Pregnancy and Prednisolone ကိုယ်ဝန်နှင့် ပရက်နဆိုလုံးဆေး

ဆရာရှင့် ဆရာဝန်က Prendisilone ပေးပါတယ်။ သမီးက ကလေးယူဖို့ အစီအစဉ် ရှိပါတယ်။ ထိုဆေးများကြောင့် ကလေးမှာ effect ရှိနိုင်ပါသလား။ ကလေးယူနေချိန်တွင် မည်သည့်ဆေး ပြောင်းသောက်ရမလဲ။

Prednisolone ဆိုတာ (စဆီရွိုက်) ဆေးဖြစ်တယ်။ လူ့ကိုယ်ရဲ့ ရောင်ရမ်းခြင်းဖြစ်စဉ် ဆိုတာကို တားဆီးပေးတယ်။ ဆေးအနေနဲ့ နေရာ အများကြီးမှာ သုံးတယ်။ Allergic disorders (အလာဂျီ) ရတာတွေ၊ Skin conditions နာတာရှည်အရေပြားနာတွေ၊ Ulcerative colitis နာတာရှည်အူရောင်တာ၊ Arthritis အဆစ်နာရောဂါ၊ Lupus, Psoriasis နဲ့ Breathing disorders တွေပါဝင်ကြတယ်။ ဆရာဝန်က မညွှန်းဘဲ ဆေးမသောက်သင့်ဘူး။ ဆရာဝန်ပြောတဲ့အတိုင်းလဲ အတိအကျလိုက်နာရမယ်။

ရောဂါဆိုးတခုခု ရှိနေတာ၊ ကိုယ်ပူတာ၊ (အင်ဖက်ရှင်) ဝင်တာ၊ ခွဲစိတ်ကုသထားတာ၊ စတာတွေရှိသူများ အထူးသတိထားရမယ်။ ဥပမာ Immune system ခုခံစနစ်ကို သက်ရောက်စေလို့ (အင်ဖက်ရှင်) ရနေတာက ဆိုးလာနိုင်တယ်။ ဆေးသောက်နေတုံး ကာကွယ်ဆေး မထိုးသင့်ဘူး။ ဆေးကို ချက်ချင်းရပ်မပြစ်သင့်ဘူး။

အသဲခြောက်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ လည်ပင်းကြီးရောဂါ၊ ဆီးချိုရောဂါ၊ ငှက်ဖျား၊ တီဘီ၊ အရိုးရောဂါ၊ ကြွက်သားရောဂါ၊ မျက်စိတိမ်၊ အတွင်းတိမ်၊ မျက်စိရေယုံ၊ အစာအိမ်လေနာ၊ အူနာ၊ စိတ်ကျရောဂါ၊ နှလုံးရောဂါ နဲ့ သွေးတိုးရောဂါ ရှိနေသူတွေကို သတိထားပေးရတယ်။

ဘေးထွက်ဆိုးကျိုးတွေ = မျက်စိအမြင်ကို ထိခိုက်နိုင်တယ်၊ ကိုယ်အလေးချိန် တိုးမယ်၊ မျက်နှာပြည့်ဝိုင်းလာမယ်၊ စိတ်ဓါတ် ကျနိုင်တယ်၊ တက်နိုင်တယ်၊ သွေးယိုလို့ ချောင်းဆိုးတာထဲဖြစ်ဖြစ် ဝမ်းသွားတာထဲဖြစ်ဖြစ် ပါလာမယ်၊ သရက်ရွက် ရောင်နိုင်တယ်၊ ပိုတက်ဆီယမ် နည်းစေနိုင်တယ်၊ သွေးဖိအား တက်စေနိုင်တယ်၊ အိပ်ရေးပျက်မယ်၊ စိတ်မူ မတူဖြစ်တတ်တယ်၊ ဝက်ခြံထွက်၊ အရေပြားပါး၊ အရောင်ပြောင်း၊ အနာကျက်နှေးကွေး၊ ချွေးထွက်များ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့-အန်ချင်။

ကိုယ်ဝန်ဆောင်တွေကို Steroid treatment စတီရွိုက်ပေးကုနေတာ ကြာပါပြီ။ စိတ်ချနိုင်တယ်လို့ ယေဘုယျပြောလို့ရတယ်။ တချို့မှာ ကြာကြာပေးနေရလို့ Gestational diabetes ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိလာတတ်တယ်။

သုတေသနတခုက Recurrent miscarriages ကိုယ်ဝန်ခဏခဏပျက်နေသူတွေကို Steroid ဆေးပေးကုတာလဲ လုပ်နိုင်တယ်။

Michigan Medicaid Birth Defects Study ကနေ ၁၉၈၅ နဲ့ ၁၉၉၂ အတွင်း ကိုယ်ဝန်ဆောင်ပေါင်း ၂၂၉၁ဝ၁ ယောက်ကို စစ်ဆေး ကြည့်ခဲ့တယ်။ ကိုယဝန် ပဌမ ၃ လအတွင်း Prednisolone ဆေးသောက်သူတွေမှာ မွေးတဲ့ကလေးမှာ ရောဂါရတာ ပိုများတယ်။ ဆေး ၆ ယောက်သာ ဖြစ်နိုင်တယ်လို့ မှန်းဆပေမဲ့ ၁၁ ယောက်မှာ လာတွေ့တယ်။ ဒါပေမဲ့ အဆိုးဆုံး မွေးရာပါရောဂါ ၆ မျိုးဖြစ်တဲ့ Cardiovascular နှလုံးရောဂါ၊ Oral clefts နှုတ်ခမ်း-အာခေါင် ကွဲတာ၊ Spina bifida ခါး့ိုးမှာ အနာနဲ့မွေးတာ၊ Polydactylies လက်ချောင်းပိုတွေပါတာ၊ Syndactylies ခြေပူး-လက်ပူး၊ Hypospadias ဆီးပေါက်နေရာ လွဲနေတာတွေနဲ့ ဆက်စပ်နေတာတော့ တခုမှ မဟုတ်တာ သိရတယ်။

FDA ကနေ Prednisolone ဆေးကို Pregnancy category C သတ်မှတ်ထားတယ်။ ဆိုလိုတာက ဒီဆေးကနေ မွေးလာမဲ့ကလေးကို ထိခိုက်မလား၊ မထိခိုက်ဘူးလားဆိုတာ တိတိကျကျ မပြောနိုင်ပါ။ မိခင်လောင်းက ဒီဆေးသောက်နေရင် နို့ရည်ထဲကို ရောက်စေနိုင်တယ်။ သုတေသနတခုက နို့တိုက်နေတဲ့ အမျိုးသမီး ၆ ဦးကို စမ်းတာ နို့ထဲမှာ ၅-၂၅% ပါနေတာတွေ့ရတယ်။ ဒါ့ကြောင့် မအေက တနေ့မှာ 20-40 mg per day သောက်နေလို့ ကလေးကို ဘာမှဖြစ်မှာ မဟုတ်ဘူး။ ဒိထက်များများ သောက်နေရသူတွေကို ဆရာဝန်က အကြံပေးလိမ့်မယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း