Sinovac vaccine တရုပ်ထုတ် ကိုဗစ်ကာကွယ်ဆေး

၁။ ဆရာခင်ဗျာ မြန်မာပြည်က တရုပ်ထုပ် (ထုတ်) ကိုဗစ်ကာကွယ်ဆေးကိုထိုးသင့်ပါလား အကြံပြုပေးပါဆရာ


ကိုဗစ် ကာကွယ်ဆေးတွေအကြောင်း ခဏခဏတင်ထားတယ်


၂။ ဆရာခင်ဗျ တခုလောက် မေးပါရစေ။ ကာကွယ်ဆေး ၉၅%၊ ၉၄.၅% ၅၀.၄% စသည် ဖြင့် ထိရောက် မူရှိတယ် ဆိုတာ ဘာလို နားလည် လို့ရမလဲ ခင်ဗျ။ ဥပမာ SINOVAC ဆိုရင် လူ ၁၀၀ ထိုးရင် ၅၀.၄ ယောက် ကရောဂါ ပိုးနဲ့ ထိတွေ့ တယ် ဒါပေမယ့် မကူးဘူး။ ၄၉.၆% က ကူးဆက် ခံရတယ်။ အဲလို ဆိုလို တာ လား ဆိုတာ လေး သိပါရစေ ခင်ဗျ။


Effectiveness ထိရောက်မှုဆိုတာ ကာကွယ်ဆေးတမျိုးကို ဆေးထိုးထားသူအုပ်စုနဲ့ ဆေးမထိုးသူအုပ်စု နှစ်ခုကို ယှဉ်ပြီး ကာလသတ်မှတ်ချက်အဆုံးမှာ ဘယ်လောက်အထိ ကာကွယ်မှုပေးသလဲကို ဆိုလိုတာဖြစ်တယ်။ ဘယ်ကာကွယ်ဆေးမှ ၁၀၀% တော့ မကာကွယ်နိုင်ပါ။


ပုံမှာ ကာကွယ်ဆေးတွေကို နှိုင်းယှဉ်ထားတာရှိတယ်။ ဘေးထွက်သက်ရောက်မှုလည်း မတူကြပါ။


နိုင်ငံတိုင်းမှာ ဆေးအမျိုးအစား၊ အသက် စတဲ့ ကျန်းမာရေးဌာနက တရားဝင်သတ်မှတ်ချက်တွေနဲ့အညီ ကာကွယ်ဆေးထိုးရတယ်။ 


မြန်မာပြည်ကတော့ ပြောရတာ ခက်တယ်။ အစက တရုပ်ကပေးမဲ့သတင်းထွက်ပြီး အရင်ဆုံးရလာတာက အိန္ဒိယထုတ်။ ဘယ်အချိန်ကရောက်သလဲ မသိတဲ့ ရုရှားထုတ်ကို မေးသူတွေကမေးမှသာ သိရတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ