ထန်းလေးပင် အမက

ကျွန်တော် တသက်မှာ ကျောင်း သုံးကျောင်းသာတက်ခဲ့ဖူးတယ်။ လေးတန်းအထိ မုံရွာ ထန်းလေးပင်မူလတန်းကျောင်း၊ ဆယ်တန်းအထိ မုံရွာ အထက (၂) နဲ့ ဆေးပညာဘွဲ့အတွက် ဆေးမန်း။

ကျောင်းအရေအတွက်နည်းတော့ အပေါင်းအသင်းလည်း နည်းကျဉ်းတယ်။ ဆရာဆရာမတွေလည်း နည်းရှင်းတယ်။

၂၀၁၈ ခုနှစ်က အလည်ပြန်တော့ မူလတန်းကျောင်းကို တွေ့အောင်ရှာပြီး အရောက်သွားတယ်။ ၁၉၅၄-၅၈ ကဆိုတော့ အနှစ် ၆ဝ ပေါ့။ ကျောင်းသားသစ်လက်ခံနေတဲ့ဆရာမတွေကို ကျွန်တော်က ဆရာမတို့မမွေးခင်းက ဒီကျောင်းသားပါလို့ပြောပြီး မိတ်ဆက်ပါတယ်။ လက်ရှိကျောင်းအုပ်ဆရာကြီးက အမျိုးထဲကဖြစ်နေတယ်။ မုံရွာမှာ ဘယ်သွားသွား အမျိုးမလွတ်။ သူငယ်ချင်းမလွတ်။ ဖရင်းမလွတ်။

ဆရာမကြီးဒေါ်အေးကြည်ကို သတိရတယ်။ လေးတန်းကတည်းက အင်္ဂလိပ်စာသင်ပေးတဲ့ဆရာမကိုလည်း သတိရတယ်။ ကျွန်တော်က နာမည်အတိုကောက်စာလုံး တီအက်စ်လို့ရေးတာကို ဆရာမက တီအက်စ်လက်ဖက်ရည်ဆိုင်လို့ စတယ်။ အဲဒီတုန်းက မုံရွာမှာ တီအက်စ်လက်ဖက်ရည်ဆိုင်ရှိခဲ့တယ်။ 

ထန်းလေးပင်ကသူငယ်ချင်း ကြွက်နီ ဘယ်ရောက်နေ မသိ။

ဒေါက်တာတင့်ဆွေ

၃၁-၅-၂ဝ၁၈

၃၁-၅-၂၀၂၁


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ