အိမ်မှာပြား၏

မက်ဆေ့ချ်တခု - မြန်မာစာ သတ်ပုံအရေးအသားကို မသိနားမလည်ပဲ လက်မခံတတ်သူတွေကို ဆုံးမသင့်တဲ့။

ဖတ်မိသူတွေ တချို့ က ထပ်ပြောစရာမလို မှားတာကို ပြင်ကြတယ်။ 

တချို့က ရှေးကရေးတာတွေက ခေတ်ဟောင်းတဲ့။ ပြောင်းလဲချိန်တန်ပြီတဲ့။ ဆက်မှားလော့တဲ့။

တချို့အတွက်တော့ ကမ္ဘာကြီးလို။ ကျောင်းမှာ လုံးဝန်းပြီး အိမ်မှာပြား၏။

နိုင်ငံရေးနဲ့ မြန်မာစာ ဆင်တာတချို့ရှိတယ်။ အရပ်ထဲမှာ အဓမ္မ၊ စစ်တပ်ထဲမှာ တသွေး တသံတမိန့်တဲ့။

မူကွဲမရှိစေရတဲ့။ ဒါဆိုဒါပဲတဲ့။ ပဌမ မှားပြီး ပထမသာ မှန်သတဲ့။ သမတ မှားပြီး သမ္မတသာ မှန်သတဲ့။ 

တစ်မတ်သာ တန်ဖိုးရှိသတဲ့။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ