Beer အလိမ်အညာဘေးက ဝေးကြပါစေသတည်း

တွေ့ပြန်တယ်။ ဘီယာထဲမှာပါတဲ့ ဓါတ်တမျိုးက အသည်းနဲ့ အူမကြီးကင်ဆာအကျိတ်တွေကို သတ်နိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ တဲ့။

အဲလို မဟုတ်ကဟုတ်က အလွဲအမှားသတင်းတွေ ခဏခဏထွက်တယ်။ အရက်ရောင်းချင်သူတွေက ရေးခိုင်းတာတွေ။

ဘီယာသမိုင်းဟာ ဘီစီ ၅၀၀၀ ကတည်းကလို့ အီဂျစ်ကရတဲ့ အထောက်အထားတွေက ဆိုပါတယ်။ အဲလိုသာ မှန်မယ်ဆိုရင် ကမ္ဘာမှာ ကင်ဆာရောဂါ ပေါ်လာစရာအကြောင်း မရှိလောက်ပါ။ 

ကင်ဆာပဌမဆုံးလူနာကို ၁၇၇၅ ခုနှစ်မှာ ဗြိတိသျှခွဲစိတ်ဆရာဝန် ဒေါက်တာ Percivall Pott ပါစီဗယ်လ်ပေါ့က တွေ့ပါတယ်။ ယောက်ျားကပ်ပယ်အိပ်ကင်ဆာ။ ကန်တော့။

ဘီယာထဲဖြစ်ဖြစ် ဝိုင်ထဲဖြစ်ဖြစ် ထန်းရေထဲဖြစ်ဖြစ် အယ်လ်ကိုဟော ပါတယ်။ နည်းတာများတာနဲ့ တခြားဟာတွေပါ မပါသာ ကွာတယ်။

အယ်လ်ကိုဟောနဲ့ ကင်ဆာဆက်စပ်မှု အခိုင်အမာရှိတယ်။ Carcinogens ကာစီနိုဂျင်လို့ ခေါ်တယ်။

၂၀၀၉ ခုနှစ်စာရင်းတွေအရ အမေရိကမှာ ကင်ဆာနဲ့သေဆုံးသူ ၁၉၅၀၀ ယောက်ထဲက ၃့၅% ဟာ အရက်နဲ့ ဆက်နေကြတယ်။ ဆောရီး။ 

Head and neck cancer ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းကင်ဆာဟာ အရက် အသင့်အတင့်သောက်သူတွေမှာ ၁့၈ ဆ ပိုဖြစ်ကြတယ်။ များများသောက်သူတွေမှာ ၅ ဆပိုတယ်။ 

Esophageal cancer အစာမျိုပြွန်ကင်ဆာ ၁့၃ ဆ နဲ့ ၅ ဆပိုဖြစ်ကြတယ်။

Liver cancer အသည်းကင်ဆာ အရက်သောက်များသူတွေက ၂ ဆပိုဖြစ်တယ်။ hepatocellular carcinoma နဲ့ intrahepatic cholangiocarcinoma ကင်ဆာတွေလို့ခေါ်တယ်။ 

Breast cancer ရင်သားကင်ဆာ ၁့ဝ၄ ဆကနေ ၁့၂၃ ဆပိုဖြစ်တယ်။ 

Colorectal cancer အူမကြီးကင်ဆာ ၁့၂ ဆကနေ ၁့၅ ဆ ပိုဖြစ်တယ်။

Kidney cancers ကျောက်ကပ်ကင်ဆာနဲ့ non-Hodgkin lymphoma ကင်ဆာတွေလည်း နည်းနည်းပိုတယ်။

အဲလို အရက်ကောင်းကြောင်းရေးတာမှန်သမျှမှာ သုတေသနအထောက်အထား မရှိ သို့မဟုတ် မခိုင်မာတာတွေသာ ဖြစ်ပါတယ်။ ရေးရပေါင်း များလှပြီ။ ရောင်းချသူတွေကလည်း ကိုယ်လူမျိုးတွေ၊ အားနာရတယ်။

အရက်စီးပွါးရေးဟာ ကမ္ဘာတခုလုံးမှာ ၂၀၁၅ ခုနှစ်စာရင်းအရ $1,344 billion ရှိတယ်။ ၂၀၂၂ ရောက်ရင် $1,594 billion အထိရှိနိုင်တယ်။ အဲလိုရေးကြမဲ့ မီဒီယာတွေကိုပေးရတဲ့ပိုက်ဆံက အစွန်းထွက်ရဲ့ အစွန်းထွက်ထက် အလွန့်အလွန်ကို နည်းမယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အရက်ဘေး ကင်ဆာဘေး အလိမ်အညာဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၁၉

၃၁-၅-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ