Pregnancy and S (3) ကလေးဖွါးပြီး အတူနေခြင်း

• LSCS (CS) ဗိုက်ခွဲမွေးပြီးနောက် လင်-မယားအတူနေတာ တလခွဲ (၆) ပါတ်စောင့်ပါလို့ ဆရာဝန် အများဆုံးက အကြံပေးပါတယ်။

• ချုပ်ရိုးလဲကောင်း၊ ကလေးအမေလဲ နေကောင်းနေမှ ဒီရက်ကို ပြောတာပါ။

• မဟုတ်ရင် ၈-၁၂ ပါတ်ထိ စောင့်ရပါမယ်။

• အနေအထားလဲ ရွေးရင် ကောင်းပါတယ်။

• ရိုးရိုးလမ်းကနေ ကလေးဖွါးပြီးနောက် ဘယ်တော့ ပြန်ဆက်ဆံနိုင်သလဲဆိုတဲ့မေးခွန်းကို ဆရာဝန်မဟုတ်သူတွေလဲ ဖြေတတ်ပါတယ်။ Folk wisdom လို့ ခေါ်တယ်။ သုတေသနလုပ်ပြောရတာ မဟုတ်ဘူး။

• ကာယကံရှင် အမျိုးသမီးကို ဆုံးဖြတ်စေသင့်တာ တရားမျှတတယ်။ သူက စောနိုင်တယ်ဆိုရင် ရတာပါ။

• ဒါ့ကြောင့် ၃ ပါတ်လို့ Williams Obstetrics က အကြံပြုတာရှိတယ်။ နောက်ကျချင်သူတွေလဲ ရှိပါတယ်။

• ခွဲမွေးတာ မဟုတ်ဘဲ မွေးလမ်းကနေ မွေးပေမဲ့ Episiotyomy လမ်းကြောင်း ချဲ့မွေးရတာ၊ Tear and repair လမ်းကြောင်း စုတ်လို့ ချုပ်ရတာ၊ Forceps delivery ညှပ်ဆွဲမွေးတာ၊ Vaccum လေစုပ်ကရိယာသုံး မွေးတာတွေကိုပါ ထည့်စဉ်းစားရမယ်။

• နောက်ပြီး Lochia လို့ ခေါ်တဲ့ မွေးဖွါးပြီးဆင်းတာက အနီရောင်ကနေ ပန်းရောင်ဖြစ်လာရင်ပြီး နည်းလာရင် သိပ်ကိစ္စမရှိတော့ပါ။

• ပုံမှန်အားဖြင့် ၂ ပါတ် ဆိုရင် အဲလိုဖြစ်လာပါပြီ။ ဆင်းတာကများမယ်၊ အနံ့အသက်ရှိမယ်၊ ဖျားနေမယ်ဆိုရင် ဆေးကုပါအုံး။

• သုတေသန မရှိတာတော့မဟုတ်ပါ။ ၁၉၉၈ တုံးက Sexuality during Pregnancy and the Year Postpartum ဆိုတာ ထုတ်ပြန်ခဲ့တယ်။ တိတိကျကျအားလုံးလက်ခံတဲ့ ရက်ကာလ မရှိဘူးတဲ့။ အကြမ်းဖျဉ်း ၅ ပါတ်ကနေ ၇ ပါတ်လို့ဆိုတယ်။ ဒါတောင်မှ အမျိုးသမီး ၅ဝ% ကသာ ပြန်ဆက်ဆံမှု ပြုပါသတဲ့။

• ၆ ပါတ် စောင့်ရရင် နောက်ကိုယ်ဝန် မရစေမဲ့နည်း တခုခုသုံးရမှာကို မမေ့ပါနဲ့။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း