Home Made Scrubs to Get Rid of Cracked Heels ဖနောင့်ကွဲခြင်း

(ကန်တော့)

၁။ မင်္ဂလာပါဆရာ ကျွန်တော့်အဘ မကွေးတိုင်း ပွင့်ဖြူမြို့နယ်ကပါ။ အသက် ၆၅ ပါ။ ခြေဖဝါးမှာ အနာဖြစ်လို့ပါဗျ။ တခြားသူတွေလိုခြေ ဖနှောက်ကွဲတာမဟုတ်ဘဲ ခြေဖဝါးအလယ်မှာကွဲတာပါခဗျ။ ခြေပူနာလို့ ပြောပါတယ်။ အဲဒါ အခုကကျွန်တော်တို့မြို့လည်း အပြင်ထွက်လို့အဆင်မပြေတာကြောင့် အဆင်ပြေမဲ့နည်း ပြောပြပါဦးခဗျ။ အခုလို ကာလမှာ မေးရတာအားနာပါတယ်ဆရာ။ဆရာအဆင်ပြေရင် ဖြေပေးပါဦးခဗျ။ ကျွန်တော်ပုံကောပို့ပေးလို့ရမလားခဗျ။

၂။ ဆရာ ခြေထောက်တွေကွဲနေလို့ပါခင်ဗျ ဖြစ်တဲ့သူကအမျိုးသ္မီးပါ အသက်က (၆၄)နှစ် ဖြစ်တာကသုံးလရှိ သွေးချိုဆီချိုရှိ အမြဲသောက်ဆေးက မြန်မာဆေးကဖျံငါးကောင်း တနေ့ငါးလုံးသောက် မက်ဖော်မင် မနက်တလုံး ညလုံးသောက်ပါတယ် ခြေကွဲနာအတွက်လိမ်းဆေးသို့မဟုတ်သောက်ဆေးလေးသိပရစေခင်ဗျ

၃။ အမျိုးသမီး၊ အသက် (၄၄) နှစ်၊ ကျန်းမာရေးကောင်း၊ လွန်ခဲ့သော (၃) ရက်မှစ၍ ခြေဖဝါးကွဲ၊ ခြေဖဝါးယား၊ လက်ရှိ USA တွင်ရောက်နေပါသည်။

၄။ ဆရာမင်္ဂလာပါရှင့် ကျမအသက်က ၂၈ နှစ်ပါ။ မကွေးတိုင်းမှာနေပါတယ်ရှင့်။ ကျမအိမ်ထောင်မရှိပါဘူး။ ရာသီလည်း မှန်ပါတယ်ရှင့်။ ကျမခြေထောက်ကနွေရာသီဆို ဘာမှမဖြစ်ဘဲနဲ့ ခုဆောင်းရာသီနား ရောက်ခါနီးလို့ အေးလာတာနဲ့ ခြေဖနောင့်တွေက အရမ်းကွဲလာတယ်ဆရာ။ ခြေချောင်းထိပ်လေးတွေလည်း ကွဲတယ်ဆရာ။ တခါတလေ လမ်းလျှောက်ရင်း ကွဲတဲ့နေရာကရောင်ပြီး သွေးတောင်ထွက်တယ်ဆရာ။ ဆောင်းရာသီဆို အသားတွေခြောက်ပြီး နှုတ်ခမ်းလည်း ကွဲတယ်ဆရာ။ ကျမဘာဆေးလိမ်းလို့ရမလဲဆရာ။ ခုတော့ကျမ သံလွင်ဆီဘဲလိမ်းနေပါတယ်။ ဒါပေမယ့် လိမ်းနေတုန်းဘဲ သက်သာပြီး မလိမ်းရင် ခြေဖနောင့်တွေပြန်ကွဲတယ် ဆရာ။ ကျမဘာဆေးတွေ သောက်လို့ရမလဲ။ 

ဖနောင့်ကွဲတာ ရောဂါတော့မဟုတ်ပါ။ စိုးရိမ်စရာလည်းမရှိပါ။ အကြည့်ရဆိုတယ်။ တခါတလေ သွေးထွက်တယ်။ သွေးကတဆင့်ကူစက်မှာကို သတိထားနေရတယ်။ ဆီးချိုရှိနေသူတွေမှာ ပိုဆိုးတယ်။ သွပ်ဓါတ်နည်းနေသးတွေနဲ့ အိုမီဂါ-သရီးနည်းနေသူတွေမှာအဖြစ်များတယ်။ အနေအထိုင် အလုပ်အကိုင်ကြောင့်လည်း ဖြစ်တတ်တယ်။ ရေငွေ့ဓါတ်နည်းတဲ့ဆီမှာနေရသူတွေ လုပ်ကိုင်ရသူတွေမှာဖြစ်တယ်။ ကိုယ်အလေးချိန်းများသူတွေ Psoriasis, eczema စတဲ့နာတာရှည်အရေပြားနာရှိသူတွေမှာလည်း အဖြစ်များတယ်။

၁။ Home-made scrub ဖနောင့်ပွတ်တိုက်နည်း

သကြားညို ၂ ဇွန်း၊ သံပရာရည် ၁ ဇွန်း၊ ပျားရည် ၁ ဇွန်း၊ Olive oil သံလွင်ဆီ ၁ ဇွန်းတို့ကို ရေခပ်နွေးနွေးထဲထည့်ပြီး ခပ်ပျစ်ပျစ်ဖြင်အောက်ရောမွှေပါ။ အဲတာကို ကွဲနေတဲ့ဖနောင့်မှာ လိမ်းပါ။ ၁ဝ-၁၅ မိနစ်ထားပါ။ ဆေးလိုက်ပါ။

၂။ Exfoliating Foot Scrub နောက်တနည်း

နွားနို့ ၁ ခွက်နဲ့ ရေနွေး ၅ ခွက်ရောထာထဲမှာ ခြေထောက်ကို ၁ဝ-၁၅ မိနစ်စိမ်ထားပါ။ သကြား-ဆား ၄ ဇွန်း၊ ဘေဘီဆီ (သို့) အုန်းဆီ ခွက်တဝက်လိမ်းပေးပါ။ Pumice stone ခြေထောက်တိုက်စရာ ကျောက်တုံးနဲ့တိုက်ပါ။ ပြီးရင် ခြေထောက်ကို ခြောက်သွေ့စေပြီးနောက်မှာ 2% Salicylic acid cream ဆယ်လစ်စလင်ခရင်မ်လိမ်းပါ။ နောက်ဆုံး Petroleum jelly ကို ၄ နာရီကြာလိမ်းပါ။

၃။ Banana Pulp Foot Mask ငှက်ပျောခွံနည်း

ငှက်ပျောခွံကိုချေပါ။ ခြေဖေနောင့်ကိုလိမ်းပါ။ ၁၅ မိနစ်စောင့်ပါ။ ရေခပ်နွေးနွေနဲ့ဆေးပါ။ Avocado သကြာသီးခွဲ ဆတူရောတာလည်းရတယ်။

၄။ Foot Moisturizer ခြေအစိုဓါတ်နည်း

ရေခပ်နွေးနွေးထဲမှာခြေထောက်ကို ၁ဝ မိနစ်ကြာစိမ်ပါ။ ခြောက်အောင်သုတ်ပါ။ Petroleum jelly ၁ ဇွန်း၊ သံပရာရည် ၂-၃ စက်ရောတာလိမ်းပေးပါ။

၅။ Moisturizing cream ရေဓါတ်ခရင်မ်

Olive oil သံလွင်ဆီ ၁ ဇွန်းနဲ့ Lemon/ lavender oil ဆီ ၂-၃ စက်ရောပါ။ ခြေဖနောင့်ကိုလိမ်းပါ။ လိုတိုင်းလိမ်းနိုင်တယ်။

• ခြေထောက်ကို မေ့မေ့လျော့လျော့ထားရာကနေဖြစ်တာများတယ်။ စိုစွတ်မှုနည်းလို့ဆက်ဖြစ်တာပါ။ အပေါ်ယံသာ ကွဲအက်တာနဲ့ အတွင်းနက်တာအထိရှိတယ်။ နာလာမယ်။ ပိုးဝင်တာ၊ သွေးထွက်တာဆက်ဖြစ်လာနိုင်တယ်။ ဘေးကားလာမယ်။ 

• Zinc သွပ်ဓါတ်နဲ့  Omega-3 fatty acid အိုမီဂ်-သရီးနည်းလို့လဲဖြစ်တယ်။ Xerosis အရေပြားခြောက်တဲ့ရောဂါကနေဆက်ဖြစ်တာလဲရှိတယ်။

• စိုးရိမ်စရာမရှိပါ။ နာတာရှည်ရောဂါတခုခုရှိနေရင်၊ HIV နဲ့ ဆီးချိုရှိနေရင်တာ သတိထားရမယ်။ ပျောက်ခဲတယ်။ အသက်ကြီးရင် ပျောက်ခဲတယ်။ 

• ရပ်နေတာ၊ သွားလာတာကြာရင်ဖြစ်နိုင်တယ်။ မာတဲ့အောက်ကြမ်းပေါ် ဖနပ်မပါဘဲ သွားလာ လုပ်ကိုင်သူတွေမှာလဲ ဖြစ်နိုင်တယ်။ ဖိနပ်အဆင်မပြေလဲဖြစ်နိုင်တယ်။ 

• Athlete’s foot အားကစားသမားခြေထောက် မှိုရောဂါ၊ Psoriasis ဆိုရီယေးဆစ်ရောဂါ၊ Eczema နှင်းကူနာနဲ့ Thyroid disease လညပ်ပင်းကြီးရောဂါတွေနဲ့ဆက်စပ်နေတတ်တယ်။ ရေထဲကြာကြာ ခြေထောက်ထားရရင်လဲ ဖြစ်တယ်။ 

• hydrogenated vegetable oil ခြေထောက်ကိုဆေးကြောပြီးနောက် သဘာဝအသီးအနှံက ထုတ်တဲ့ဆီတခုခုလိမ်းပါ။  ပြီးရင် ခြေအိပ်ထူထူဝတ်ထားပါ။ နောက်နေ့ဆေးပစ်ပါ။

• Pulp of a ripe banana ငှက်ပျောသီးမှည့်အခွံဖုံးအုပ်ထားပေးပါ။ ၁ဝ မိနစ်ထားပါ။ ဆေးပစ်ပါ။ ထောပတ်သီး၊ အုန်းသီးကိုပါတွဲသုံးနိုင်တယ်။ 

• lemon juice သံပုရာရည်ထဲမှာ ၁ဝ မိနစ်စိမ်ပါ။ 

• cleaning and moisturizing ဆပ်ပြာနဲ့ရေနွေးထဲမှာ ၁၅ မိနစ်ကြာ နေ့စဉ်စိမ်ပါ။ 

• Vaseline ဗက်ဆလင်းနဲ့ သံပုရာရည်ရောထာထဲမှာစိမ်ပါ။ 

• glycerin အလှဆီနဲ့ rosewater နှင်းဆီရည်ရောထာထဲမှာစိမ်ထားပါ။

• paraffin wax ပါရာဖင်ဆီနဲ့ mustard oil မုန်ညင်းဆီနည်းနည်းရောတာ ၁ဝ-၁% ရက်ကြာသုံးပါ။

• အစားအသောက်မှာ Calcium, Iron, Zinc, Vitamin E and Omega-3 Fats ဓါတ်တွေပါတာကို များများ စားသုံးပါ။  အဲတာတွေပါတဲ့အားဆေးသောက်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ