အရိပ်

တမိုက်သာသာ တထွာမရှိတရှိ၊ ကိုယ်စိုက်ပျိုးထာတဲ့ သစ်ပင်ပန်းပင်လေးတွေကို အရိပ်တကြည့်ကြည့်။

ကိုယ့်သားသမီး မြေးမြစ်တွေကိုလည်း အရိပ်တကြည့်ကြည့်။

အရိပ်အခြေကြည့်ဆိုတာ အခြေအနေကို အကဲခတ်နေတာ။

အရိပ်အကဲကြည့်ဆိုတာ လူတဘက်သားကို အကဲခတ်နေတာ။

အရိပ်နေနေ အခက်ချိုးချိုးဆိုတာ ကိုယ်မှီခိုအားထားရာကို ကျေးဇူးကန်းတာ။

အတိတ်၏အရိပ်ဆိုတာ ဖြစ်ပြီးခဲ့တာတွေရဲ့ အကျိုးဆက်တွေ။

အရိပ်ခိုစားတယ်ဆိုတာ ကိုယ်တိုင်မစွမ်းဆောင်ပဲ တပါးသူလုပ်ကိုင်ကျွေးမွေးထာတက်ု ထိုင်စားတာ။

အရိပ်မနင်းကောင်းဆိုတာ လေးစားကိုးကွယ်သူရဲ့အရိပ်ကို အမြတ်တနိုးထားတာ။

အရိပ်အရောင်ဆိုတာ ထင်ထင်ရှားရှားမဟုတ်ဘဲ ဝိုးတဝါးသာ မြင်ရတာ။

အရိပ်အရောင်ပြဆိုတာ တစုံတခုကို စဉ်းစားပြီးသိစေအောင် ပြသတာ။

ရွှေလမှာ ယုန်ဝပ်လို့

ဆန်ဖွပ်တဲ့ အဖိုးအို

ဟောကြည့်ပါဆို

ဆိုသာဆို ပိုမိုတဲ့စကား

ကလေး အငိုတိတ်အောင် အရိပ်အရောင်ပြတယ်

ဖိုးလနတ်သား။

ဒေါက်တာတင့်ဆွေ

၁-၆-၂၀၂၀

၁-၆-၂၀၂၁

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ