သား နဲ့ တား

၁။ အောက်တွင် မျဥ်းသား/မျဥ်းတားထားသော အက်ခရာ (နှစ်လုံးဆင့်ရေးမရလို့ပါရှင်) မျဥ်းသား/ မျဥ်းတား ဘယ်စာလုံးပေါင်းက အမှန်ပါလဲရှင် (အက္ခရာ) 

၂။ ကိုယ်ဝန်သားဆေးသိချင်ပါတယ်ဆရာ။ (တားဆေးလို့ရေးရတယ်။)

၃။ သမီး သားဆေးသောက်ထားတယ်ဆရာ။ (တားဆေးလို့ရေးရတယ်။) 

၄။ ကျွန်တော်က အဲသည်နှစ်ခုကြား ငါမျဉ်းမသားရဲလို့ရေးတာအောက်မှာ မေးတာတခုတွေ့တယ်။ မျဉ်းမတားလားတဲ့။ မျဉ်းသားသည်လို့ ရေးပါတယ်။ စာရေးသားသည်လို့သဘော။ တားက တားဆီးတာ။ 

သား

သားစဉ်မြေးဆက်၊

သားမြတ် (ရင်သား)၊

သားရဲတိရစ္ဆာန်၊

သားသည်အမေ၊

သားသတ်သမား၊

သားသမီးလိုချင်၊

သားသားနားနား ဝတ်ဆင်ထား၊

သားဦးကိုယ်ဝန်၊

သားကောင်၊

သားရေဂျာကင်၊

အမျိုးသား၊

ဆွေမျိုးသားချင်း၊

မျဉ်းသားသည်။

တား

တားဆီးသည်၊

တားမြစ်သည်၊

ပဋိသန္ဓေတားဆေး၊

ဝါသနာကို မတားနဲ့တော့ရှင်။

၅။ မင်္ဂလာပါဆရာ အခြားမလပ်လို့ရေးတာ မှန်ပါသလား။ မခြားမလပ်လို့ရေးတာ မှန်ပါသလား ခင်ဗျ။ ကျေးဇူးတင်ပါတယ်။

ခြားစာလုံးက ကြိယာဖြစ်တယ်။ ပိုင်းကန့်သည်၊ တသီးတသန့်ဖြစ်စေသည်၊ ကွဲပြားသည်၊ တမျိုးတဖုံဖြစ်သည်။

မခြား လည်း ကြိယာ။ မခွဲခြားပါနှင့်။ မခြားပဲ (ကြိယာဝိသေသန) ရေးသည်။

မြန်မာစာလုံး အတော်များများမှာ အ ထည့်ရင် နာမ်ဖြစ်သွားတယ်။ အခြား။ အပိုင်းအခြား။

ခြာ ဆိုတာလည်း ကြိယာ။ တဆက်တည်း မဟုတ်။ အကြားလပ်သည်။ သားသမီး ခြာသည်။ စကားစုတခုနှင့်တခု ခြာပြီး ရေးသားပါ။

ရေကိုသားသော် အခြားမထင်သကဲ့သို့။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း