နေကောင်းကြ

ကျွန်တော့ရုံးမှာ အလုပ်လုပ်ပြီး နယူးဒေလီမှာ ကျန်ရစ်သူကို လှမ်းမေးတာ။

ဟုတ်ကဲ့ ကောင်းကြတယ်ဆရာ။ ခုလိုချိန်မှာ အလိုအပ်ဆုံးဆုဆိုရင်လည်း အာရောဂျံ ပရမံ လာဘံ ပဲဆရာ ကျန်တာတွေက ရှာကြံပြီး ဖြေရှင်းလို့ ရသေးတယ်။

အာရောဂျံ ပရမံ လာဘံ = ကျန်းမာခြင်းသည် လာဘ်ကြီးတပါးဖြစ်သည်။ 

အာရောဂျံ = အနာရောဂါ၊ ပရမံ = မြတ်သော၊ လာဘံ = လာဘ်မည်၏။

အာရောဂျာ ပရမာ လာဘာ လို့လည်း ရေးနိုင်တယ်။

၂၀၁၈ မြန်မာပြည်ကိုအလည်ပြန်တော့ ဦးလေးအရင်းဆရာတော်ကို မပြန်ခင်နှုတ်ဆက်တယ်။ မောင်တင့်ဆွေ ကျန်းမာရေးက နံပါတ်တစ်။ မကျန်းမာရင် ဘာမှ လုပ်မရဘူးလို့ ဆုံးမလိုက်ပါတယ်။

စာဖတ်ရသူတွေရော မဖတ်ရသူတွေပါ ကျန်းမာကြပါစေ။

ဝီကီပီးဒီးယားမှာ မြန်မာလိုရော အင်္ဂလိပ် အော်တိုဘာသာပြန်ပါတွေ့တယ်။ 

Allergies

Meaning 

Health is a big bribe. (Allergen = disease, primordial = noble, bribe = bribe.)

အလာဂျီ တဲ့။ ထိုးတဲ့လာဘ် တဲ့။ အတော်ကို လွဲမှားတယ်။

လာဘ ဆိုတာ ရခြင်း။ လာဘ်ရခြင်း။ ဆုလာဘ်။ အမြတ်အစွန်း။ လာဘ်ထိုးတာ မဟုတ်။

အော်တိုဘာသာပြန် ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ