သြော် နဲ့ အော်

၁။ ဆရာ့ ဪ နဲ့ အော် ဘယ်ဟာအမှန်လဲရှင့်

၂။ ေဩာ် နဲ့ အော် အသုံးလည်း သိပ်မရှင်းဘူးဆရာ။ နောက်ဆို မြန်မာဝေါဟာရအဖျက်သမားတွေက များလာတော့ အသုံးနှုန်းတွေအတွက် ကိုယ့်ကိုယ်ကို စိုးရိမ်မိတယ်။ ဆရာ့ကိုတော့ ကျေးဇူးအနန္တပါခင်ဗျာ။

၃။ မင်္ဂလာပါ ဆရာရှင့်။ အော် နဲ့ သြော် နဲ့ အသုံးအနှုန်း အမှန်လေးကို သိပါရစေ။ ကျေးဇူးပါဆရာ။

အော်

ဘင်္ဂလားပင်လယ်အော်

အော်ဂလီဆန်

အော်လံ

အော်လံသေနတ်

အော်ဟစ်သည်

အော်ယောငှက်

သြော်

သြော် (အာမေဍိတ်သံ)

သြော် ဟုတ်ပေစွ

သြော် ကောင်းပေစွ

သြော်သြော်

သြော်မိန်းမ (ရုပ်ရှင်)

အရင်က သြော်လို့သာရေးခဲ့ကြပါတယ်။ နောက်ပိုင်း အော် ့့့ လိုရေးလာတယ်။ အဲလိုပြောင်းတာက ခေတ်သဘောအရ ပိုပြီးလွယ်ကူရှင်းလင်းတာကို ပြောင်းတာဖြစ်တယ်။ အရင်သတ်ပုံမှန်တွေကို ပိုခက်ခဲအောင် ဥပမာ တခါတလေကို တစ်ခါတစ်လေ၊ တစ်ခါတလေ၊ တခါတစ်လေလို့ရေးတာက ခေတ်သဘောမဟုတ်ဘဲ တမင်တကာ မရှုပ်ရှုပ်အောင် လုပ်ခိုင်းထားတာသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ