ဝဲတိုင်ကို မှီ

ဝဲတိုင် ဆိုတာ ဘာလဲ ဆရာ။

ရှာနေဆဲ။

ဝဲတိုင်က အခုစာနဲ့ ဆက်စပ်မယ် ထင်ပါတယ် ဆရာ။

ရှာဖွေပေးသူက ဘုန်းတော်ကြီးတပါ။ ကျေးဇူးပါဘုရား။

ဒေါ်မြမြအေးနဲ့ အဖြေရှာကြတယ်။ အိမ်မကြီးရဲ့ ဘေးကနေ အဆွယ်ချတာကို ဇောင်းလို့ခေါ်တယ်။ အကာလည်း ပါတယ်။ ရှေ့မှာ အမိုးသာပါပြီး အကာမပါတာကို ဝဲ သို့မဟုတ် ပရပ်လို့ ခေါ်တယ်။ နောက်ဘက်မှာလည်း ဇောင်း။

ကျွန်တော်တို့မိဘအိမ်ကို နယ်က အမျိုးထဲက ကျောင်းသူကျောင်းသားတွေလာပြီး စာသင်ကြတော့ လူကများတယ်။ အိမ်ဘေးမှာ ဇောင်းချရတယ်။ အိမ်ရှေ့မှာ ပရပ် ခေါ် ဝဲထိုးထားရတယ်။

ကျွန်တော်လည်း ဝဲတိုင်ကိုမှီခဲ့တယ်။ မှီဆိုတာ မှီခိုတာ မီ မဟုတ်ပါ။ လွဲရေးသူတွေ များတယ်။

လူကလေးရယ် အိပ်ချင်ပြီ

ဝဲတိုင်ကို မှီ။

အိပ်ချင်ပြီကွဲ့ စပယ်ကုံး

လွှဲကြပါအုံး။

လူကလေးရယ် အိပ်ချိန်တန်

ဗျိုင်း ရှေ့ကပျံ။

လူကလေးရယ် အိပ်ချိန်နီး

ဗျိုင်း ရှေ့ကဆီး။

လူကလေးရဲ့ မျက်တောင်

မြှေးယောင်ယောင်။

မျက်တောင်ကွဲ့ ပေမြှေး

အိပ်ပါတော့ လေး။

ဒီသီချင်းကို သားအကြီးဆုံးကတည်းက မြစ်မလေးအထိ ဆိုပြီး သိပ်ခဲ့တယ်။ ဆိုတတ်သမျှသီချင်းကလည်း ဒါဘဲ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ