June ဇွန်လ

၂၀၂၂ ခုနှစ်ဇွန်လဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၄ ခုနှစ် နယုန်လဆန်း ၇ ရက်ကနေ ဝါဆိုလဆန်း ၃ ရက်နေ့အထိကျရောက်တယ်။ ဇွန်လနာမည်က လက်တင်လို Junius ကနေလာတယ်။ ထိမ်းမြားခြင်းနတ်ဘုရားမ Juno နဲ့ ဆက်စပ်တယ်။ ရှေးရောမအယူအဆက ဒီလမှာ လက်ထပ်ထိမ်းမြားတာ မလုပ်သင့်လို့ ဆိုတယ်။ လက်ထပ်တာကောင်းတယ်လို့ ယူဆကြတာလည်းရှိတယ်။

ဇွန်လထဲက ထူးခြားတဲ့နေ့များ
• African-American Music Month အာဖရိကနွယ်ဖွါးအမေရိကန် တေးဂီတလ။
• Bike Week (Bicycle Week) စက်ဘီးလ။
• Canadian Rivers Day ကနေဒါမြစ်များနေ့ (ဒုတိယတနင်္ဂနွေနေ့)။
• Caribbean American Heritage Month ကရစ်ဘီယန်-အမေရိကန် ရှေးဟောင်းအမွေအနှစ်လ။
• Children's Day ပေါ်တူကီ၊ ပိုလန်၊ ဆလိုဗားကီးယား၊ ရိုမေးနီးယား၊ တရုပ် ကလေးများနေ့
• D-Day ၁၉၄၄ ဇွန်လ ၆ ရက် = နော်မန်ဒီကမ်းတက်တိုက်ပွဲနေ့။
• Father's Day အဖေနေ့ (ဘယ်လ်ဂျီယမ် ဒုတိယတနင်္ဂနွေနေ့)။ ယူအက်စ်၊ ယူကေ၊ မက်ဆီကို၊ ဗယ်နီဇွဲလား၊ နယ်သာလန်၊ အိုင်ယာလန်၊ ကနေဒါ၊ (တတိယတနင်္ဂနွေနေ့)။
• Feast of the Sacred Heart (Roman Catholic) ရိုမန်ကက်သလစ် မြင့်မြတ်သောနှလုံးသားနေ့ (ဇွန်လ ၆-၁၂)။
• Flag Days of Sweden အလံတော်နေ့ (ဆွီဒင် ဇွန် ၆ ရက်)၊ (ယူအက်စ် ဇွန် ၁၄ ရက်)၊ (ဒိန်းမတ် ဇွန် ၁၅ ရက်)၊ (အာဂျင်တီးနား ဇွန်လ ၂ဝ ရက်)၊ (ရိုမေးနီးယား ဇွန်လ ၂၆ ရက်)။
• International Picnic Day နိုင်ငံတကာပျော်ပွဲစားထွက်သည့်နေ့ ဇွန်လ ၁၈ ရက်။
• Italian Republic Day ဇွန် ၂ ရက် = အီတာလီသမတနိုင်ငံနေ့
• Mother's Day လူဇင်ဘတ် အမေနေ့ (ဒုတိယတနင်္ဂနွေနေ့)။
• National Candy Month အမျိုးသားကင်ဒီလ။
• National Dairy Month အမျိုးသားနေ့စဉ်မှတ်တမ်းလ။
• National Ice Tea Month အမျိုးသားရေခဲလက်ဖက်ရည်လ။
• National Rose Month အမျိုးသားနှင်းဆီလ။
• Philippine Independence Day ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ ဇွန်လ ၁၂ ရက်။
• World Environment Day ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ (ဇွန်လ ၅ ရက်နေ့)။
• Youth Day in South Africa တောင်အာဖရိကလူငယ်များနေ့ ဇွန် ၁၆ ရက်။

ဇွန်လ ကျန်းမာရေးအသိပေးများ
• Cataract Awareness Month မျက်စိအတွင်းတိမ်။
• Fireworks Safety Month မီးရှူးမီးပန်းစိတ်ချရေး။
• Hernia Awareness Month အူကျရောဂါ။
• Men's Health Month အမျိုးသားများကျန်းမာရေး။
• Myasthenia Gravis Awareness Month ကြွက်သားအားနည်းရောဂါ။
• National Cancer Survivors Day ကင်ဆာရှင်သန်သူများနေ့ (ပထမတနင်္ဂနွေ)။
• National Scleroderma Awareness Month စကယ်လရိုဒါးမား (အရေပြားမာခြင်း) ရောဂါ။
• Scoliosis Awareness Month စကိုလီယေးဆစ် (ခါးစောင်းခြင်း) ရောဂါ။

June symbols ဇွန်လ သင်္ကေတများ
• Birthstones ကျောက်မျက်ရတနာ = ပုလဲ + Alexandrite အလက်ဇန်းဒရိတ် + Moonstone လကျောက်။
• Birth flower ပန်း = နိုင်ငံတကာ = နှင်းဆီ။
• Zodiac signs ဆယ့်နှစ်ရာသီခွင် = Gemini မေထုန် (ဇွန်လ ၂၁ အထိ) + Cancer ကရကဋ် (ဇွန် ၂၂ မှ)။

မြန်မာ့အယူအဆ
နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့လို့ ခေါ်ပါတယ်။ ၅-၆-၂၀၂၀ နေ့ဖြစ်တယ်။ နယုန်လကို မိုးရွာတဲ့လလို့ သတ်မှတ်ပြီး၊ နယုန်မိုးသေးမြက်သားမွေးလို့ ဆိုကြပါတယ်။ နယုန်လမှာ စာပြန်တော်ပွဲတွေကို သာလွန်မင်း လက်ထက်က စပြီးကျင်းပပါတယ်။ နယုန်လကို စာဆိုတော်လလို့ သတ်မှတ်ထားပါတယ်။
နယုန်လ = စံပယ်ပန်း၊ စကားပန်း၊ မြတ်လေးပန်း။
မြင်းတာရာ။ စန်းပြည့်နက္ခတ် = ဇေဋ္ဌ (ဗြိစ္ဆာသီရုပ် ကင်းမြီးကောက်မှ ကြယ်နီ)
မြန်မာ့အစဉ်အလာမှာတော့ နယုန်လမှာ မေထုန်ရာသီဖြစ်လို့ မေထုန်မှုကို အစွဲပြုထားတယ်။ ဇွန် ၂၁ နဲ့ ၂၂ ရက်ဟာ နေ့တာအရှည်ဆုံးရက်တွေဖြစ်တယ်။
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်။ နယုန်မိုးသေး မြက်သားမွေး။ ဝါကဆုန် နှမ်း နယုန်။
နွေနယုန် မေထုန်ရက်မှာလ၊ နဘေဘုံ ရေမှုန်တက်ပါလို့၊ လေဟုတ်စက် ထိန့်ထိန့်လွန်၊ ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။
နယုန်မာသ၊ မေထုန်ကျ၊ ဇေဋ္ဌရောင်စုံကျင်း။ စပယ်မြတ်လေး၊ ရနံ့မွှေး၊ စာမေးသဘင်ခင်း။ (ကင်းဝန်မင်းကြီး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ