မင်းနားတထောင် မင်းမြှောင်တသိန်း

ဒေါက်တာခင်ဗျာ။ မင်းနားတထောင်၊ မင်းမြှောင်တသိန်း ဆိုတဲ့ ဆိုရိုးစကား အဓိပ္ပါယ် သိလိုပါတယ်။

မင်းနားတထောင်

မင်း၊ ဘုရင်၊ သမတ၊ ဝန်ကြီးချုပ်တို့ဟာ တိုင်းပြည်တခုရဲ့ အမြင့်ဆုံးအုပ်ချုပ်သူတွေ ဖြစ်ကြတယ်။ အစိုးရတိုင်းမှာ သူလျိုထားကြတယ်။ သူတို့က အစီရင်ခံကြရလို့ မင်းလုပ်သူက ရာဇပလ္လင်ပေါ်မှာနေပေမဲ့ သူ့တိုင်းပြည်တွင်းမှာ ဘာတွေ ဖြစ်နေသလဲ သိနိုင်တယ်။

မင်းမြှောင်တသိန်း

မင်းအပါးမှာ ကပ်မြှောင်နေသူတွေကို ဆိုလိုတယ်။ အရည်အချင်းမရှိဘဲ ကပ်ဖါးရပ်ဖါးတွေဖြစ်ကြတယ်။ မင်းလိုလိုက် မင်းကြိုက်တင်သူတွေကိုလည်း ခေါ်နိုင်တယ်။မင်း၊ ဘုရင်၊ သမတ၊ ဝန်ကြီးချုပ်တိုင်းအနားမှာ အဲလိုလူတွေရှိတယ်။

၂၀၂၁ ဆိုရိုးစကား ပြောင်းသွားပြီ။ ဒလံ တထောင်။

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၂ဝ

၃၁-၅-၂၀၂၁

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ