သပ် နဲ့ သတ်

၁။ သပ်ပုံမှားရင်လည်း ခွင့်လွှတ်စေချင်ပါတယ် ကြိုးစားပါ့မယ်ရှင့်


၂။ ဆရာ သပ် ဆိုတဲ့ အသုံးအနုန်း ဘယ်လိုသုံးရတယ်ဆိုတာလေးရေးပေးပါ ဆရာ။


၃။ ကျနော့်အသက် ၄၆ နှစ်ရှိပါပြီ။ ကျနော် ညာဘက်လက်နှင့် စာရေးပါတယ်။ အရင်ကစာရေးရင် အတန်အသင့်လှပြီး သက်သက်ရက်ရက် ရှိပါတယ်။ ၃/၄ နှစ်လောက်ရှိပါပြီ စာရေးရင် ထိမ်းမရဘဲ အောက်ဘက်ကို ဆွဲဆွဲသွာပါတယ်။ အရင်ကရေးသလို သက်သက်ရပ်ရပ်လည်းမရှိ/လှလည်းမလှတော့ပါ။ ့့့့့


သပ်သပ်ရပ်ရပ်လို့ရေးရတယ်။ ထိန်းမရလို့ ရေးရတယ်။


သပ်

စုပ်သပ်သည်

ဆီလိမ်းဖီးသပ်

ပွတ်သပ်ပေးပါ

လက်သပ်မွေး

လာဘ်သပ်ပကာရ

သုံးသပ်ဆင်ခြင်

သပ္ပါယ်

သပ်ထိုး သပ်နုတ်

သပ်ရပ်အောင်ဝတ်စားပါ

သပ်လျှိုသူ

ကျောသပ်ရင်သပ်

ခေါင်းကိုသပ်

ရွှေရင်စမ်းသပ်

နှီးသပ်သည်


သတ်

ကတ်ကတ်သတ်သတ်

ကန့်သတ်ထားသည်

စသတ်

ဆီသတ်ပါ

ဓမ္မသတ်

နပန်းသတ်

နယ်ပယ်သတ်မှတ်

ပရိသတ်

ပသတ်

မြင်းဇက်သတ်

ရက်သတ်မှတ်လိုက်ပြီ

လက်စသတ်

သတ္တဌာန

သတ္တမနေရာရသည်

သတ္တရဘန်

သတ္တဝါ

သတ္တိရှိပါ

သတ္တုဓာတ်

သတ္တဗေဒ

သတ္ထန္တရကပ်

သတ်ညွှန်း

သတ်နင်း = သစ်နင်း = သနင်း

သတ်နင်း = သတ္ထုမဒ္ဒန = ရန်ကိုနှိမ်နင်းနိုင်သောမင်း

သတ်ပုံ

သတ်ပုံကျမ်း

သတ်ပုံသတ်ညွှန်းကျမ်း

သတ်ပုတ်နေကြသည်

သတ်မှတ်

သတ်မှတ်ထားသည့်နေရာ

သတ်ဖြတ်

သတ်သတ်ဖယ်ထားပါ

သူများကို သတ္တုမချပါနှင့်

အဇာတသတ်

အရှိန်သတ်

အသေသတ်

သေအောင် သတ်သည်


ထိန်း

ထိန်းထိန်းမြည်သည်

ထိန်းကြပ်သည်

ထိန်းသိမ်း

ထိန်းအုပ်

မိဘအထိန်းအကွပ်

မိမိကိုယ်မိမိ ထိန်းကျောင်းပါ

ရောဂါထိန်းချုပ်ရေး


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ