Menoral ဟော်မုန်းဆေး

(ကန်တော့)

၁။ ဆရာရှင့် ကျမက သောက်နေရင်း စိတ်ပူလို့ ဆရာ့ကို အားကိုးပြီးမေးတာပါရှင့်။ ၂ ရက် သောက်ဖို့ ကျန်ပါသေးတယ်ရှင့်။ ကျမက ရာသီမလာတာကို လာအောင် လို့ ဆရာမ သောက်ခိုင်းတာက လွဲနေသလားလို့ပါရှင့်။ ဆရာ့ စာလေး ဖတ်ပြီး ဆက်မသောက်ရဲဖြစ်နေတာမို့ ကူညီပြီး ရှင်းပြပေးပါရှင့်။ Side effect တွေကြောင့်လည်း ကြောက်လို့ပါ။ လက်ရှိ အူရောင်ထားပြီး မနက်ခင်း ဝမ်းသွားရင် ဗိုက်ရစ်သလို မို့ Bilact တနေ့ တထုပ်သောက်နေရပါတယ်။ ဝမ်းစစ် ဆီးစစ် ထားပါတယ်ရှင့်။ အဲလိုအခြေအနေတွေကြောင့် ဆရာ့ကို အားကိုးပြီးမေးတာပါရှင့် ဆရာ။

သူက ၃ ရက်သောက်ပြီးရင် တပတ်အတွင်း ရာသီလာမယ်ပြောပါတယ်ရှင့်။

၂။ မင်္ဂလာပါဆရာရှင့် အသက်က ၂၅ အိမ်ထောင်မရှိ အပျိုပါရှင့် ရာသီမလာတာ နှစ်လလောက်ရှိလို့ ဆေးခန်းသွားပြတာ menoral တနေ့နှစ်လုံးနဲ့ ၂၁ ရက်သောက်ခိုင်းပါတယ်ရှင့်သူ့ရဲ့အကျိုးသက်ရောက်ပုံလေးဖြေပေးပါဆရာရှင့်

၃။ မင်္ဂလာပါဆရာ Menoral (Norethisterone Tablet Bp) ဆိုတဲ့ဆေးကို တားဆေးအဖြစ်သုံးလို့ ရပါလားရှင့်။ အဲ့ဒီဆေး အကြောင်းလေး ဆရာအချိန်ရရင် ရှင်းပြစေလိုပါတယ်။

၄။ အသက် ၂၂ အမျိုးသမီးပါ အိမ်ထောင်မရှိ။ ရာသီခဏခဏလာလို့ OG ဆီသွားပြပါတယ်။ menoral နာမည်နဲ့ဆေးကို တနေ့သုံးလုံးတိုက်ပါတယ်။ (၁) ထိုဆေးကို တားဆေးအဖြစ်သုံးနိုင်ပါသလား။ (၂) ထိုဆေးနှင့်အတူ အရေးပေါ်တားဆေး ecc2 အားသောက်နိုင်ပါသလား။

Menoral (Norethisterone) 5mg Tablets စားဆေးဟာ Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းဆေးဖြစ်တယ်။ ရာသီမမှန်သူ၊ ရာသီလာစဉ်နာသူ၊ ရာသီများသူ၊ အင်ဒိုမီထရီယိုးဆစ်ရောဂါရှိသူတွေကို ပေးတယ်။ ဆေးအဆများတာကို ရင်သားကင်ဆာတချို့ကိုပေးတယ်။

ရာသီများသူကို 5 mg တနေ့ ၃ ကြိမ်၊ ၁ဝ ရက်။ နောက်မှာ ၁၉-၂၆ ရက်တွေ 5 mg တနေ့ ၂ ကြိမ်။ ရာသီမလာစေအာင် ရာသီလာရမယ့်ရက်ထက် ၃ ရက်စောပြီး 5 mg တနေ့ ၃ ကြိမ်၊ ၃ ရက်။ ရင်သားကင်ဆာအတွက် 40 mg နေ့စဉ်ကနေ 60 mg အထိတိုးပေးတယ်။

စမ်းသပ်ကုသပေးတဲ့ အိုဂျီ ညွှန်သလို သောက်ရမယ်။

- DUB အခါမဟုတ် ရာသီဆင်းခြင်း http://doctortintswe.blogspot.com/2014/11/dub.html

- Noristerat ကိုယ်ဝန်တား ထိုးဆေး တမျိုး  http://doctortintswe.blogspot.com/2014/11/noristerat.html

- Primolut N အမျိုးသမီးသုံးဆေး http://doctortintswe.blogspot.com/2015/01/primolut-n.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ