ပြည့်မျက်နှာ

၁၉၆၄-၆၅ ဆယ်တန်း စကားပြေလက်ရွေးစင်ထဲမှာ ရွေတိဂုံစေတီတော်ကို ပြည့်မျက်နှာလို့ သင်ခဲ့ရတယ်။


အစိုးရခန့်ဆရာဝန်လုပ်နေစဉ်မှာ မိသားစုနဲ့အတူ ဘုရားဖူရောက်ကြတယ်။ အလုပ်နဲ့ရန်ကုန်လာရတိုင်း ဘုရားရောက်ပါတယ်။ 


၁၉၉၀ ရွေးကောက်ပွဲပြီးတော့ လျှို့ဝှက်တွေ့တာတခုကို ရွှေတိဂုံရင်ပြင်တနေရာမှာ ချိန်းခဲ့တယ်။


တိုင်းပြည်ကထွက်သွားရပြီးတော့ ၂၀၁၈ နှစ်က ဘုရားကို တခါထပ်ဖူးကြရပါတယ်။


ရွှေတိဂုံစေတီတော်ကြီးကား ပြည့်မျက်နှာနှင့်လည်းတူပါပေ၏။ ပြည့်နှလုံးသားတည်ရာလည်း ဖြစ်ပါပေ၏။ သမိုင်းကျောက်စာနှင့်လည်း တူပါပေ၏။ သစ္စာတိုင်တည်ရာလည်း ဖြစ်ပါပေ၏။ 


ဒေါက်တာတင့်ဆွေ

၃၀-၄-၂၀၁၈

၃၀-၄-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း