Thyroid Disorders လည်ပင်းကြီးရောဂါများ

အသက် ၃၁နှစ်ပါ  အမျိုးသမီးပါ။ အိမ်ထောင်ရှိပါတယ်။ အတူမနေပါ။ သမီးလေးတယောက်ရှိပါတယ်။ စဖြစ်တာက ၂ လလောက်ရှိပါပြီ။ လည်ပင်း လည်ဇလုပ်အောက်ခြေ ညှပ်ရိုးအပေါ်ဘယ်ဘက်နားမှာ အကျိတ်ဖြစ်နေပါတယ်ရှင့်။ ဇီးသီးအရွယ်လောက်ရှိပါတယ် မနာပါဘူးရှင့် ရေသောက်  တံတွေးမျိုရင် အဖုက အပေါ်အောက်ရွေ့ပါသည်ရှင့်
မေးနည်းစည်းကမ်းကိုမသိတဲ့အတွက် comment မှာရေးမိတာကိုအနူးညွတ်တောင်းပန်ပါသည် ဆရာရှင့်
အရမ်းစိုးရိမ်နေသည့်အတွက် ကျေးဇူး ပြုပြီးပြန်လည်ဖြေကြားပေးပါရှင့်
အားအင်ကုန်ခန်း၊ လူကဝလာ၊ သတိမေ့ချင်ချင်ဖြစ်၊ ဆံပင်ကျွတ်ပြီး ချမ်းတတ်လာပါသလား။ ဒါမှမဟုတ် ဒါတွေနဲ့ ပြောင်းပြန် အိုက်တတ်မယ်၊ ချွေးပိုထွက်မယ်၊ ပိန်လာမယ်၊ စိုးရိမ်တာများမယ် ဆိုတာတွေ ဖြစ်လာနေပါသလား။ လည်ပင်းကြီးဆိုတာကို စစ်ဆေးဘို့လိုပါမယ်။ အမျိုးသမီးဆို ပိုလိုမယ်။ အသေအခြာ ဆေးစစ်ကုသပါ။ မဟုတ်ရင် ဆိုးဝါးတာတွေ ဖြစ်လာနိုင်တယ်။
Thyroid Gland (သိုင်းရွိုက်-ဂလင်း) လည်ပင်းကြီး အကျိတ်ဆိုတာ
လိပ်ပြာပုံ လည်ပင်းရှေ့တည့်တည့် လူတိုင်းမှာရှိတယ်။ မကြီးရင်၊ ရောဂါမရရင် စမ်းလို့ မတွေ့နိုင်ဘူး။ သူကနေ Thyroid hormones ဟော်မုန်းတွေကို ထုတ်ပေးနေတယ်။ ဇီဝဖြစ်စဉ်တွေ မြန်စေ-မှန်စေဘို့ရာ အင်မတန်လိုအပ်တယ်။ ဒီလိုအလုပ်အတွက် (အင်နာဂျီ) ကိုသုံးပြီးမှ လုပ်ရတာဖြစ်တယ်။
Thyroid Neck Check လည်ပင်းစမ်းသပ်ပါ
ခေါင်းကို နောက်နဲနဲလှန်ထားပြီး၊ တံတွေးကို မျိုလိုက်ချိန်မှာ Adam's apple (အာဒမ်) ပန်းသီးခေါ်တဲ့ လည်စေ့အထက်နားကို ကြည့်ပါ။ မျိုးချတာနဲ့ အတူ အလုံးလေးက လိုက်ပြီး တက်တာ၊ ဆင်းတာဖြစ်တာ သတိထားမိရင် ဆရာဝန်ပြပါ။ လည်ပင်းကြီးရောဂါရလာရင် ဇီဝဖြစ်စဉ်တွေကို သက်ရောက်စတယ်။ ဟော်မုန်းက များလာတာရော နည်းလာတာရော ရောဂါဘဲ။
Swelling in the Neck လည်ပင်းမှာ အကျိတ်-အလုံး
လည်ပင်းမှာ အကျိတ်စမ်းတွေ့တိုင်းတော့ လည်ပင်းကြီး ဟော်မုန်း နည်းတာ-များတာ မဟုတ်ပါ။ Thyroid cancer ကင်ဆာလဲဖြစ်နိုင်တယ်။ ကင်ဆာမဟုတ်တဲ့ Nodules, lumps အလုံးတွေလဲဖြစ်နိုင်တယ်။ လည်ပင်းကြီးနဲ့မဆိုင်တာလဲ ဖြစ်နိုင်သေးတယ်။
Changes in Heart Rate နှလုံးခုန်နှုန်း အပြောင်းအလဲ
လည်ပင်းကြီး ဟော်မုန်းတွေကနေ ကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်း အားလုံးနီးနီးကို သက်ရောက်စေတယ်။ နှလုံးခုန်နှုန်းကိုလဲ နှေးစေ-မြန်စေနိုင်တယ်။ လည်ပင်းကြီး ဟော်မုန်း နည်းနေရင် နှလုံးခုန်နှုန်း နှေးလာမယ်။ များရင် မြန်မယ်။ တဆက်ထဲ Blood pressure သွေးဖိအားကိုလဲ များစေမယ်။ Palpitations ရင်တုန်တာလဲဖြစ်စေမယ်။
Changes in Energy or Mood (အင်နာဂျီ) စွမ်းအင် နဲ့ စိတ်မူ အပြောင်းအလဲ
Hypothyroidism ဟော်မုန်းနည်းနေရင် လူကို Feel tired မောပန်းစေတယ်။ Sluggish ဘာလုပ်လုပ် နှေးကွေးစေမယ်။ Depressed စိတ်ဓါတ်ကျနေမယ်။ Hyperthyroidism ဟော်မုန်း များနေရင် Anxiety စိုးရိမ်စိတ်ကဲနေမယ်။ Problems sleeping အိပ်မပျော်ချင်ဘူး၊ Restlessness ဂနာမငြိမ်ဖြစ်မယ်၊ Irritability စိတ်တိုနေမယ်။
Hair Loss ဆံပင်ကျွတ်ရင်
ဟော်မုန်း နည်းတာကနေရော များတာကနေပါ ဆံပင်ကျွတ်စေနိုင်တယ်။ ရောဂါကို ကုသတာနိုင်လာရင် ပြန်ကောင်းလာနိုင်တယ်။
Too Cold or Hot အပူး-အအေး
ကိုယ်ခန္ဓာ အပူချိန်ကိုထိန်းတဲ့ စနစ်ကို ဒီဟော်မုန်းက သက်ရောက်စေတယ်။ ဟော်မုန်း နည်းနေသူက အမြဲတန်း အေးနေပြီး များနေသူက ပူအိုက်နေတယ်။ ချွေးပြန်နေမယ်။ ညအပ်ရင် ပန်ကာ၊ အိမ်ပြူတင်းပေါက် ဖွင့်အိပ်ချင်မယ်။
Hypothyroidism ဟော်မုန်းနည်းရောဂါ တခြားလက္ခဏာတွေ
Dry skin and brittle nails အရေပြားခြောက်နေမယ်။ လက်သည်း-ခြေသည့် ကြွပ်ဆတ်နေမယ်။ Numbness or tingling in the hands လက်မှာ ထုံကျင်ကျင်ဖြစ်နေမယ်။ Constipation ဝမ်းချုပ်မယ်။ Abnormal menstrual periods ရာသီ မမှန်ဖြစ်နိုင်တယ်။
Hyperthyroidism ဟော်မုန်းများရောဂါ တခြားလက္ခဏာတွေ
Muscle weakness or trembling hands ကြွက်သားတွေ အားနည်းနေမယ်၊ လက်တုန်နေမယ်။ Vision problems မျက်စိအမြင်အား နည်းလာမယ်။ Diarrhea ဝမ်းပျက်မယ်။ Irregular menstrual periods ရာသီမမှန်ဖြစ်မယ်။ ကိုယ်အလေးချိန် တက်လာတာက ဟော်မုန်း များနေလို့။ Hypothyroidism ရောဂါခေါ်တယ်။ အဖြစ်များတယ်။ ကိုယ်အလေးချိန် ကျလာတာက ဟော်မုန်း များနေလို့။ Hyperthyroidism ရောဂါခေါ်တယ်။
Thyroid Disorder or Menopause သွေးဆုံးတာနဲ့ မှားနိုင်တယ်။
လည်ပင်းကြီး ဟော်မုန်းရောဂါမှာ ဖြစ်လာတဲ့ ရာသီမမှန်တာ၊ စိတ်မူပြောင်းတာတွေက သွေးဆုံးတာနဲ့ မှားနိုင်တယ်။ သွေးစစ်မှ သိနိုင်တယ်။ သွေးလဲဆုံး ဟော်မုန်းရောဂါလဲရှိတာ တွဲဖြစ်တာလဲ ရှိတာဘဲ။
Thyroid function tests လည်ပင်းကြီးအလုပ် စစ်တာလုပ်ရမယ်။
အသက် ၃၅ နှစ်ကျော်လာရင် အမျိုးသမီးတိုင်း စစ်သင့်တယ်လို့ American Thyroid Association ကနေ အကြံပြုထားတယ်။ ဖြစ်နိုင်ခြေ အလားအလာရှိသူတွေက ဒိထက်စောပြီး စစ်သင့်တယ်။ အသက် ၆ဝ ကျော်လာရင် ဟော်မုန်းနည်းရောဂါ ပိုအဖြစ်များတယ်။ ဟော်မုန်းများတာက အမျိုးသမီးတွေမျာ ပိုဖြစ်ပြီး အသက် ၆၀ ကျော်ရင်လဲ အဖြစ်များတာဘဲ။
Diagnosing Thyroid Disorders လည်ပင်းကြီးအတွက် သွေးစစ်တယ်ဆိုတာ
Thyroid stimulating hormone (TSH) များနေတယ်ဆိုတာ ဟော်မုန်းထုတ်ပေးနေတဲ့ (ဂလင်း) က သိပ်အလုပ်မလုပ်လို့ လုပ်အောင် နှိုးဆွပေးနေရတဲ့ ဟော်မုန်းတွေက များနေတာဖြစ်တယ်။ ဒါဟာ Hypothyroid ခေါ်တယ်။ TSH နည်းနေတယ် ဆိုတာက Hyperthyroid ဖြစ်တယ်။ တခြားဟော်မုန်းတွေကိုဆက်စစ်ရတယ်။ Total thyroxine (Total T4), Free thyroxine (Free T4), Total triiodothyronine (Total T3), Free triiodothyronine (Free T3) နဲ့ Thyroxine-binding globulin စတာတွေဖြစ်တယ်။ Thyroid imaging tests, biopsies နဲ့ တခြားစမ်းသပ်နည်းတွေလဲ လုပ်ရတယ်။
Hashimoto's Disease (ဟာရှီမိုတို) ရောဂါ
Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါရဲ့ ပင်မအကြောင်းတခုက (ဟာရှီမိုတို) ရောဂါ ဖြစ်တယ်။ Autoimmune disorder (အော်တို-အင်မြူး) ရောဂါတမျိုး ဖြစ်တယ်။ ရောဂါပြီးစနစ် ကမောက်မ ဖြစ်တာပါ။ မိသားစုထဲမှာ တယောက်မကဖြစ်နိုင်တယ်။
Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါရဲ့ အကြောင်းခံတွေထဲမှာ pituitary gland (ပစ်ကျူထရီ-ဂလင်း) ခေါ်တဲ့ ဦးနှောက် အောက်ခြေမှာရှိတဲ့ ဟော်မုန်းများစွာကို ထုတ်ပေးနေတဲ့ နေရာမှာ ရောဂါရတာလဲ ပါတယ်။ သူကနေ Thyroid-stimulating hormone (TSH) ဟော်မုန်းကိုထုတ်ပေးနေလို့ လည်ပင်းကြီးအကျိတ်ကို အလုပ်လုပ်ခိုင်းနေတဲ့သဘောဖြစ်တယ်။ ဒါအထွက်နည်းရင် အလုပ်လုပ်တာနည်းလာမယ်။ Inflammation လည်ပင်းကြီး အကျိတ်ရောင်တာ (ယာယီ) နဲ့ ဆေးဝါးတွေကနေလဲ ဟော်မုန်းနည်းရောဂါ ဖြစ်စေနိုင်သေးတယ်။
Graves' Disease (ဂရေ့ဖ်) ရောဂါ
Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါရဲ့ ပင်မအကြောင်းတခုက (ဂရေ့ဖ်) ရောဂါ ဖြစ်တယ်။ ဒါလဲ Autoimmune disorder (အော်တို-အင်မြူး) ရောဂါတမျိုး ဖြစ်တယ်။ ရောဂါပြီးစနစ် ကမောက်မ ဖြစ်တာပါ။ မျက်လုံးပြူးထွက်နေတာက သိသာတယ်။ လည်ပင်းကြီး ဟော်မုန်းများစေတဲ့ တခြားအကြောင်းတွေကတော့ Thyroid nodules အလုံး-အကျိတ်တွေ ဖြစ်တာတွေပါ။ စမ်းလို့ရရင် Goiter ခေါ်ပြီး သေးတာကို Ultrasound (အာလ်ထွာဆောင်း) လုပ်မှ သိရတယ်။
Thyroid Disorder Complications လည်ပင်းကြီးရောဂါ နောက်ဆက်ဖြစ်မှာတွေ
Hypothyroidism ရောဂါရှိနေပြီး ဆေးမကုရင် Cholesterol (ကိုလက်စထော) များလာမယ်။ Stroke (စထုပ်ခ်) ဦးနှောက်သွေးကြောရောဂါ နဲ့ Heart attack နှလုံး (အတက်ခ်) ရောဂါ ရလာစေနိုင်တယ်။ ကိုယ်အပူချိန် သိပ်ကျနေတာလဲ အန္တရာယ်ရှိတယ်။ အရိုးတွေက ကျိုးလွယ်လာမယ်။
Hypothyroidism နည်းတာကို ဘယ်လိုကုသမလဲ
Thyroid hormones ဆေးသောက်ရမယ်။ ၂-၃ ပါတ်နေရင် သိသိသာသာ ကောင်းလာမယ်။ ရေရှည်အတွက် (ကိုလက်စထော) ချတာ၊ အလေးချိန်ချတာတွေပါလုပ်ရမယ်။ အများအားဖြင့် ဆေးက တသက်တာလုံး သုံးနေရမယ်။
Hyperthyroidism များတာကို ဘယ်လိုကုသမလဲ
Antithyroid ဆေး ပေးရတယ်။ ပျောက်သွားတာ များပါတယ်။ တချို့မှာ ဆေးကြာကြာသောက်နေရတယ်။ နှလုံးခုန်တာ၊ လက်တုံတာအတွက် တခြားဆေးတွေလဲ ပေးရသေးတယ်။ Radioactive iodine အနုမြူဆေးလဲ ပေးပါတယ်။ ၆-၁၈ ပါတ်ကြာတတ်တယ်။ ခွဲစိတ်ပြီးနောက် အကျိတ်လုံးဝ မရှိတော့ရင် Thyroid hormones ဆေး သောက်နေရမယ်။
Surgery for Thyroid Disorders ခွဲစိတ်နည်းတွေ
Hyperthyroidism ဖြစ်နေတာကို Antithyroid drugs ဆေးမတိုးသူတွေကို ခွဲစိတ်ပေးရတယ်။ လည်ပင်း သိပ်ကြီးနေရင်လဲ ခွဲရတယ်။ Thyroid nodules ရောဂါကိုလဲ ခွဲတယ်။ တခုလုံးထုတ်ရရင် Thyroid hormones ဆေးသောက်နေရမယ်။ ဒါမှ Hypothyroidism နည်းတဲ့ရောဂါ မရမှာဖြစ်တယ်။
Thyroid Cancer လည်ပင်းကြီး ကင်ဆာ
ဘာလို့ဖြစ်လဲ မသိပါ။ သေတဲ့အထိဆိုးတာ အတော်ရှားတယ်။ Thyroid nodules ထဲက ၅% လောက်မှာ ကင်ဆာ ဖြစ်နိုင်တယ်။ Surgery ခွဲစိတ်ထုတ်ပြစ်ပြီးနောက်မှာ Radioactive iodine therapy အနုမြူဆေးပေးတယ်။ တချို့ကို External radiation therapy ဓါတ်ကင်ပေးတယ်။
1. Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ http://doctortintswe.blogspot.com/2014/12/carbimazole.html
2. Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/2014/11/hyperthyroidism-and-fertility.html
3. Hyperthyroidism လည်ပင်းကြီးရောဂါ https://doctortintswe.blogspot.com/2015/03/hyperthyroidism.html
4. Hypoparathyroidism လည်ပင်ကြီး ခွဲပြီးသည့်နောက် (၂) http://dts-medicaleducation.blogspot.in/2011/01/hypoparathyroidism.html
5. Hypothyroid in Children (1) လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် (၁) http://dts-medicaleducation.blogspot.in/2013/10/hypothyroid-in-children.html
6. Hypothyroid in Children (2) လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် (၂) http://dts-medicaleducation.blogspot.in/2013/10/hypothyroidism-in-infants-and-children.html
7. Hypothyroidism လည်ပင်းကြီး ခွဲပြီးသည့်နောက် (၁) http://dts-medicaleducation.blogspot.in/2010/09/hypothyroidism.html
8. Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး http://dts-medicaleducation.blogspot.in/2011/01/iodine.html
9. Levothyroxine and Breastfeeding လည်ပင်းကြီးဆေးနဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2015/12/levothyroxine-and-breastfeeding.html
10. Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/2014/12/nuclear-medicine.html
11. Papillary carcinoma of the thyroid လည်ပင်းကြီးအိတ်ကင်ဆာတမျိုး http://doctortintswe.blogspot.com/2016/01/papillary-carcinoma-of-thyroid.html
12. Thyroid Cancer သိုင်းရွိုက်ကင်ဆာ https://doctortintswe.blogspot.com/2015/06/thyroid-cancer.html
13. Thyroid Disorders လည်ပင်းကြီးရောဂါတွေ http://doctortintswe.blogspot.com/2015/01/thyroid-disorders.html
14. Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2012/05/thyroid-function-tests.html
15. Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
16. Thyrosit လည်ပင်းကြီး-ဟော်မုန်းဆေး http://dts-medicaleducation.blogspot.com/2011/11/thyrosit.html
17. Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း http://dts-medicaleducation.blogspot.com/2010/05/q-and-toxic-goitre.html
Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ