၃ နှစ်ကညစာ

ဆေးကျောင်းသားသူငယ်ချင်းတွေနဲ့အတူ ညစာစားရတယ်။ တရုပ်အစားအသောက် မီနူးထဲမှာ နှစ်ပေါင်း လေးငါးဆယ် သက်တမ်းရှိတဲ့ ဟင်းပေါင်းလည်းပါတယ်။ ဟင်းပေါင်းဆိုတာ သိုးတယ်လို့မရှိ။ အမယ်ကလည်း အစုံပါတယ်။


ဒေါက်တာစန်းရောင်ညွန့် (စိတ်ဆေးပညာအထူးကု)၊ ဗိုလ်မှူးကြီးခင်မောင်အေး (ပြည်သူ့ကျန်မာရေး) နဲ့ ဗိုလ်မှူးကြီးကျော်ညွန့် (သားဖွါးမီးယပ်အထူးကု) နဲ့အတူ ရိုးရိုးဆရာဝန်ကျွန်တော်။ အချင်းချင်းတော့ ဆေးမန်းမှာခေါ်သလိုသာ ခေါ်ကြပါတယ်။


ညစာစားပြီး ဆိုင်ကအထွက်မှာ ကလေးမလေးတယောက်က လာနှုတ်ဆက်တယ်။ ဖေ့စ်ဘွတ်ကနေသိတာတဲ့။ ညစာကျွေးတဲ့သူငယ်ချင်းကိုလာကြိုတဲ့ သူ့သားမက်ကလည်း ကျွန်တော့်ကို ဖေ့စ်ဘွတ်ကနေသိကြောင်းပြောတယ်။ တည်းအိမ်အရောက် ပဌမထပ်ကလည်း တအိမ်လုံးက ထွက်ပြီး နှုတ်ဆက်ကြပါတယ်။ ဖေ့စ်ဘွတ်ကနေသိတာပဲတဲ့။ 


ဖေ့စ်ဘွတ်ဖတ်ရသူတွေ ထမင်းစားကောင်းကြပါစေ။


ဒေါက်တာတင့်ဆွေ

၁-၅-၂ဝ၁၈

၁-၅-၂ဝ၂၁


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ