မီးယပ် နှင့် အာထွာဆောင်း

တခါတော့ တင်ထားတယ်။ ၁၈-၅-၂၀၁၆ နေ့က။ တခြားသူတွေက အခုမှတင်ကြလို့။ သားဖွါးမီးယပ်ပညာ၊ သားဖွါးမီးယပ်ဆေးရုံလို့သာ ရေးရတယ်။

ဆရာဝန့်လက်ရေး ဖတ်မရတာ ပြောစမှတ်ရှိတယ်။ ဆရာဝန်ဆိုင်းဘုတ် ဟုတ်ရဲ့လားမေးချင်တယ်။

အာထွာရာစောင်းစခန်းလို့ ဆိုင်းဘုတ်လည်းရှိတယ်။ ပြန်ရှာာ မတွေ့သေးလို့။ အာထွာဆောင်းကို အာထွာစောင်းလို့ စမ်းသပ်ကရိယာနဲ့ တီးတဲ့တူရိယာ မှားရေးနေကြသူတွေကတော့ ၉၀% လောက်ရှိတယ်။

ကရိယာနဲ့ ကိရိယာက မူကွဲ။ မြန်မာစာ စောင်းနေတာကြာပြီ။ မီးကို လျှာနဲ့ယက် (လျက်) ခိုင်းထားတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ