CA 125 ကင်ဆာစစ်ဆေးနည်းတခု

၁။ အမက အဖြေက အာ့လို မျိုးတွေ၊ ဘယ်လို ကုရမလဲ မရှင်းဘူး ဓါတ်ရောင်ခြည် သင့်တာဆိုလား အူက အဖတ်ဖတ် ဖြစ်ပြီး ဘာစားစား ဗိုက်နာနေတာ၊ နည်းလမ်းရှိရင် ဘာ်(ဘယ်)လို ကုသရမလဲ ဆရာ ဆရာမ အကို အမတို့ ရှင့် ကျေးဇူးပြု ဖြေပေးပါရှင့် 
ကျွန်တော့ကို မေးတာ မဟုတ်ပါ။ ဖြစ်တဲ့သူ အသက်၊ အချက်အလက်တွေ မသိပါ။ ရမ်းမဖြေပါ။

၂။ CA 125 က အသားစကိုယူစစ်တာလား သွေးကိုလား ပီး (ပြီး) တော့ နာလား သိချင်လို့ပါ
သွေးကိုစစ်တာဖြစ်တယ်။

၃။ ဆရာရှင့် ကျမ အသက် ၄၅ နှစ်၊ ၁၀ နှစ် သားကလေးတယောက် မိခင်ပါ။အိမ်ထောင်ရှိပါတယ်။ ကျမ Medical Check up လုပ်တော့ CA 125 စစ်တာ 56 ဖြစ်နေလို့ OG နဲ့ပြန်ပြတော့ ၃ လ ကြာမှ TVS Ultrasound ရိုက်ခိုင်းပြီး CA125 ပြန်စစ်ခိုင်းပါတယ်။ အဲဒီအကြောင်းလေး သိပါရစေရှင့်။

၄။ သမီးရဲ့ CA 125 သွေး Result ကို ပို ့ပေးလိုက်ပါတယ်။ သမီးရဲ ့OG ကတော့ မခွဲစိပ်နဲ့လို့ ပြောပါတယ်။ ၈ လပိုင်း ကတည်းကစပြီး အောင့်တာ Ultrasound ရိုက်တော့ ဘာမှမတွေ့တော့ OG က Mervalon 3 month on ပါတယ်။ ဒီလ ၁၂ ပိုင်း နည်းနည်းပြန်အောင့်တာနဲ့ Ultrasound ပြန်ရိုက်တာ အခုမှ သွေးလုံးရှိမှန်းသိတော့ အရမ်းကြောက်သွားပါတယ်။ ဒါကြောင့် ဆရာဆီ အကြံတောင်းလိုက်တာပါ။ အိမ်ထောင်ပြုလို ရ၊ မရ သိချင်ပါတယ်။ နောက်ပြုသင့် မပြုသင့် သိချင်ပါတယ်။ ဘယ်လိုု ပြုမူနေထိုင်ရမယ်၊ ဘာအစားစာတွေ စားသုံးသင့်တယ်ဆိုတာ သိချင်ပါတယ်။ သမီးရဲ ့ သွေးအဖြေက အခြေနေကောင်းရဲ ့လားဆရာ။ သမီးက ကြောက်တတ်လိုပါ။ 53.53 <=35 U/ ml High

၅။ CA125 23.3 က ကင်ဆာဖြစ်နိုင်ချေများလားရှင့်

CA 125 (စီအေ-၁၂၅) ဆိုတာ (ပရိုတင်း) တမျိုးဖြစ်တယ်။ Cancer Antigen ကင်ဆာဖြစ်စေတဲ့ (အင်တီဂျင်) ရဲ့ အတိုကောက် ဖြစ်တယ်။ ဆေးပညာမှာ Tumor marker ဒါမှမဟုတ် Biomarker လို့ခေါ်တယ်။ လူတွေရဲ့ (ဆဲလ်) တွေထဲမှာ တကယ်လို့ ကင်ဆာရှိနေရင် ဒါတွေတွေ့မယ်။ အဓိကအားဖြင့် Ovarian cancer မျိုးဥအိမ်ကင်ဆာမှာ သိသာတယ်။ သံသယရှိတဲ့လူနာရဲ့သွေးကိုစစ်ရတယ်။ (ရင်ဘတ်၊ ဝမ်းဗိုက်) က ကိုယ်ခန္ဓာအရည်ကိုလဲ စမ်းနိုင်တယ်။ ဒီ (အင်တီဂျင်) ကို ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) နဲ့ စမ်းရတာဖြစ်ygတယ်။

35 U /ml ထက်နည်းတာက (နော်မယ်လ်) ပုံမှန်အဖြေဖြစ်တယ်။

• ဓါတ်ခွဲခန်းအဖြေတခုတည်းနဲ့တော့ လူနာမှာ ကင်ဆာရှိနေပြီလို့ ပြောမရသေးပါ။ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေ။ တခြားအခြေအနေတွေမှာလဲ ဒီလိုရလဒ်များနေနိုင်တယ်။
• တင်ပါးဆုံတွင်မှာ ကင်ဆာရှိသူ ၉ဝ% သောလူနာတွေမှာ ၆၅ ထက်များနေတယ်။ အကျိတ်ရှိတာလဲ သိမှသာ အသေအချာပြောနိုင်ပါမယ်။
• များနေတဲ့ အမျိုးသမီးတွေထဲက ၃% မှာသာ မျိုးဥအိမ်ကင်ဆာရှိတယ်။
• မျိုးဥအိမ်ကင်ဆာ တကယ်ရှိနေသူတွေထဲက ၂ဝ% မှာ ဒီအဖြေများမနေပါ။
• ကင်ဆာမဟုတ်တဲ့ Endometriosis (အင်ဒိုမီထရီယိုးဆစ်) Uterine Fibroids သားအိမ်အလုံး၊ Ovarian Cyst မျိုးဥအိမ်အကျိတ်၊ Pancreatitis သရက်ရွက်ရောင်တဲ့ရောဂါမှာလဲ များနိုင်တယ်။
• ကင်ဆာဟုတ်တဲ့ သားအိမ်ပြွန်၊ သားအိမ်နံရံ၊ အဆုပ်၊ အစာလမ်းကြောင်း၊ ရင်သား၊ သရက်ရွက်အကျိတ် တွေမှာလဲ မြင့်နေမယ်။
• သာမန်ရာသီလာချိန်မှာလဲ မြင့်နေနိုင်တယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေရောင်နေသူနဲ့ အသဲခြောက်ရောဂါ ရှိသူတွေမှာလဲ များတယ်။
• ကိုယ်ဝန်ရှိနေရင် ကင်ဆာမရှိဘဲ များနေနိုင်တယ်။ သွေးဆုံးကာနီးတဲ့ အမျိုးသမီးတွေမှာ ကင်ဆာမဟုတ်တဲ့ အပြောင်းအလဲတွေကြောင့် များနေနိုင်တယ်။
• ဒီစမ်းသပ်နည်းကို အများဆုံးသုံးတာက Ovarian cancer မျိုးဥအိမ်ကင်ဆာရှိတာသေချာနေသူကို ဆေးကုသရာမှာ ထိရောက်မှုသိနိုင်ဘို့ဖြစ်တယ်။ ဒီလိုလူနာတွေကို မကြာမကြာစစ်နေရတယ်။ နည်းနည်းလာရင် ဆေးကုသမှု ထိရောက်တယ်လို့ သိနိုင်တယ်။

ဒါကြောင့် ဒီစမ်းသပ်နည်းကို ကင်ဆာ ရှိနေ-မနေ သိဘို့ လူအများကိုစမ်းသပ်နည်းတခုအနေနဲ့ မသုံးပါ။ သွေးစစ်လို့ CA-125 များနေတဲ့အမျိုးသမီးကို အကြံပေးနိုင်တာက ကင်ဆာဆိုပြီး စိုးရိမ်စိတ် မများပါနဲ့၊ ဆရာဝန်နဲ့ဆွေးနွေးပါ ဆိုတာသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ