Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ

၁။ ဓာတ်ကင်သင့် မကင်သင့် အကြံဥာဏ်လေးများတောင်းခံပါရစေ ကျမက ရင်သားကင်ဆာ Her2 အဆင့်၃.ခွဲစိပ်ပြီး ဆေးသွင်းပြီးသော်လည်း အခု ၁နှစ်နဲ့၈လကြာသည်အထိအကြောင်းအမျိုးမျိုးကြောင့်ဓာတ်မကင်ရသေးပါ။ အခုလောလောဆယ်ဆေးစစ်ချက်တွေအရ အားလုံးပုံမှန်ကောင်းမွန်သက်သာပျောက်ကင်းနေပြီလို့ ဆရာဝန်က မှတ်ချက်ပေးထားပါတယ်။

ကျွန်တော့်ကို မေးတာ မဟုတ်ပါ။ 

၂။ Her 2 Positive အကြောင်း သိတဲ့သူတွေ နည်းနည်းလောက် မျှဝေပေးကြပါလား ခီမို လေးကြိမ်သွင်းပြီးရင် Her 2 ဆေး ၁၇ ကြိမ် သွင်းရမယ်လို့ပြောတယ် Her 2 ဆေးက ၂၀၀ ဝန်းကျင်လောက် ပေးရမယ်ပြောတယ် အချို့က အိန္ဒိယဆေးဆိုရင် ၅၀ ဝန်းကျင်လောက် ကုန်မယ်ပြောတယ် ကောင်းတဲ့ဆေးနဲ့ဘဲ့ ကုချင်ပါတယ် သိတဲ့သူတွေ ဆေးသွင်းထားပြီးသူတွေ ကျေးဇူးပြုပြီး အလင်းပြပေးပါလား ယခုလက်ရှိ  ဆရာမ S.S.W  နဲ့ ပြနေပါတယ်။

ကျွန်တော့ကိုမေးတာတော့ မဟုတ်ပါ။

၃။ Her 2 negative နဲ့ Her 2 positive ဘာကွာပါသလဲ

ကျွန်တော့ကိုမေးတာတော့ မဟုတ်ပါ။

၄။ မင်္ဂလာပါဆရာရှင့် သမီးကရင်သားကင်ဆာဝေဒနာသည်ပါ Her2 အမျိုးအစားပါရှင့် CHEMO 16 ကြိမ်၊ Radiatoin 15 ကြိမ်၊ Herceptin 12 ကြိမ်သွင်းခဲ့ရပါတယ်ဆရာ။ အခုtreatment အားလုံးပြီးသွားပါပြီ။ သမီးသိချင်တာလေး မေးချင်လို့ပါ။ ရင်သားကင်ဆာကုသဖို့ ER, PR, Her2 စတာတွေကိုစစ်တာဟာ ပရိုတင်းအမျိုးအစားကို စစ်တာဆိုတာသိရပါတယ်။ ဒီပရိုတင်းအမျိုးအစားတွေက တခါတရံ (%) နဲ့အဖြေထွက်ပါတယ်။ (%) ဘယ်လောက်အနေအထားမှာ ဆေးသွင်း၊ ဆေးသောက်စေဖို့ response လုပ်နိုင်မှုရှိမရှိသတ်မှတ်ပါသလဲ။ ပြီးတော့ သားဥအိမ်နဲ့ ရင်သားကင်ဆာက ဘယ်လို ဆက်စပ်မှုရှိပါသလဲ။ တချို့ရင်သားကင်ဆာပြန်မဖြစ်ဖို့ သားဥအိမ်ထုတ်လိုက်တယ်ကြားဖူးလို့ပါ။ ပရိုတင်းအမျိုးအစားတွေ စစ်တဲ့အခါ ER, PR, Her2, Triple Negative, Triple positive ဒါမျိုးတွေ အဖြေထွက်တာကျတော့ ကုသမှုပိုင်းဆိုင်ရာမှာ ဘယ်လိုကုသဖို့ဆုံးဖြတ်ကြပါသလဲ။ ဥပမာ her2 မို့ Herceptin ကိုထပ်သွင်းရသလို အခြားအမျိုးအစားတွေ အတွက်ရော Herceptin သွင်းလို့ရပါသလား Herceptin နဲ့ပတ်သက်ပြီး her2 အမျိုးအစားတွေအတွက် ဘယ်လို အကျိုးကျေးဇူး ပေးပါသလဲ။ Her2 လူနာတွေအတွက် Herceptin မသွင်းရင်ဖြစ်လာနိုင်တဲ့ဆိုးကျိုးကိုလဲသိပါရစေ။ စျေးအလွန်ကြီးတဲ့ အတွက် မသွင်းနိုင်တဲ့လူနာတွေအတွက် တဖက်တလမ်းက ဘယ်လိုမျိုးကုသမှုရနိုင်သေးပါလဲရှင့်။ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ treatments တွေကို သမီးသေချာလေးသိချင်ပါတယ် ကိုယ့်ကိုယ်ကိုရော နီးစပ်ရာ ဝေဒနာရှင်တွေကိုလည်း စောင့်ရှောက်လို့ရအောင်ပါဆရာ။ triple negative ဆိုတာ ER,PR,Her2 သုံးမျိုးစလုံး negative ဖြစ်နေတဲ့ result ကို ပြောတာပါ၊ triple positive ကလည်းအလားတူ ER, PR, Her2 သုံးမျိုးစလုံး positive ဖြစ်နေတာပါ။ triple negative ကိုခီမိုသွင်းပြီး ၅ နှစ် ဆေးသောက်ခိုင်းပါတယ်။ triple positive ကိုကျတော့ Herceptin သွင်းခိုင်းပါတယ်။ အဲ့ဒါ ဘာကြောင့်လဲ အရမ်းသိချင်ပါတယ်ဆရာ။ သမီးရဲ့ ကင်ဆာမိတ်ဆွေတွေကိုလည်း မျှဝေပေးချင်လို့ပါရှင့်။ လေးစား ကျေးဇူးတင်စွာဖြင့်။

- ရင်သားကင်ဆာအားလုံးရဲ့ ၈ဝ% ဟာ ER-positive အမျိုးအစားဖြစ်တယ်။ အီစထိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်မှုရှိတာကို ခေါ်တယ်။ ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့လည်း ပတ်သက်တယ်။ တချို့အမျိုးသမီးတွေမှာ HER2 ခေါ် ပရိုတင်းဓါတ် လယ်ဘယ်မြင့်နေတယ်။ အဲတာမျိုးကို HER2-positive ရင်သား ကင်ဆာလို့ ခေါ်တယ်။ တခြားအမျိုးအစားထက် ပွားတာမြန်တယ်။ ဆောရီး။ နောက်သုတေသနတခုအရ ရင်သားကင်ဆာ ၅ ယောက်မှာ ၁ ယောက်က HER2-positive ဖြစ်တယ်။ IHC test စမ်းနည်းကနေ HER2 protein ပရိုတင်း တွေ့မယ်။ FISH test စမ်းနည်းမှာ DNA ဖလူရိုရင့်ဆက်စ်သုံးတယ်။ HER2 gene တွေဆီသွားကပ်တာတွေ့မယ်။

- HER2/neu လို့လည်းခေါ်သေးတယ်။ ရင်သားဆဲလ်တွေအပြင်မှာ ကြီးထွားမှုအားပေးတဲ့ပရိုတင်းဖြစ်တယ်။ Trastuzumab (Herceptin) ဆေးနဲ့ကုသတယ်။

- Triple-negative breast tumors အမျိုးအစားမှာ HER2 များများမရှိပါ။ ဟော်မုန်း ရီဆက်ပတာတွေနဲ့ မသက်ဆိုင်ပါ။

- HER2-, ER- နဲ့ PR-negative လို့ခေါ်တယ်။ အသက်ငယ်သူတွေမှာ အတွေ့များတယ်။ ပွါးတာလည်းမြန်တယ်။ ဟော်မုန်းဆေးနဲ့ မထူးခြားပါ။ ခီမိုသာရာပီကိုအားကိုးရမယ်။

- Triple-positive breast tumors ကို HER2-, ER- နဲ့ PR-positive ခေါ်တယ်။ ဟော်မုန်းဆေးပေးရတယ်။

HER2-positive breast cancer ကုသနည်း

၁။ Herceptin (trastuzumab) ဆေးကနေ ကင်ဆာဆဲလ်တွေကို ကြီးထွားစေအောင်ပို့လွှတ်တဲ့ ဓါတုအချက်ပြ လာမှာကနေ တားပေးတယ်။

၂။ Kadcyla (T-DM1 or ado-trastuzumab emtansine) ဆေးနဲ့ Herceptin + ခီမိုဆေး emtansine နဲ့တွဲသုံးတယ်။ ဆေးကနေ emtansine ကို ကင်ဆာဆဲလ်တွေဆီ တည့်တည့် သွားစေတယ်။

၃။ Perjeta (pertuzumab) ဆေးက Herceptin နဲ့တူတယ်။ ကင်ဆာဆဲလ်တွေကို ကြီးထွားစေအောင်ပို့လွှတ်တဲ့ ဓါတုအချက်ပြ လာမှာကနေ တားပေးတယ်။

၄။ Tykerb (lapatinib) ဆေးက ကင်ဆာလဲလ်တွေ အလွန်ကြီးထွားမှာကို တားပေးတယ်။

Metastatic HER2-Positive Breast Cancer ဘေးအထိပြန့်နေတဲ့အဆင့်ကို ကုသခြင်း

HER2-targeted therapies ပစ်မှတ်ထားဆေးပေးနည်းနဲ့ကုသတယ်။ HER2 ကို ဘလော့လုပ်ပေးခြင်းနဲ့ ကင်ဆာ ဆဲလ်တွေကို ဆက်မကြီးထွားစေဘူး။ HER2-positive breast cancer အမျိုးအစာဆိုရင် ခွဲစိတ်နည်းနဲ့ ဓါတ်ကင်နည်းတွေကိုလည်း တွဲသင့်ရင်တွဲမယ်။

ကင်ဆာအဆင့်နောက်ကျနေသူတွေထဲက ၁၅-၂ဝ% တို့ဟာ HER2 အလွန်မြင့်နေတာတွေ့ရတယ်။ ပြန့်တာမြန်တယ်။ တချို့ ဦးနှောက်အထိ ရောက်တယ်။ ဆောရီး။ trastuzumab (Herceptin), lapatinib (Tykerb), pertuzumab (Perjeta), and ado-trastuzumab emtansine (Kadcyla) ဆေးတွေကိုသုံးတယ်။ ဦးနှောက်အထိတော့ ဆေးက ရောက်တာ မလွယ်ပါ။ lapatinib ဆေးကတော့ ဖြစ်နိုင်တယ်။

၁။ ပဌမဦးစားပေးဆေး = pertuzumab, trastuzumab နဲ့ taxane (ခီမိုဆေး) တွေပေးတယ်။ HER2-positive breast cancer ဆိုရင် ဟော်မုန်းဆေး + HER2-targeted therapy + trastuzumab သို့ lapatinib ဆေး ပေးမယ်။ ဘေးကို သိပ်မပြန့်သေးရင် ဟော်မုန်းဆေးတမျိုးတည်းပေးနိုင်တယ်။ လူနာအခြေအနေကိုလည်းကြည့်ရတယ်။ ခီမိုသာရာပီကို ၄ လကနေ ၆ လအထိပေးတယ်။ ဆေးရဲ့ဘေးထွက်သက်ရောက်မှုကိုကြည့်ရတယ်။

၂။ ဒုတိယတန်းစား = trastuzumab ဆေးပေးတယ်။

၃။ တတိယတန်းစာဆေး = T-DM1 ဆေးပေးမယ်။ Pertuzumab ဆေးလည်း မပေးရသေးသူကိုပေးမယ်။ trastuzumab ဆေးနဲ့လည်းတွဲပေးတယ်။ T-DM1 ဆေး နဲ့ pertuzumab ဆေးပေးထားပြီးသူဖြစ်ရင် lapatinib + capecitabine (Xeloda) ဆေးပေးနိုင်တယ်။

၄။ ဦးနှောက်အထိပြန့်နေတဲ့လူနာ = ခွဲစိတ်လို့ရတာကို ခွဲထုတ်မယ်။ ဓါတ်ကင်မယ်။

Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ https://dr-tint-swe.blogspot.com/2021/05/breast-cancer-her2_12.html

Breast Cancer Today ရင်သားကင်ဆာ အရင်ကနဲ့မတူပါ https://dr-tint-swe.blogspot.com/.../breast-cancer-today...

Breast Cancer Treatment regimes ရင်သားကင်ဆာ ကုထုံးများ https://dr-tint-swe.blogspot.com/2021/05/breast-cancer-treatment-regimes.html

BI-RADS ရင်သားကင်ဆာစစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2021/01/bi-rads.html

Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ https://dr-tint-swe.blogspot.com/2021/05/breast-cancer-her2_12.html

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ