုလာ) ပန်းနှင့် Primula vulgaris (ပရီမူလာ ဗူလ်ဂါးရစစ်) ပန်း၊
• ဆယ်နှစ်ရာသီခွင် = Aquarius ကုမ်ရာသီ (၁၈ ရက်အထိ) + Pisces မိန်ရာသီ (၁၉ ရက်မှစတင်)
အင်္ဂလိပ်လိုအသံထွက်ရင် ဖေ သံထက် ဖက် သံထွက်ရတယ်။
How to pronounce February (American English) https://www.youtube.com/watch?v=uFFDT8AeJE8
အခုထုတ် မြန်မာပြက္ခဒိန်တွေမှာ ကိုယ့်တိုင်းရင်းသားလူမျိုးစုတွေရဲ့ နေ့ထူးနေ့မြတ်တွေ မစုံလင်ပဲ တရုပ်နေ့တွေကို ပေါပေါများများ ထည့်ထားကြတယ်။ စဉ်းစားတွေမြင်မှုတွေ မှားနေကြတယ်။ ပြင်သင့်ကြတယ်။ ပိုက်ဆံနဲ့ အီကွေးမုံ့သာ မကြည့်ပါနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ