Curse ကျိန်စာ (၂)

(ကန်တော့)


Curse of skinny hit woman ပိန်ပိန်ပါးပါး လူသတ်သမားအမျိုးသမီးဆိုတဲ့ ခေါင်းစဉ်နဲ့သတင်း အခုလေးတင် ဖတ်ရတယ်။ မက်စီကို မူးယစ်ဆေးဂိုဏ်းက အဲလိုအမျိုးသမီးက ၂ ယောက်ရှိပြီ။ နှစ်ယောက်လုံး ကံမကောင်းကြလို့ ကျိန်စာသင့်သူများလို့ သတင်းခေါင်းစဉ်တပ်ထားတာဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း အစိုးရကို နှစ်သစ်ဦး ကျိန်စာရေးသားသူသတင်းကို ကြားလိုက်ရပါသေးတယ်။


• မြန်မာပြည်ကကျိန်စာတွေကိုတော့ မရေးလိုပါ။ နိုင်ငံတကာသုတတချို့တလေသာ ရေးပါမယ်။

• ကျိန်စာကို အင်္ဂလိပ်လိုမှာ jinx နဲ့ hex လို့လည်းခေါ်တယ်။ တဖက်သားကို ကံဆိုးစေအောင်ဆိုတဲ့စာ၊ မှတ်တမ်း ဖြစ်တယ်။

• ရှေးဂရိခေတ် ဘီစီ ၄ ရာစုကတည်းကမှတ်တမ်းရှိတယ်။ လူကိုဖြစ်ဖြစ်၊ နေရာဌာနကိုဖြစ်ဖြစ်ရည်ရွယ်တယ်။ ကျိန်စာဆိုခဲ့သူဟာ ပါဝါရှိသူ၊ ရာထူးကြီးသူ၊ စုန်းကဝေပညာတတ်သူ၊ ဘာသာရေးဆရာ၊ ဝိဉာဉ်ပညာတတ်သိသူ စသဖြင့်ကနေ လုပ်လေ့ရှိတယ်။

• မကျေနပ်မှုကို ခံလိုက်ရသူကနေ မသေမီ လက်စားချေလိုတာမို့ ကျိန်သွားတာလည်းဖြစ်နိုင်တယ်။

• ဘာသာရေးနဲ့ ယဉ်ကျေးမှုတွေအရ ကျိန်စာတွေမတူကြပါ။

• အာဖရိကလူမည်းတွေက လူသွားလမ်းမှာ ကျိန်စာဆိုထားကိုချထားတတ်တယ်။

• အရှေ့အလယ်ပိုင်းဒေသမှာ မျက်လုံးအကြည့်နဲ့ ကျိန်တယ်။

• ဂျာမန်တွေက နွားတွေကိုနို့မထွက်အောင် ကျိန်တတ်တယ်။

• Tecumseh's curse (တက်ကမ်မက်ရှ်) ကျိန်စာဆိုတာ အမေရိကန်သမတတွေကို သေစေနိုင်တယ်လို့ အယူရှိတယ်။ ၁၈၄ဝ ကစပြီး ခုနှစ်ကို ၂ဝ နဲ့စားလို့ရတဲ့နှစ်ကို ပြောတာဖြစ်တယ်။ ဒါပေမယ့် ၁၉၈ဝ မှာ အရွေးခံခဲ့ရတဲ့ (ရော်နယ်ရီဂင်) ဟာ လုပ်ကြံမှုကနေ လွတ်ခဲ့တယ်။ ၂ဝဝဝ ခုနှစ်ကအရွေးခံရတဲ့ (ဂျော့ ဒဘယ်လယူ ဘွတ်ရှ်) ဟာ (၈) နှစ်ကြာ သမတဖြစ်ခဲ့တယ်။

• အားကစားမှာလည်း ကျိန်စာရှိတယ်။ ၁၉၇၇ ကတည်းက ကမ္ဘာ့ (စနူကာ) ချန်ပီယံ ပထမဆုံးဖြစ်ဖူးသူတိုင်းဟာ နောက်တကြိမ်မှာ သရဖူကို ကာကွယ်နိုင်ကြတယ်။ သူ့ကို သွားယှဉ်ပြိုင်သူတွေကမနိုင်ကြဘူး။ အဲတာကို Crucible Curse လို့ခေါ်တယ်။

• Hope Diamond စိန်ကိုပိုင်သူတိုင်း ကံဆိုးကြတယ်။ ဝါရှင်တန် ဒီစီ စမစ်ဆိုးနီးယန်း ပြတိုက်မှာရှိတယ်။ အမျိုးအစား ၂ ဘီ အပြာရောင်စိန်ကြီး ဖြစ်တယ်။

• Curse of the Pharaohs (ဖါရိုးဘုရင်များကျိန်စာ) Pharaoh Tutankhamun ဖါရိုဘုရင် တူတန်ခါမန်ဂူကို တူးဖေါ်တော့ တွေ့ရှိရတယ်။

• Biblical curses (ဘိုင်ဘယ်လ်ကျိန်စာ) ဆိုတာ ကက်သလစ်ကျမ်းမှာပါတယ်။

• Book curse စာအုပ်ကျိန်စာဆိုတာ အလယ်ခေတ်မှာပေါ်ခဲ့တာဖြစ်တယ်။ စာတွေကို သူများခိုးမှာစိုးလို့ လုပ်တာ ဖြစ်တယ်။

• Curse of 39 (၃၉ ကျိန်စာ) ဆိုတာ အာဖကန်နစ္စတန်မှာရှိတယ်။ ကြေးစားမိန်းမကိုခေါ်တယ်။

• ခရစ်ယန်အလိုအရ မိန်းမကိုကိုယ်စားပြုသူက (အီဗာ) ဖြစ်လို့ အမျိုးသမီးတွေ လစဉ်ရာသီလာတာကို Curse of Eve (အီဗာရဲ့ကျိန်စာ) လို့ ပြောကြတယ်။

• Resource curse သဘာဝရင်းမြစ်တွေပေါကြွယ်တဲ့နိုင်ငံတွေဟာ ကျိန်စာသင့်တိုင်းပြည်တွေလို့သတ်မှတ်ခံရတယ်။ အဲဒီနိုင်ငံတွေမှာ ရေနံပေါကြွယ်ကြပေမယ့် အုပ်ချုပ်တဲ့အစိုးရတွေဟာ ဘုရင်တွေ၊ အာဏာရှင်တွေ၊ အတုအယောင် ဒီမိုကရေစီတွေ ဖြစ်နေကြတယ်။ ပြည်တွင်းပဋိပက္ခတွေ ထူပြောတယ်။ မြန်မာပြည်ဟာ ဥပမာတခုဖြစ်တယ်။ စစ်တပ်လွှမ်းမိုးမှုရှိနေသရွေ့ မြန်မာပြည်ဟာ ကျိန်စာသင့်တဲ့တိုင်းပြည်သာဖြစ်နေပါမယ်။


ဒေါက်တာတင့်ဆွေ

၃၀-၄-၂၀၁၅

၃၀-၄-၂၀၂၁

Photo = La Flaca, The Skinny One

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း