Units ယူနစ်များ

ကွန်မင့်မေးခွန်း = အဲဒီတုံး (တုန်း) ကလဲ လေးမတ် တကျပ်ပဲလား


၄ မတ် = ၁ ကျပ်။ တမတ် = ၂၅ ပြား။


ကွန်မင့်မေးခွန်း =  ၂၅ပြား = ၄ဲ။ ၁ဲ ဆိုတာရှိလား။


မြန်မာပြည်မှာ အလွတ်ကျက်ခဲ့ရတဲ့စံနစ်က ဗြိတိသျှ။ ပိုက်ဆံတွေက ကျပ်-ပဲ-ပိုင်။ ပေါင်-သျှီလင်-ပဲနိ။ ဒေလီမှာ ကေဂျီနဲ့ လီတာ။ ယူအက်စ်မှာ မိုင်နဲ့ ဂါလံသုံးတယ်။ ၁ ပဲနိ ၁ ဆင့်၊ ၁ နစ်ကယ်် ၅ တင့်၊ ၁ ဒိုင်းမ် ၁၀ ဆင့်၊ ၁ ကွာတား ၂၅ ဆင့် တဲ့။ ဂွကျတယ်။


ငွေကို အရင်က အသပြာလို့ ခေါ်တယ်။ ၁၈၅၂ မှာ မင်းတုန်းမင်းလက်ထက် ငွေဒင်္ဂါးပြားစထုတ်တယ်။ ၁ ပဲ။ ၂ ပဲ = ၁ မူး။ ၄ ပဲ = တမတ်။ ၁ဝ ပဲ = ၅ မူး။ ၁ဝ မူး = ၄ မတ် = ၁ ကျပ်။ ငွေဒင်္ဂါးလို့ ခေါ်တယ်။ ၁၈၈၉ အင်္ဂလိပ်လက်ထက်မှာ ငွေ ၁၆ ပြား = ရွှေ ၁ ပြား ထုတ်တယ်။ မြန်မာ ငွေ ၁ ပြားဟာ အိန္ဒိယ ၁ ရူးပီးနဲ့ ညီမျှခဲ့တယ်။ နောက်မှာ ကြေးပြားတွေ ထုတ်လာတယ်။ ရွှေရယ်၊ ငွေရယ်၊ ကြေးရယ် ဖြစ်လာတယ်။ ငွေစက္ကူ ထုတ်တယ်။ သတ္တုရောပြားတွေ ထုတ်လာတယ်။ ငွေလို့ အသုံးများလာတယ်။ ပိုက်ဆံဆိုတာ ဟင်ဒီစကား ပိုက်ဆားကနေလာတယ်။



ပိုက်ဆံယူနစ်များ

၂ ပဲ = ၁ မူး

၂ မူး = ၁ မတ် = ၂၅ ပြား = ၄ ပဲ

၂ မတ် = ငါးမူး = ၅ဝ ပြား = ၈ ပဲ

၂ ငါးမူး = ၁ ကျပ် = ၁ဝဝ ပြား = ၁၆ ပဲ


ဆန်ယူနစ်များ

၂ လမြူ = ၁ လမြက်

၂ လမြတ် = ၁ လမယ်

၂ လမယ် = ၁ စလယ်

၂ စလယ် = ၁ ခွက် (၄ ဘူး)

၂ ခွက် = ၁ ပြည် (၈ ဘူး)

၄ ပြည် = ၁ စိတ်

၂ စိတ် = ၁ ခွဲ

၂ ခွဲ = ၁ တင်း

အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲဆိုတဲ့ စကားပုံရှိတယ်။


ကမ္ဘာသုံး ရွှေအလေးချိန်

ရွှေအောင်စဆိုတာ တခြားပစ္စည်းတွေကိုချိန်တဲ့ အောင်စနဲ့မတူပါ။ ရိုးရိုးအလေးချိန် ၁ ပေါင်မှာ ၁၆အောင်စ ရှိတယ်။ ရွှေချိန် ၁ ထရွိုင်ပေါင်မှာ ၁၂ ထရွိုင်အောင်စ။ ၁ ထရွိုင်ပေါင်မှာ ၅၇၆၀ ဂရိန်၊ ၃၇၃့၂၄၈ ဂရမ်။ ၁  ထရွိုင်အောင်စမှာ ၃၁့၁ ဂရမ်ရှိပြီး ၁၅၅့၅ ကာရက်ရှိတယ်။


၁၀၀% သန့်စင်ပြီးရွှေစင် (အခေါက်ရွှေ) ကို 24 K လို့ခေါ်တယ်။ လက်တွေ့မှာ ၁၀၀% မရှိပါ။ အသန့်စင်ဆုံးရွှေကို ၉၉၉့၉ လို့ ခေါ်တယ်။ ၇၅% သန့်စင်ထားတာကို ၁၈ ကာရက်၊ ၅၈.၃% ကို ၁၄ ကာရက်နဲ့ ၄၁.၇% ကို ၁၀ ကာရက်လို့ ခေါ်တယ်။


ရွှေချိန်တွယ်တာကို Karat ကာရတ်နဲ့ ကျောက်မျက်ရတနာတွေချိန်တွယ်တာ Carat ကာရတ်ခေါ်ပြန်တယ်။ 

Carat ကာရတ်က ဝ့၂ ဂရမ်ရှိတယ်။


မြန်မာနိုင်ငံသုံး ရွှေအလေးချိန် 

၂ စိပ် = ၁ ခြမ်း၊ ၂ ပဲ = ၁ မူး၊

၂ ခြမ်း = ၁ ရွေး၊ ၂ မူး = ၁ မတ်၊

၂ ရွေး = ၁ ပြား၊ ၂ မတ် = ၅ မူး = ၈ ပဲ၊

၂ ပြား = ၄ရွေး၊ ၁ ကျပ် = ၁၆ ပဲ = ၁၂၈ ရွေး = ၁၆.၆၀၆ ဂရမ်

၈ ရွေး = ၁ ပဲ၊


မန္တလေးမှာ ၁ ပဲ = ၇.၅ ရွေး၊ ၁ ကျပ် ၁၂၀ ရွေးလို့သုံးတယ်။ ရွှေအလေးချိန်ကို ကျပ်ကို (- ိ)၊ ပဲကို (- ဲ)၊ ရွေးကို (- ွး) လို့ အတိုကောက် ရေးကြတယ်။ 


ငွေကို အတိကောက်ရေးတာမှာလည်း  ၁ ကျပ် = ၁ိ၊ ၁ ပြား = ၁ါး၊ ၁ ပဲ = ၁ဲ။


တမတ်ဆိုတာ တကွာတ တနည်းအားဖြင့် လေးပုံတပုံ။ ငွေမှာသာ တမတ်ဟာ ၂၅ ပြားနဲ့ညီပြီး အချိန်နာရီမှာ ၁၅ မိနစ်။


ဆေးပညာသုံးယူနစ်တွေကို သပ်သပ်ရေးထားပါတယ်။ ယူနစ်ဆိုတာ ဂဏန်းတခုရဲ့ တန်ဖိုးဖြစ်တယ်။ ဂဏန်းတခု နောက်မှာ ယူနစ်တခုခုမပါရင် ဘာတန်ဖိုးမှ မရှိပါ။ မေးခွန်းတွေမှာ ကျမကလေးက ၂ ရှိပြီတဲ့။ ဖြစ်နေတာ ၃ ကြာပြီတဲ့။ ရက်-လ-နှစ်တွေက တိုင်းပြည်တိုင်းမှာ တူတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ