မတ်တတ်လို့ ရေးရတယ်

၁။ မင်္ဂလာပါ ဆရာရှင့် သမီးအသက်က ၃၅ ထဲမှာပါ မနက်မနက် အိပ်ယာအထမှာ စပီး (ပြီး) မတ်တပ် (မတ်တတ်) လမ်းလျှောက်လိုက်တာနဲ့ ခြေနှစ်ဖက်လုံးက မထောက်နိုင်တာပါ


၂။ သမီး အသက် ၂၇ ပါ အရပ် ၅ ပေ၃ လက်မရှိပြီး ပေါင် ၁၀၂ရှိပါတယ် အကြောအရမ်းတက်တတ်ပြီး နေ့ရက်တိုင်း ဘာမှ မလုပ်ချင်သလိုဖြစ်ပြီး ပင်ပန်းနေသလိုခံစားရပါတယ်ဆရာ အစားလည်းပုံမှန်စားပြီး အိပ်တာတော့ တခါတလေ နောက်ကျတတ်ပါတယ်ဆရာ ကွန်ပြူတာလည်းနေ့စဉ်သုံးရပါတယ်ဆရာ တခါတလေတော့ အပြင်တွေပတ်ရလို့ မသုံးရပါဘူးဆရာ သမီးအလုပ်က Marketing အလုပ်ပါဆရာ မျက်မှန်က power 100 နဲ့ 70 ရှိပါတယ် အကျင့်ပါမှာစိုးလို့ လိုအပ်မှပဲ တက်ပါတယ်ရှင် အဲ့လိုမျိူးရောလုပ်လို့ရလားဆရာ စိတ်ပိုင်းဆိုင်ရာနဲ့ရော ဆိုင်ပါသလားရှင်


ရာသီနဲ့ အိမ်ထောင်ရေး မသိ။ မျက်မှန်ဆိုတာ စာကြည့်ကို စာကြည့်ချိန်မှာသာသုံးပြီး အဝေးကြည့်က အမြဲတပ်ထားရတယ်။ တခါတလေ သတ်ပုံတွေ ပြင်လိုက်တယ်။ ဆောရီး။ လိုအပ်မှပဲ တပ်ပါတယ်လို့ ရေးရတယ်။ တက်ဆိုတာ အထက်တက်တာ အတန်းတက်တာ။


၃။ တက် နဲ့ တတ် လည်း အများအားဖြင့် မှားကြတယ် ဆရာ။ ဆရာအချိန် ပေးနိုင်ရင် တင်ပေးစေချင်လို့ပါ။


၄။ ဘလော့ကိုဝင်မကြည့်တက်လို့ပါဆရာ


ဝင်ကြည့်တက်သွားပါပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။


၂ ခါလုံးမှာ တက်လို့ရေးလို့ ကီးမှားတာတော့ မဟုတ်လောက်။ သတ်ပုံမှားတာဖြစ်ပါမယ်။ ကြည့်တတ်၊ မကြည့်တက်လို့ ရေးရတယ်။


၅။ ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၁၅ ပတ်မှာ သွေးဆင်းပါတယ်ဆရာ။ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တယ် အချင်းလည်း ပုံမှန်လို့တော့ ပြောပါတယ်ဆရာ။ သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ စိုးရိမ်ရလား။ ဘာဖြစ်တက်လဲဆိုတာ သိချင်ပါတယ်ဆရာ။ (ဘာဖြစ်တတ်လဲလို့ ရေးရတယ်။)


၆။ ဆရာ တခုလောက်မေးပါရစေ။ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)


၇။ ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)


၈။ ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)


၉။ ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)


၁၀။ The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ TV ကနေကြည့်တာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)


၁၁။ ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဖြစ်သွားတတ်သည် လို့ ရေးရတယ်။)


၁၂။ သမီး မကြည့်တက်လို့ပါဆရာ ညွန်ပြပါနော်။ ကူးစက်ရောဂါဆိုတာ ရောဂါနာမည်လား၊ ကူးစက်စေတက်သောလား။ ဘလော့ကို ဝင်မကြည့်တက်လို့ပါဆရာ။ ဝင်ကြည့်တက်သွားပါပြီ။ (မကြည့်တတ်၊ ကူးစက်စေတတ်သော၊ ဝင်ကြည့်တတ်လို့ ရေးရတယ်။)


၁၃။ ဆရာသေခြာစွာဖတ်ပါတယ် မသုံးတက်လို့ပါခင်ဗျာ (မသုံးတတ်။ ပို့စ်တင်ထားတယ်။ သေချာလို့ ရေးရတယ်။)


တတ်

တတ်ကျွမ်းအောင် လေ့လာသင်ယူပါ

တတ်စွမ်းသလောက်တော့ လုပ်ပါ

တတ်တိုင်း မကြွားသင့်

တတ်တိုင်းပညာပြနေသည်

တတ်ပွန်

တတ်သိလိမ္မ ာ

တတ်ယောင်ကားမလုပ်ပါနှင့်

တတ်မြောက်ပြီ

တတ်နိုင်သလောက်လှူပါ

တတ်နိုင်သော

ပညာတတ်

ပုတတ်ကောင်

ဖွတ်ပတတ်

ကြည့်တတ် မကြည့်တတ်

မတတ်နိုင်

မတ်တတ်ရပ်

မပြီးတတ်သေး

ဖြစ်ကတတ်ဆန်း

ဖြစ်တတ် ပျက်တတ်

လုပ်တတ် ကိုက်တတ်

လုပ်တတ် မလုပ်တတ်

သမားဟူးရားအတတ်

အတတ်ပညာ ရှာမှီးပါ

အတတ်ပညာ ရှာမှီးပါ။

အနောတတ်ရေအိုင်

အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်

ကောင်းအောင် လုပ်တတ်သလား

ဆေးပညာအတတ်

ပြောတတ်ဆိုတတ်

သေလုမတတ်


တက်

တက္ကတွန်း

တက္ကသိုလ်

တက်ကစီနဲ့သွားမယ်

တက်ကျမ်း လေ့လာသူ

တက်ခပ်သည်

တက်ညီလက်ညီ

တက်တက်စင်လွဲနေတယ်

တက်တူးထိုးသည်

တက်မ

တက်သည် ဆင်းသည်

တက်သုတ်ရိုက်မလုပ်ပါနှင့်

တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား

တက်ခေါက်သည်

တနှစ်တတန်း တက်တဲ့ကျောင်းသား

မတုန်တက်သေး

လူ့သက်တမ်း

အစိုးရသစ် တက်လာပြီ

အတက် (ဝက်ရူးပြန်) ရောဂါ

ကျော်တက်သည်

ဒေါသဖြင့် တက်ခေါက်သည်

နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်

လှေတက် တစုံယူခဲ့ပါ


တပ်

ကင်ပွန်းတပ်

ကျုံကတပ်ရွာ

စစ်တပ်

တပ်စိတ်မှူး

တပ်ဆင်သည်

တပ်တပ်မြင်မြော်

တပ်တပ်အပ်အပ်

တပ်ဖွဲ့

တပ်ကြပ်

တပ်ဗိုလ်

တပ်မက်သည်

တပ်မှူး

တပ်မတော်

တပ်ငြိ = ကြိုက်နှစ်သက်ခြင်း

တပ်ဖြုတ်

တပ်မြုပ်

တပ်ရုပ်

တပ်လန်

တပ်လှန့်

တပ်သား

တပ်အပ်သေချာ

တပ်တောင်တာ

တပ်ဖျောက်

ဒဏ်တပ်

ဓါးရိုးတပ်

ပစ္စည်းတပ်

ဘွဲ့အမည်တပ်

မင်းတပ်မြို့

သစ်တပ်

ဟိရိသြတ္တပ်

အတပ်သိ

အတပ်ပြော


စစ်တပ်က အာဏာတက်သိမ်းတာ အနည်းဆုံး နှစ်ခါရှိပြီ။ အဲတာကြောင့် စာအမှန်တတ်သူတွေ နည်းသွားတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ