May Day မေဒေး

၂၀၁၈ ခုနှစ် မြန်မာပြည်ကို အလည်ပြန်စဉ်က ရန်ကုန်မြို့မှာ မေဒေး ခေါ် အလုပ်သမားနေ့ပွဲကို တက်ခဲ့ပါတယ်။ လှိုင်သာယာမှာ ကျင်းပတယ်။ နေပူပူ ဖုံထူထူနဲ့ သဘာဝကျတယ်။ 


နယူးဒေလီမြို့မှာနေစဉ်က နှစ်စဉ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။ 


အမေရိကမှာ မေဒေးမရှိပါ။ Labor Day လေဘာဒေးလို့ရှိတယ်။  မြန်မာလိုပြန်ရင်လည်း အလုပ်သမားနေ့ပဲ။ မေဒေးနဲ့ အနှစ်သာရချင်းလည်း မတူပါ။ သူတို့ရဲ့ လေဘာဒေးဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွါးရေး စွမ်းဆောင်နိုင်စွမ်းကို ဂုဏ်တင်တဲ့နေ့ရက်ဖြစ်တယ်။ နှစ်စဉ် စက်တင်္ဘာ ပထမတနင်္လာနေ့မှာကျရောက်တယ်။ တရားဝင် အလုပ်နားရက်လည်းဖြစ်တယ်။


မြန်မာပြည်မှာ လူမှုရေးတွေဖွံ့ဖြိုးစည်ပင်၊ တိုင်းပြည်စီးပွါးရေးလည်းကြွယ်ဝချမ်းလာတဲ့တနေ့မှာ လေဘာဒေးလို့ လုပ်နိုင်ကြရင်ကောင်းမှာပဲ။ အခုတော့ နေ့တိုင်းက လောဘဒေးဖြစ်နေသေးတယ်။ ဆောရီး။ မြန်မာပြည်က အလုပ်သမားတွေဘဝ တိုးတက်ပါစေ။


ကျွန်တော်ရောက်ခဲ့တဲ့ လှိုင်သာယာသတင်းတွေကြားရတိုင်း သတိရတယ်။


ဒေါက်တာတင့်ဆွေ

၁-၅-၂၀၁၈

၁-၅-၂၀၂၁


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ