ပျော်နေသလား

တမြန့်ပြင်တနှစ်က ဒီရက်တွေမှာ ရန်ကုန်ရောက်နေကြတယ်။ ပျော်နေသလား၊ ပျော်နေပြီပေါ့လို့ ရေးကြတာတွေ ဖတ်ရတယ်။ ကျေးဇူး။


လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကာလမှာ စိတ်ပျက်နေပါသလား၊ ဝမ်းနည်းပူဆွေးနေသလား မေးခွန်းမျိုးကို မဖြေခဲ့ရပါ။ မေးသူလည်းမရှိ။ အဖြေလည်း မရှိခဲ့ပါ။


မမေးရဲကြလို့သာ ဖြစ်ပါတယ်။ ပြည်ပကို နိုင်ငံရေးကြောင့် ရောက်နေကြသူတွေကို နေကောင်းလို့တောင် မမေးရဲခဲ့ကြပါ။ နဝတ/နအဖ စစ်အစိုးရဟာ အဲလောက်ထိဆိုးတယ်။ ဒီမိုကရေစီရေးလုပ်သူတွေအတွက်တော့ နဝတ/နအဖ စစ်အစိုးရဟာ ဗခက နေဝင်းထက် ဆိုးသွမ်းယုတ်မာကြတယ်။


၂၀၂၁ မှာက အဆိုးဆုံး။ ရွှေတိဂုံဘုရားဖူးခဲ့လို့လာမသိ အဲဒီဘေးနဲ့ ဝေးရာမှာနေရတယ်။


ဒေါက်တာတင့်ဆွေ

၁-၅-၂၀၁၈

၁-၅-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ