Simple Foreign Body Removal from the Eye မျက်စိဒဏ်ရာ



မဂ်လာပါ (မင်္ဂလာပါ) ဆရာ အသက်က ၂၇ပါ ယောကျာ်လေးပါ အိမ်ထောင်မရှိပါဆရာ နှလုံးရောဂါအခံတော့ ရှိပါတယ်ဆရာ cutter ဖြတ်ရင်းမျက်လုံးထဲ သံစဝင်သွားပြီးပွတ်မိရာမှ ထောင့်စွန်း ကွဲသွားပါတယ်ဆရာ အောက်မျက်ခမ်းစပ်ကိုလှန်ရင်အရမ်းနာကျင်ပြီးစပ်ပါတယ်ဆရာ ဖြစ်တာ၃ရက်ရှိပါပြီ ငွေကြေးမတတ်နိုင်တော့ ဆေးခန်းမပြနိုင်လို့ပါဆရာ အန္တာရယ် (အန္တာရာယ်ရှိ)  ရှိပါသလား ဘယ်လိုဆေးမျိုး သောက်ရပါမလဲဆရာ ဘယ်လိုမျက်စဉ်းမျိုးခပ်ပြီး ပြု့မှု (ပြုမူ) နေထိုင်ရပါမလဲဆရာ


မျက်စိမှာ အနက်ရောင်အဝိုင်းနေရာက အရေးအကြီးဆုံးဖြစ်တယ်။

အဖြူရောင်နေရာ အရေးမကြီးလှပါ။

မျက်ခွံအထက်အောက်က တခြားအရေပြားနေလို သဘောထားနိုင်တယ်။

မျက်စိထဲတခုခုဝင်ရင် ရေများများနဲ့ ဆေးရမယ်။ အတင်းမပွတ်ရ။

ဖုံ၊ သစ်သားစ၊ သဲမှုန်စတာဝင်ရင် မှန်ထဲကြည့်ပြီး ကိုယ်တိုင် အဝတ်စသန့်သန့်အစထောင့်စွန်းလေးနဲ့ ဖယ်ရှားနိုင်တယ်။

သံစဆိုရင် ပိုးသန့်ထားတဲ့ အပ်အဖျားနဲ့ ဖယ်ရမယ်။ 

Topical Lidocaine 4% ထုံဆေးမျက်စဉ်း ၂-၃ စက်နဲ့ရမယ်။

Ciprofloxacin Eye Drop ပိုးသေဆေးပါမျက်စဉ်းတခုခုလိုမယ်။

မျက်ခွံအတွက် ပိုးသေဆးကို Tetracycline, Chloramphenicol Eye Ointment ကော်မျက်စဉ်း တခုခု သုံးနိုင်တယ်။

အနက်ရောင်အဝိုင်းအတွက် ပိုသတိထားပါလေ။

ခက်ခဲတာအတွက် ဆရာဝန်ပြပါ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ