ဆဋ္ဌမ

ဇွန်လဟာ နှစ်တနှစ်ရဲ့ ဆဋ္ဌမလဖြစ်တယ်။ 

ဆဋ္ဌမဆိုတာ မြန်မာစာလုံးမဟုတ် ပါဠိ။

ဆဌမလို့ရေးတာ မှားတယ်။

ခြောက် (၆) တန်းကို ဆဋ္ဌမတန်းလို့ ရေးမှသာ မှန်တယ်။

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်


ဋ္ဌမ (ပါဠိ) = ရှစ်ခုမြောက်၊ ရှစ်ကြိမ်မြောက်။ 

ပဌမ (ပါဠိ) = ဦးစွာဖြစ်သော။ အစအမွန်ဖြစ်သော။ တခုမြောက်။

ပထမ (သင်သကရိုက်သက္ကတ၊ ဆန်းစ်ခရစ်) = တခုမြောက်

နောက်ပေါ်သတ်ပုံကျမ်းနဲ့ နောက်ပေါက်မြန်မာစာဆရာတွေက ပထမလို့ တမျိုးတည်းသာ ရေးခိုင်းနေတာ မသင့်မြတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း