Over 35 and birth control options အသက်မငယ်သူများသုံးနိုင်ကြတဲ့ တားဆေး တားနည်းများ

(ကန်တော့)
၂၄ နာရီအတွင်းမှာ မေးလာသူ ၂ ယောက်ရှိတယ်။ နှစ်ယောက်လုံးက အသက် ၄ဝ တွေချည်းဖြစ်တယ်။ 
အမျိုးသမီးတွေကို အသက် ၃၅ နှစ်ရောက်တာနဲ့ ဆရာဝန်တွေက တမျိုးမြင်ကြတယ်။ သားသမီးရဘို့နဲ့ ကိုယ်ဝန်ရရင်လည်း မွေးဘို့ခက်နိုင်တယ်။ အရိုးပါးရောဂါကာကွယ်ဘို့ (ကယ်လ်စီယန် + ဗီတာမင်ဒီ) တနေ့ ၁ လုံးသောက်ခိုင်းမယ်။ တားဆေး ရွေးစေမယ်။ အပျိုကြီးတွေနဲ့ ဒီအသက်အထိ ကလေးမရသေးသူတွေကို သားအိမ်နဲ့ မျိုးဥအိမ်မှာ အိတ်တွေ အကျိတ်တွေ ရှိနေမလား အာလ်ထွာဆောင်းရိုက်ဘို့ အကြံပေးပါမယ်။ 
၃၅ နှစ်ကျော်သူတွေ ဆေးလိပ်လည်းသောက်မယ်၊ တားဆေးလည်းသုံးမယ်ဆိုရင် ကျန်းမာရေးမကောင်းမယ့်အန္တရယ် အဆတွေတိုးလာပါလိမ့်မယ်။ Estrogen အီစထိုဂျင်ဟော်မုန်းပါတားဆေးနဲ့ မသင့်ပါ။ သွေးခဲဘူးတဲ့ရာဇဝင်ရှိရင် လုံးဝ မသောက်သင့်ပါ။
Combination birth control pills ဟော်မုန်း ၂ မျိုးတွဲပါတားဆေး၊ Vaginal ring ဗဂျိုင်းနားထဲထည့်ထားရတဲ့ကွင်း၊ Patch ဆေးကပ်ခွါတွေထဲမှာ အီစထိုဂျင်ပါလို့ မသင့်ပါ။ Intrauterine device (IUD) သားအိမ်ထဲ ထည့်စရာကတော့ သင့်တယ်။ သတိထားရမှာက အိမ်ထောင်သည်မဟုတ်သူတွေမှာ အတူနေဖက်ဆီကနေ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေရင် IUD ထည့်ထားသူမှာ ကူးစက်ခံရနိုင်တယ်။
တခြားနည်းတွေမကြိုက်ရင်တော့ အသက် ၃၅ နှစ်ကျော်သူတွေ ဆေးလိပ်မသောက်ရင်တော့ ပုံမှန် အများသုံး ဟော်မုန်း ၂ မျိုးတွဲပါတားဆေးကို သုံးနိုင်ပါတယ်။ အသက် ၅ဝ အထိသုံးနိုင်တယ်လို့ ထောက်ခံပေးတာရှိတယ်။ Depo-Provera ခေါ်တဲ့ ၃ လခံထိုးဆေးမှာ ပရိုဂျက်စတင်ဟော်မုန်းတမျိုးတည်းသာပါလို့ သုံးနိုင်ပါတယ်။ Implanon လက်မောင်း အရေပြားအောက်မှာထည့်ထားတဲ့ဆေးချောင်းမှာလည်း ပရိုဂျက်စတင်ဟော်မုန်းတမျိုးတည်းသာပါလို့ သုံးနိုင်ပါတယ်။ 
Spermicides သုက်ပိုးသေဆေး Today Sponge ဆေးမြှုပ်၊ Diaphragms သားအိမ်ဝအဖုံး ဒိုင်ယာဖရန်၊ Cervical caps သားအိမ်ဝအဖုံး ဆာဗိုက်ကယ်ကက်ပ်၊ Condoms ကွန်ဒွမ်တွေကိုလည်းသုံးနိုင်ပါတယ်။ Centchroman ဟော်မုန်းမပါတဲ့ စားဆေးကို Saheli Tablets နာမည်နဲ့ အိန္ဒိယမှာရောင်းတယ်။ တကပ်မှာ (၈) ပြား ပါတယ်။ ပဌမ (၃) လအတွက် တပတ်မှာ ၂ ပြား၊ နောက်လတွေမှာ ၁ ပတ် ၁ ပြားသောက်ရတယ်။ 
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ