May မေလ

၂၀၂၂ ခုနှစ် မေလဟာ မြန်မာလို ၁၃၈၄ ခုနှစ် ကဆုန်လဆန်း (၁) ရက်နေ့ကနေ နယုန်လဆန်း (၂) ရက်နေ့အထိ ကျရောက်တယ်။ မေလလို့ နာမည်ရလာတာက ဂရိနတ်သမီး Maia (မိုင်ယာ) ဆိုတဲ့ မျိုးပွါးခြင်းနတ်သမီး ဖြစ်တယ်။ တိုက်ဆိုင်တာက မြန်မာ (၁၂) ရာသီခွင်ဟာ မေလနောက်ပိုင်းမှာ မေထုန်ရာသီဖြစ်နေတယ်။

မေလထဲကထူးခြားတဲ့နေ့များ
မေလ (၁) ရက်နေ့မှာ နိုင်ငံအမျိုးမျိုးမှာ ယဉ်ကျေးမှုပွဲတော်တွေအမျိုးမျိုး ကျင်းပကြတယ်။
မေလ (၁) = May Day (Labor Day; International Workers' Day) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
မေလ (၃) = ပိုလန်နဲ့ ဂျပန် ဖွဲ့စည်းပုံနေ့။
မေလ (၃) = World Press Freedom Day ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့။
မေလ (၄) = ဒိန်းမတ် (နာဇီဂျာမဏီလက်အောက်က) လွတ်မြောက်ခြင်းနေ့။
မေလ (၅) = နယ်သာလင် (နာဇီဂျာမဏီလက်အောက်က) လွတ်မြောက်ခြင်းနေ့။
မေလ (၅) = ဂျပန်နဲ့ ကိုရီးယား ကလေးများနေ့။
မေလ (၅) = National Teacher Day အမျိုးသားဆရာနေ့
မေလ (၉) = Europe Day (အီးယူ) ဥရောပနေ့။
မေလ (၁၀) = မက်ဆီကို၊ ဂွာတီမာလာ၊ အယ်လ်ဆာဗာဒို အမေလနေ့။
မေလ (၁၀) = (ဒုတိယတနင်္ဂနွေ) အမေရိကန် အမေများနေ့။
မေလ (၁၃) = IEEE Global Engineering Day ကမ္ဘာ့အင်ဂျင်နီယာနေ့။
မေလ (၁၅) = International Day of Families မိသားစုများနေ့။
မေလ (၁၇) = နော်ဝေနိုင်ငံ ဖွဲ့စည်းပုံနေ့။
မေလ (၁၈) = International Day of Capitalism နိုင်ငံတကာ အရင်းရှင်စနစ်နေ့။
မေလ (၁၈) = International Museum Day နိုင်ငံတကာပြတိုက်နေ့။
မေလ (၁၈) = Victoria Day ဗစ်တိုရီးယာနေ့။
မေလ (၂၁) = World Day for Cultural Diversity ကမ္ဘာ့ယဉ်ကျေးမှုကွဲပြားမှုနေ့။
မေလ (၂၂) = International Day for Biological Diversity နိုင်ငံတကာ ဇီဝမျိုးကွဲပြားမှုနေ့။
မေလ (၂၃) = World Turtle Day ကမ္ဘာ့လိပ်နေ့။
မေလ (၂၅) = Towel Day တဘက် (ပုဝါ) နေ့။
မေလ (၂၅) = လက်ဘနွန်လွတ်မြောက်ခြင်းနေ့။ အာဂျင်တီးနားတော်လှန်ရေးနေ့။ ဂိုင်ယာနာလွတ်လပ်ရေးနေ့။

မေလ (၂၅) = Memorial Day အောက်မေ့ဘွယ်နေ့။
မေလ (၂၈) = နီပေါသမတနိုင်ငံနေ့။

မေလ ကျန်းမာရေးနဲ့ဆိုင်တဲ့နေ့များ
မေလ (၅) = International Midwives Day နိုင်ငံတကာ ဝမ်းဆွဲဆရာမများနေ့။
မေလ (၈) = World Red Cross and Red Crescent Day နိုင်ငံကတာ ကြက်ခြေနီနေ့
မေလ (၁၀) = World Lupus Day ကမ္ဘာ့ (လူးပတ်စ်) ရောဂါနေ့။
မေလ (၁၂) = International Nurses Day နိုင်ငံတကာသူနာပြုများနေ့။
မေလ (၁၂) = International Awareness Day for Chronic Immunological and Neurological Diseases နိုင်ငံတကာ နာတာရှည် ခုခံအားနှင့်အာရုံကြောရောဂါများ အသိပေးလှုံ့ဆော်ရေးနေ့။
မေလ (၂၄) = World Schizophrenia Day ကမ္ဘာ့ (စကစ်ဆိုဖရီးနီးယား) စိတ်ရောဂါနေ့။
မေလ (၃၁) = World No-Tobacco Day ကမ္ဘာ့ဆေးလိပ်ဆန့်ကျင်ရေးနေ့။

မေလမှာ တလလုံးကျင်းပတဲ့ပွဲများ
• Asian American Heritage Month အာရှနွယ်ဖွားအမေရိကန်လ။
• Asian Pacific American Heritage Month အာရှ-ပစိဖိတ် ယဉ်ကျေးမှုအမွေအနှစ်လ။
• Celiac Awareness Month (စီလိယက်) ရောဂါ အသိပညာပေးလ။
• Cystic Fibrosis Awareness Month (ဆစ်စတစ်ဖိုက်ဘရိုးဆစ်) အသိပညာပေးလ။
• Haitian Heritage Month ဟေတီ ယဉ်ကျေးမှုအမွေအနှစ်လ။
• Hepatitis Awareness Month အသည်းရောင်ရောဂါ အသိပညာပေးလ။
• Jewish American Heritage Month အမေရိကန်-ဂျူး ယဉ်ကျေးမှုအမွေအနှစ်လ။
• Mental Health Awareness Month စိတ်ကျန်းမာရေး အသိပညာပေးလ။
• National ALS Awareness Month (အေအယ်လ်အက်စ်) ရောဂါ အသိပညာပေးလ။
• National Bike Month in the United States စက်ဘီးစီးလ။
• National Brain Tumor Awareness Month ဦးနှောက်ကင်ဆာ အသိပညာပေးလ။
• National Electrical Safety Month လျှပ်စစ် စိတ်ချရမှုလ။
• National Golf Month ဂေါက်သီးလ။
• National Masturbation Month in the United States ဖါသာအာသာဖြေခြင်းလ။
• National Osteoporosis Month အရိုးအားနည်းရောဂါ အသိပညာပေးလ။
• National Pet Month အိမ်မွေးတိရစ္ဆာန်လ။
• National Smile Month ယူကေနိုင်ငံ ပြုံးရယ်ခြင်းလ။
• National Stroke Awareness Month (ဆထုပ်) ရခြင်း အသိပညာပေးလ။
• National Water Safety Month ရေစိတ်ချရမှုလ။
• New Zealand Music Month နယူးဇီလန် တေးဂီတလ။
• Skin Cancer Awareness Month အရေပြားကင်ဆာ အသိပညာပေးလ။
• South Asian Heritage Month တောင်အာရှ ယဉ်ကျေးမှုအမွေအနှစ်လ။
• Virgin Mary အပျိုစင်မေရီလ (ကက်သလစ်)

မေလထဲမှာမွေးခဲ့ကြတဲ့ နာမည်ကြီးများ
- မေ (၄) Audrey Hepburn ရုပ်ရှင်မင်းသမီး မော်ဒရီ ဟပ်ဘမ်း (1929-1993)
- မေ (၁၇) Queen Victoria ဗစ်တိုရီးယာ ဘုရင်မ (1819-1901)
- မေ (၂၆) John Wayne ရုပ်ရှင်မင်းသား ဂျွန် ဝိန်း (1907-1979)
- မေ (၂၉) John F. Kennedy အမေရိကန်သမတ ဂျွန် အက်ဖ် ကနေဒီ (1917-1963)

Mayflower မေဖလားဝါးဆိုတဲ့ သင်္ဘောကြီးနဲ့ အင်္ဂလန်ကခွဲထွက်သူတွေဟာ ကမ္ဘာသစ် အမေရိကားကို ၁၆၂ဝ မှာ ခရီးထွက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်က ခုထိနာမည်ကြီးပါတယ်။ ၂ဝဝ၂ တုံးက ဟောလီဝုဒ်က May ဆိုတဲ့ ကြောက်စရာ ရုပ်ရှင်ကား ရိုက်ပါတယ်။ မေလထဲမှာ မင်္ဂလာမဆောင်သင့်ဘူးလို့ တချို့အမေရိကန်တွေက ယူဆကြတယ်။ ရှေးအင်္ဂလိပ်တွေက မေလထဲမှာ နွားနို့သုံးကြိမ်ညှစ်လို့ ရနိုင်တယ်လို့ ယူဆကြတယ်။

- မေလကျောက်မျက်ရတနာ = Emerald မြ (အောင်မြင်ခြင်းနဲ့ ချစ်မေတ္တာ)။
- မေလပန်း = Lily of the Valley လွင်ပြင် လီလီပန်း။
- ကဆုန်လပန်း = စကားဝါပန်း၊ နယုန်လပန်း = စံပယ်ပန်း။
- ဆယ့်နှစ်ရာသီခွင် = Taurus ပြိဿ (မေလ ၂ဝ အထိ)၊ Gemini မေလထုန် (မေလ ၂၁ မှ)။

မြန်မာနိုင်ငံ အထိမ်းအမှတ်နေ့များ
- မေလ (၁) ရက် = အလုပ်သမားနေ့
- မေလ (၆) ရက် = ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်
- မေလ (၂၇) ရက် ၁၉၉၀ = ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှစ်ပတ်လည်နေ့။
- မေလ (၃၀) ရက် ၂၀၀၃ = ဒီပဲယင်းအရေးအခင်းနေ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ