ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ဆုံးမစာ

တမြန်နှစ်က ဒီလိုနေ့မှာ မုံရွာ သာစည်လမ်းစျေးဘက် လမ်းလျှာက်ထွက်တယ်။ စမ်းတမ်းစမ်းတမ်း ဟိုမေးသည်မေးနဲ့ သူငယ်ချင်းအိမ် ရောက်သွားတယ်။ ရောက်တာနဲ့ သူ့စာအုပ်ပုံကို ရှာတယ်။ ဖုံတလုံးလုံးနဲ့ အဖုံးမပါတဲ့ စာအုပ်တွေထဲမှာ မြန်မာစာသတ်ပုံမှန်တာာ တွေ့ရတယ်။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ဆုံးမစာ။

တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘဝ၊ အနန္တလျှင်၊ အစမဆုံး၊ အမျိုးထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့ အပါယ်ထိုထို၊ ဥဒဟိုသည် နင်လိုလုမိုက် သွားလမ်းတည်း။

လယ်တီဆရာတော်ကြီး စင်္ကြ ံလမ်းနေရာလည်း ရောက်ခဲ့တယ်။ ဦးချကန်တော့ခဲ့တယ်။ ငယ်ငယ်ကတော့ အဆောက်အဦ မရှိပါ။ ဆော့ကစားခဲ့တဲ့ နေရာ။

တရားမကြွယ် အထုပ်ငယ်လျက် -

ဒေါက်တာတင့်ဆွေ

၁-၆-၂၀၁၈

၁-၆-၂၀၂၁

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ