Acne vulgaris ဆိုးတဲ့ဝက်ခြံ

ကျမက မြန်မာပြည် ့့့့့ တိုင်း ့့့့့ မြို့တွင်နေထိုင်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီး အိမ်ထောင် မရှိသူတစ်ဦး ဖြစ်ပါသည်။ ယခင် ၁ နှစ်ခန့်က ပါးပြင် အောက်တွင် ဝက်ခြံကဲ့သို့ အသီးများတက်ပြီး မျက်နှာတပြင် လုံးနီးပါးဖြစ်ပါသည်။ မညှစ်လျှင် မထွက်ဘဲ အဆီအခဲသဖွယ် အလုံးများရှိနေပြီး ညှစ်လိုက်မှ အဆံအခဲအမာအလုံးလေးများ ထွက်သည်။ ဆေးခန်းများတွင် ပြကြည့်သော်လည်း မသက်သာပါ။ မည်ကဲ့သို့ ပြုလုပ်ရမည်ကို ဆရာမှပြောပြ ပေးပါရှင့်။ 

(၁) Acne and Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများနဲ့ (၂) Acne ဝက်ခြံ ရောင်စုံ ထဲမှာပါတာကို အရင် လုပ်ကြည့်ပါ။ Doxycycline ကြာကြာသောက်ပါ။ (စာထဲမှာပါတယ်။) အလှအပအသုံးအဆောင် သဘာဝ (သနပ်ခါး) ကလွဲရင် မသင့်ပါ။ မျက်နှာ တနေ့ ၂ ကြိမ်သစ်ပါ။ ရာသီမှန်-မှန် မသိရပါ။ စိတ်ဖိအားနဲ့ ဟော်မုန်း (ရာသီ၊ ကိုယ်ဝန်) တွေကနေ သက်ရောက်စေနိုင်တယ်။ (အိမ်ထောင်မရှိလို့ရေးထားတာ တွေ့ပါတယ်။ ဆောရီး) စိတ်ပျော်ရွှင် ပေါ့ပါးအောင် ကြိုးစားပါ။ ဗီတာမင် စီ ၅ဝဝ နေ့တိုင်းသောက်ပါ။


Acne vulgaris ဆိုးတဲ့ ဝက်ခြံခေါ်တယ်။ အဖြစ်များတယ်။ ခေါင်းဖြူ-ခေါင်းမဲ ဝက်ခြံမှာဖြစ်တာတွေ အကုန်ဖြစ်တယ်။ ဒါ့အပြင် အဆီပြန်မယ်။ အဖုအသီးထမယ်။ အမာရွတ်ထင်မယ်။ အရောင်ရင့်နေမယ်။ မျက်နှာသာမက လည်ပင်း၊ ရင်ပတ်နဲ့ နောက်ကျောမှာလဲဖြစ်နိုင်တယ်။ ပိုးဝင်လို့ တခါတလေ ရောင်-နာလာနိုင်သေးတယ်။ ကြီးတဲ့ဟာဆိုရင် အိပ်လေးလို အကျိတ်ဖြစ်မယ်။ ကြာတော့ စိတ်ပိုင်းကိုပါ ထိခိုက်လာမယ်။


• ဟော်မုန်းအပြောင်းအလဲက အဓိကကျတယ်။ အရွယ်ရောက်လာတာ၊ အရွယ်ရောက်ပြီး မိန်းကလေးတွေဆိုရင် ရာသီနဲ့ဆက်ပြီးဖြစ်တယ်။ အိမ်ထောင်ပြုချိန်မှာ ပြုလို့ရော မပြုလို့ပါဖြစ်နိုင်တယ်။ 

• မျိုးရိုးအရလဲလိုက်နိုင်သလား စဉ်းစာနိုင်တယ်။ 

• စိတ်ပိုင်းဆိုင်ရာကလဲ ပါနိုင်တယ်။ စိတ်ဖိအား များတာ၊ အလုပ်များတာ။ 

• အစားအသောက်ကို သုတေသနလုပ်တော့ တိတိကျကျပြောမရဘူး။


ဘယ်လိုကုသမလဲ 

• Benzoyl peroxide cream လိမ်းဆေးက အများဆုံးသုံးတယ်။ 

• ပိုးသေဆေးတွေထဲက erythromycin, clindamycin, tetracyclines နဲ့ doxycycline တွေသောက်နိုင်တယ်။ 

• Salicylic acid ကိုလဲပေးတယ်။ 

• အမျိုးသမီးတွေမှာ (အိမ်ထောင်မရှိပေမဲ့) ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေးကိုလဲ သောက်သင့်တယ်။ တရက် ၁ ပြား၊ တလ ၂၈ ပြားသောက်ရတဲ့ဆေးဖြစ်တယ်။ ၃-၄-၅ လ သောက်သင့်တယ်။ ဥပမာ desogestrel, norgestimate or drospirenone ဆေးတွေဖြစ်တယ်။ 

• Topical retinoids လိမ်းဆေးသုံးနိုင်သေးတယ်။ ဥပမာ tretinoin, adapalene နဲ့ tazarotene လိမ်းဆေးတွေ။ 

• Oral retinoids စားဆေး Isotretinoin လဲပေးတယ်။ 

• Laser surgery လေဆာနဲ့ အမာရွတ်ကိုကုသနိုင်တယ်။ 

• တခြားနည်းတွေကတော့ Azelaic acid နဲ့ tea tree oil ဆီတွေဖြစ်တယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ