Cancer 12 Facts သိသင့်သော ကင်ဆာ အချက် ၁၂ ချက်

ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ကမ္ဘာ့ကင်ဆာနေ့။ ရေးထားတာ ၇ နှစ်ခွဲရှိပြီ။ ကိန်းဂဏန်းအသစ်တွေရှိပါမယ်။ အခြေခံအချက်တွေက မပြောင်းပါ။


၁။ ကင်ဆာကြောင့် တကမ္ဘာလုံးမှာ နေ့တိုင်း လူပေါင်း ၂ သောင်း သေဆုံးနေရတယ်။


၂။ တကမ္ဘာလုံးမှာ သေဆုံးသူ ၁၈ ယောက်မှာ ၁ ယောက်က ကင်ဆာကြောင့်သေရတယ်။


၃။ ကင်ဆာကြောင့်သေရတာဟာ AIDS ကြောင့်၊ တီဘီကြောင့်နဲ့ ငှက်ဖျားကြောင့်သေရတာတွေ စုစုပေါင်းထက် ပိုများတယ်။


၄။ ၂ဝဝရ အကုန်မှာ ကင်ဆာနဲ့ဆုံးပါးရသူပေါင်း ရ့၆ သန်းရှိတယ်။


၅။ ယောက်ျားတွေမှာ အဆုပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေက အများဆုံးဖြစ်ကြတယ်။


၆။ မိန်းမတွေမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း (သားအိမ်ဝ) ကင်ဆာ၊ အူမကြီးကင်ဆာတွေက အများဆုံးဖြစ်ကြတယ်။


၇။ ရင်သားကင်ဆာဟာ အမျိုးနီးစပ်သူထဲမှာရှိရင် ဖြစ်နိုင်ချေ ၂ ဆ ရှိတယ်။


၈။ Pap smear စစ်နည်းက သားအိမ်ဝကင်ဆာ စောစောသိဘို့ရာ အကောင်းဆုံးဖြစ်တယ်။


၉။ အမေရိကန် ယောက်ျားတယောက်ဟာ တသက်လုံး ကင်ဆာဖြစ်နိုင်ချေ ၄၅% ရှိတယ်။


၁၀။ ဆေးလိပ်သောက်သူတွေက အဆုပ်ကင်ဆာဖြစ်နိုင်ချေ ၂၃ ဆပိုများတယ်။


၁၁။ မချမ်းသာသေးတဲ့ တိုင်းပြည်တွေမှာ ကင်ဆာထက် ဝမ်းလျောဝမ်းပျက်ကြောင့် သေဆုံးရတာက ပိုများတယ်။


၁၂။ တကမ္ဘာလုံးမှာ နှလုံးရောဂါဟာ လူတွေကို သေစေတဲ့တရားခံ နံပါတ် ၁ ဖြစ်တယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ