တောဘွဲ့

အော် တကိုယ်ဆွေးဘွယ်၊ မြောင်ခင်တန်းနှင့်၊ တောင်ကမ်းကွယ်၊ လမ်းဘယ်ဝယ်ရှိ၊ နယ်ရှစ်ခွင်လုံး၊ တိမ်မင်တုံး၊ မိုးလုံးအိလို့၊ အို သိတတ်ပြီ၊ မြိုင်ခြေအုပ်က၊ ရွှေဘုတ်ကယ်အီသည်၊ ဌာနီပြည်ကြီးကလဲ ဝေးသနှင့်။ 


ငုံကင်းငယ်ပန်းမန်၊ ရွက်ရင့်လျှောလို့၊ ရွက်ကြောငယ်လှန်သည်၊ တောင်ပြန်လေညင်းကလဲ သွေးသနှင့်။ 


သူရကန်စက်၊ ဖန်ဂယက်လဲ၊ လယ်ချက်ဗဟို၊ ယုဂန်စွန်းက၊ တိမ်ကွန်းငယ်ခိုသည်၊ ချိန်ညို နေမင်းကလဲ ဧသနှင့်။ 


နောင့်ဆွေးငယ် ဗျာဝှန်၊ လွန့်ထက်လွန်ကို၊ တသွန်ကူလှောက်၊ ဘယ်ဖြေဆည်ဖျောက်နိုင်လိမ့်။


တောမျောက်က ကြိုးခွေ၊ စိမ့်ကြီးမြိုင်ချောင်မှာ၊ ရွှေဖိုးခေါင် သံချိုညောင်း၊ ဒေါင်းက အိုးဝေ။


တောင်တံပြက်၊ ကျောက်စက်ကျ ဝမ်းရေ၊ တွေတွေစိမ့်ကြည်ဧ။


အို နောင့်တဲဟာမို့၊ ရွှေသဲမှာ ကြွေကြွေဆူလှတယ်၊ နန်းသူကြောင့်လေး။   ။


ဦးကြင်ဥရေးတဲ့ ပဒေသာသီချင်းများ စာအုပ်ကို ၁၉၆၁ ခု ဇူလိုင်လမှာ ထွန်းထွန်းကုမ္ပဏီအတွက် မေပုံနှိပ်တိုက်မှာ ရိုက်ပါတယ်။ ကျွန်တော်တို့ ရှစ်တန်းမှာ သင်ယူခဲ့ရတယ်။ အတော်များများ အလွတ်ရသေးတယ်။ အကုန်တော့ မရတော့ပါ။


စာသားတွေရော သတ်ပုံတွေပါ လွဲပြီးရေးထားတာတွေ အများကြီးတွေ့နေရတယ်။ 


အော် တကိုယ်ဆွေးဘွယ် ့့

မြိုင်ခြေအုပ်က၊ ရွှေဘုတ်ကယ်အီသည်၊ ဌာနီပြည်ကြီးကလဲ ဝေးသနှင့်။


ဒေါက်တာတင့်ဆွေ

၃၀-၄-၂၀၂၀

၃၀-၄-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Cancer Foods ကင်ဆာအတွက် အစားအစာ

Colorectal cancer အူမကြီး ကင်ဆာ