Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ

၁။ ကျနော် ဆီးချိုနဲ့ခြေထောက်သွေး‌ေကြာကျဉ်းတာကြောင့် ခြေညှိုးမှာဖိနပ်ပေါက်တာကနေ အနာဖြစ်လို့ ခြေထောက်ထိပ်တွေညိုမဲလာအနာဖြစ်လို့ ခြေညှိုး ခြေခလည် ခြေသကြွယ်ထိပ်ပိုင်းတွေ ဖြတ်လိုက်ရတယ်ဆရာ အနာမကျက်သေးလို့ဆေးထည့်နေရတုံးပါ ခြေထောက်သွေးကြောကျဉ်းပါရှိတော့ ဘယ်ဖက်ခြေချင်းဝတ်ပိုင်းက‌ ခြေထောက်အောက်ချထားယင် တဆစ်ဆစ်အမြဲနာနေတာပါ ဆရာ ပြန်ဖြေပေးလို့ အထူးကျေးဇူးပါဆရာရေ
၂။ ဆရာ အမေကအသက် 80 Diabetes ခြေထောက်ခြစ်ထားပါတယ်။ ဘာဆက်လုပ်ရမယ်မသိဖြစ်နေပါတယ်။ ကျေးဇူးပြု၍အကြံပြုပေးပါရှင်။ အကြံပေးပါရှင်။
ဆီးချိုမထိန်းနိုင်ရာကနေ သွေးမလျှောက်တဲ့အနာဖြစ်နေ။ မည်းနေတာကို ဖယ်ထုတ်မှသာရမယ်။ ဆီးချိုထိန်းနည်း (ဆေးနဲ့ အစားအသောက်) + အနာကုသနည်း လိုပါမယ်။ ဖြတ်ဖို့လည်း လိုနိုင်တယ်။ ဆောရီး။
သောက်ဆေးပါ။ အနားသောက်ဆေးနဲ့ထည့်တဲ့ဆေးပါရှင်။ နေ့တိုင်း dressing လုပ်ရမလားရှင်။ ဆေးသောက်နေရင်း 300 ကျော်ဖြစ်လာတယ်။
ဆီးချိုကနေ နောက်ဆက်တွဲဖြစ်နိုင်တာတွေက အများအားဖြင့် သိပ်မဆိုးကြပါ။ ဒါပေမဲ့ မျက်စိ။ ကျောက်ကပ်နဲ့ အသည်း ထိခိုက်မှုတွေကတော့ ဆိုးတယ်။ ခြေထောက်မှာဖြစ်တာလည်း ဆိုးတယ်။ ခြောက်တယ်လို့တော့ မထင်စေချင်ပါ။ ကိုယ့်အခန်းထဲ ဆင်တကောင်ရောက်လာသလို သဘောထားပါ။ အဲတော့ ဘာဖြစ်လာနိုင်တယ်နဲ့ ဘာလုပ်သင့်တယ် ကိုတော့ စဉ်းစားပါ၊ လိုက်နာပါ။ (အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။)
၁။ နှလုံး-သွေးကြောရောဂါ
ဆီးချို ရှိရှိ မရှိရှိ သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ ထိပ်ကပါတယ်။ ဆီးချိုရှိရင် ပိုသတိထားပါ။
၂။ ဆီးချိုမျက်စိ
မျက်စိကွယ်နိုင်တယ်။ ဆောရီး။ Diabetic retinopathy ဆီးချိုမြင်လွှာခေါ် ကင်မရာဖလင်ရှိတဲ့နေရာမှာဖြစ်တာ၊ အတွင်းတိမ်၊ ရေတိမ်။
၃။ ကျောက်ကပ်
ကျောက်ကပ်မှာရှိတဲ့ Glomerulus နေရာကိုပျက်စီးစေနိုင်တယ်။ သွေးထဲကများနေတဲ့သကြားဓါတ်နဲ့ ကျောက်ကပ်ထဲက ပရိုတင်းတွေပေါင်းစပ်ကြတယ်။ အဲတာကြောင့် ပျက်စီးရတယ်။ Renin ဆိုတာများနေမယ်။ သွေးတိုးပါဆက်ဖြစ်နိုင်တယ်။ သွေးဖိအားနဲ့ ကိုလက်စထောထိန်းဘို့ အလွန်အရေးကြီးပါတယ်။
၄။ ယောက်ျားပန်းသေပန်းညှိုးဆက်ဖြစ်လာနိုင်တယ်။ ဆောရီး။ လိုတဲ့နေရာဆီ သွေးရတာနည်းလို့ ဖြစ်ရတယ်။ Neuropathy ခေါ် အာရုံကြောလေးတွေမကောင်းဖြစ်လာလို့လည်း အဲတာကို ပိုဆိုးစေတယ်။
၅။ သွားဖုံးရောင်တာပိုဖြစ်တယ်။ သွားတိုက်တာ အရေးကြီးတယ်။ ဆေးလိပ်သောက်သူ ပိုဆိုးတယ်။ သွေးထဲကသကြားဓါတ်က ဗက်တီးရီးယားတွေကို ဖိတ်ခေါ်နေတယ်။
၆။ Diabetic neuropathy ဆီးချိုအာရုံကြောရောဂါ
အဖျားအနားနေရာတွေမှာဖြစ်တယ်။ ခြေ-လက်တွေ။ ထုံကျင်မယ်။ အပူ-အအေးခံစားတာ၊ ထိတာ အသိနည်းမယ်။ လမ်းလျှောက်ရတာ ခက်လာမယ်။ နာလာမယ်။ ခြေအိတ်-လက်အိပ်စွပ်ရာနေရာတွေကို ထိခိုက်လို့ Stocking glove sensory loss လို့ခေါ်တယ်။ တကယ်လို့ ဖြစ်တဲ့အာရုံကြောက အင်္ဂါအစိတ်အပိုင်းစနစ်မှာဆိုရင် သက်ဆိုင်တဲ့နေရာမှာ မကောင်းတာတွေလာဖြစ်မယ်။ အစာခြေလမ်း၊ အသက်ရှူလမ်း၊ မျိုးပွါးလမ်း။ Autonomic diabetic neuropathy လို့ ခေါ်တယ်။ နေရာတခုမှာ ကွက်ဖြစ်တာကို Focal neuropathy ခေါ်တယ်။
၇။ ခြေထောက်မှာ အနာဖြစ်နိုင်တယ်။ အာရုံကြောမကောင်းဖြစ်နေတာနဲ့ သွေးလျှောက်တာမကောင်းလို့။ အနာက မကျက်နိုင်။ ခြေချောင်းမည်းနက်တဲ့အနာဖြစ်ရင် ဖြတ်ပစ်ရမယ်။
၈။ အရေပြားတွေမှာ ရောဂါပိုးဝင်လွယ်မယ်။ တချို့မှာ နာပါထိခိုက်တယ်။ တချို့မှာ အဇာမိုင်ယားရာဂါရလွယ်တယ်။
အလွန်ကြီး အစိုးရိမ်မကြီးပါနဲ့
A1c test စစ်နေပါ။ အဲဒီအဖြေဟာ လူကြီးမင်းရဲ့ လွန်ခဲ့တဲ့ (၃) လအတွင်းက သကြားဓါတ်အခြေအနေကိုပြပါမယ်။A1c နဲ့ သွေးတိုးမြင့်နေရင်တော့ ကျောက်ကပ်။ နောက်ဆက်တွဲဖြစ်မှာကို သတိထားရပါတော့မယ်။ A1c 7.0 နဲ့ အောက် ကောင်းတယ်။သွေးတိုး 130/80 ထက်မများတာကောင်းတယ်။ ဒါတွေ ပုံမှန်လုပ်နေပါ။
— average amount of blood glucose သွေးထဲရှိသကြားဓါတ်စုစုပေါင်း = ၃ လတကြိမ်။
— armband test သွေးစီးလျောက်မှုတိုင်းခြင်း = ၆ လတကြိမ်။
— cholesterol and triglycerides အတီဓါတ်စစ်ခြင်း = တနှစ်တကြိမ်။
— urine test ကျောက်ကပ်အတွက် ဆီးစစ်ခြင်း = တနှစ်တကြိမ်။
— dilating your pupils သူငယ်အိမ်ကျယ်ခြင်း မျက်စိစစ်နည်း = မျက်စိဆရာဝန်ကပြောပါမယ်။
နောက်ဆက်တွဲတွေဟာ ရှောင်လွှဲဘို့ ခက်တယ်။ ဆောရီး။ သကြားဓါတ် + သွေးတိုး + ကိုယ်အလေးချိန် စစ်နေပါ။ ဘာစားသလဲ သိပါ။ ဆေးပုံမှန်သောက်-ထိုးပါ။
ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်စေသောဝ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ