နေကောင်းကြ

ကျွန်တော့ရုံးမှာ အလုပ်လုပ်ပြီး နယူးဒေလီမှာ ကျန်ရစ်သူကို လှမ်းမေးတာ။

ဟုတ်ကဲ့ ကောင်းကြတယ်ဆရာ။ ခုလိုချိန်မှာ အလိုအပ်ဆုံးဆုဆိုရင်လည်း အာရောဂျံ ပရမံ လာဘံ ပဲဆရာ ကျန်တာတွေက ရှာကြံပြီး ဖြေရှင်းလို့ ရသေးတယ်။

အာရောဂျံ ပရမံ လာဘံ = ကျန်းမာခြင်းသည် လာဘ်ကြီးတပါးဖြစ်သည်။ 

အာရောဂျံ = အနာရောဂါ၊ ပရမံ = မြတ်သော၊ လာဘံ = လာဘ်မည်၏။

အာရောဂျာ ပရမာ လာဘာ လို့လည်း ရေးနိုင်တယ်။

၂၀၁၈ မြန်မာပြည်ကိုအလည်ပြန်တော့ ဦးလေးအရင်းဆရာတော်ကို မပြန်ခင်နှုတ်ဆက်တယ်။ မောင်တင့်ဆွေ ကျန်းမာရေးက နံပါတ်တစ်။ မကျန်းမာရင် ဘာမှ လုပ်မရဘူးလို့ ဆုံးမလိုက်ပါတယ်။

စာဖတ်ရသူတွေရော မဖတ်ရသူတွေပါ ကျန်းမာကြပါစေ။

ဝီကီပီးဒီးယားမှာ မြန်မာလိုရော အင်္ဂလိပ် အော်တိုဘာသာပြန်ပါတွေ့တယ်။ 

Allergies

Meaning 

Health is a big bribe. (Allergen = disease, primordial = noble, bribe = bribe.)

အလာဂျီ တဲ့။ ထိုးတဲ့လာဘ် တဲ့။ အတော်ကို လွဲမှားတယ်။

လာဘ ဆိုတာ ရခြင်း။ လာဘ်ရခြင်း။ ဆုလာဘ်။ အမြတ်အစွန်း။ လာဘ်ထိုးတာ မဟုတ်။

အော်တိုဘာသာပြန် ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း