ခန်း ခမ်း ခဏ်း

အခန်းအနား အခမ်းအနား
အခန်းအနားကို ခမ်းခမ်းနာနား ကျင်ပသည်။
အဟမ်း အဟမ်း၊ ချောင်းနပန်းများနှင့် ခမ်းကြီးနားကြီး နေဦးမည်။
ကြီးကျယ်ခမ်းနား
ဆန်းကြယ်ခမ်းနား၊ ရှုဘွယ်များတွင်၊ ရှေးဖျားတမူ။
စည်းစိမ်ခမ်းနား၊ ခြွေရံများဟု
ခန်း
ကျောင်းခန်း။ အိမ်ခန်း။ ရုံခန်း။ ကွန်ပြုတာခန်း။ ဘုရားခန်း။ ဧည့်ခန်း။ မီးဖိုခန်း။
ကိန်းခန်း၊
ကုန်ခန်းသည်
ခန်းခြောက်
ခန်းဆီး
ခန်းဆောင်
ခန်းတောက်ပင်
ခန်းနေ (ကျောင်ပိုက်မဟုတ်သော ရဟန်း)
ခန်းဖွင့်ကျယ်ကျယ်
ခန်းမ
ခန်းမဆောင်
ခန်းလုံးပြည့်
ခန်းဝင်ပစ္စည်း
ခန်းဝင်ဥစ္စာ
ခန်းဝါ
ခန်းဝါ
ချွဲခန်းသလိပ်၊
စံခန်း၊
စက်ခန်း၊
စခန်းချသည်
စခန်းတထောက်နား
စမ္မခန်း (ဗေဒင်သုံး)၊
စာသင်ခန်း
စေးမခန်းပင်၊
ဆုံးခန်းတိုင်
တခန်းရပ်ပြဇာတ်၊
တနေကုန် တနေခန်း၊
တိုက်ခန်း၊
တိုင်းခန်းလှည့်လည်
ဓာတ်ခွဲခန်း၊
နှာရောင်ခန်း၊
ပင်လယ်ရေဘယ်မခန်း
ပြခန်း၊
ဗေဒင်ကိန်းခန်း
မီးစာကုန် ဆီခန်း၊
ရှုမခန်း
ရုံးခန်း
ရေခန်းသည်
လင်ခန်းမယားခန်း၊
လေ့ကျင့်ခန်း၊
သင်ခန်းစာ၊
သေခန်းရှင်ခန်း၊
အံ့မခန်း
အခန်းနံပတ်
အိပ်ခန်း
အိပ်ရာတိုက်ခန်း
ခမ်း
ခမ်းကြီးနားကြီး
ခမ်းနား
တခမ်းတနား၊
ကြီးကျယ်ခမ်းနား
မင်းခမ်းမင်းနား
မျက်ခမ်းစပ်ရောဂါ
သဘင်အခန်းအနား
အခမ်းအနား
ကျောင်းသင်္ခန်း
ကျောင်းသင်္ခမ်း၊
နှုတ်ခမ်း၊
နှုတ်ခမ်းမွေး
ခဏ်း
ဒါနခဏ်း (ဒါနခန်း)
ခြီးမွမ်းခဏ်း (ခြီးမွမ်းခန်း)
သင်ခဏ်းစာ (သင်ခန်းစာ)
လေ့ကျင့်ခဏ်း (လေ့ကျင့်ခန်း)
ရွှေစွန်ညို
ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်
မယ်ထွေးလိုလို့ ဝဲပါတယ်။
မယ်ထွေးမပါ တို့ချည်းသာ
ပါပါရက်သား နောက်ကထား။
မယ်ထွေးအသား ခါးလှတယ်
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။
ချောင်းငယ်ရေချမ်း နွေမှာခန်း
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။
မြစ်ငယ်ရေချမ်း နွေမှာခန်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်။
ပင်လယ်ရေ ဘယ်မခန်း
မယ်ထွေး အမိဖမ်း။ ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ