Diabetic food ဆီးချိုနဲ့ အစားအသောက်




အစီစဥ်နောက်ကြတာပိုမသင့် ဆိုတာ ဘာကိုပြောတာလဲ မသိလို့ပါ ဆရာ
ဘယ်သူက ဘယ်နေရာမှာ ရေးပါသလဲ။
သိပြီ။ ဆီးချိုရှိသူများ စားရန်အစားအစာစာရင်း။ အရင် တင်စဉ်ကလည်း မေးကြတယ်။ နောက်ကျလို့ ရေးရတယ်။ နောက်ကြ မဟုတ်။
အစာအမျိုးအစားအလိုက် တင်ပြတားတယ်။ တင်ထားတဲ့စာကို ရိုးရိုးလေးဖတ်ရင် များများစားနိုင်တာ၊ အသင့်စားနိုင်တာနဲ့ နည်းနည်းသာစားနိုင်တာတွေကို သိပါမယ်။ မသင့်ဆိုတာ ပမာဏနည်းနည်းသာ စားသင့်တာကို ဆိုလိုတယ်။
ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု (၃) မျိုး -
(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာနဲ့ အဲတာတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။
• ပင်မအစားအစာတွေ = ဆန်ဖြူ ထက် ဆန်လုံးညိုက သင့်တယ်။ ခေါက်ဆွဲက ပိုသင့်တယ်။ ပေါင်မုံ့က ကြားကြတယ်။
• သစ်ဥ-သစ်ဖုတွေ = မျောက်ဥ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။
• ပဲတွေ = ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။
• သစ်သီးအမျိုးမျိုး = ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။
• နို့နဲ့ နို့ထွက်ပစ္စည်းတွေ = နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။
• သကြားအမျိုးမျိုး = သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။
• အချိုရည်အမျိုးမျိုး = ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်၊ (အစီအစဉ်နောက်ကျတာက ပိုမသင့်)။
ဆီးချိုဆေးကို မနက်ည သောက်-ထိုး၊ အစားအမျိုးတွေ မှန်နေ၊ ဆီးချိုရှိလျက် အသက် ၁၂၀ ရှည်ပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ