ထောပတ်ထမင်း

လာပို့တယ်။ ကျေးဇူး။ သူတို့သားက ၁၂ တန်းဂရက်ဂျူယိတ်ဖြစ်လို့တဲ့။ ကွန်ဂရက်ကျူလေးရှင်း။ ကျောင်းပြန်ဖွင့်ရင် ကောလိပ်။

ကနေ့လာပို့တဲ့ ထောပတ်ထမင်းက ကျွန်တော်တို့ချက်နည်းနဲ့ မတူပါ။

တခြားစားစရာတွေလည်း နေရာဒေသအလိုက် ချက်နည်း မတူတာတွေရှိတယ်။ မနေ့ကပဲ မရမ်းပြားနဲ့ ကြက်သားချက်တာကို ကိုယ်သိတဲ့ မွန်နဲ့ ထားဝယ်စာလို့ ရေးမိတာ။ ရခိုင်မှာလည်း မရမ်းပြား စားတယ်တဲ့။ သုတဆိုတာ ရှာလို့မကုန်နိုင်။

ထောပတ်အကောင်းဆုံးက ငါန်းဇွန်နဲ့ မြို့သာ။ ကျွန်တော် (၆) နှစ်ကြာတာဝန်ကျခဲ့လို့ ကောင်းကောင်းသိတယ်။ တိုက်နယ်ဆရာဝန်အိမ်မှာ ထောပတ်ပုလင်းတွေ ထားစရာနေရာမရှိ။ ကျေးဇူး။

ထောပတ်ထန်းလျက် ကောင်းမှကောင်း။ ထောပတ်ထမင်း ချက်စားတယ်။ ကောင်းမှကောင်း။

တိုက်နယ်ဆေးရုံကနေ ကလေးတွေအာဟာရအတွက် ထောပတ်ထမင်းကျွေးခဲ့တယ်။ အဲဒါကတော့ UNICEF က ရတာ။

ဒေါက်တာတင့်ဆွေ

Comments