Kusinagar ကုသိနာရုံ


သတင်း - ပုသိမ်မြို့က စစ်တပ် တပ်စွဲထားသည့် ကုသိနာရုံဘုရားဝင်းအတွင်း ဗုံးပေါက်

(၆) နှစ်ကစာ ပြန်တင်မယ်။

ကုသိနာရုံကို Kushinagar, Kusinagar or Kusinara (ကူစီနဂါး) လိုအသံထွက်မှ ဒေသခံတွေကသိပါတယ်။ အခုချိန်ဟာ ဘုရားဖူးရာသီဖြစ်ပါတယ်။ 

မဇ္ဈိမဒေသမှာရှိတဲ့ သံဝေဇနိယ လေးဌာန

၁။ ဘုရားလောင်းမွေးဖွါးတဲ့နေရာ လုမ္ဗိနီ၊

၂။ ဘုရားအဖြစ်ရောက်တော်မူရာ မဟာဗောဓိညောင်ပင်နဲ့ စေတီတော်တည်ရှိရာ ဗုဒ္ဓဂယာ၊

၃။ ပဥ္စဝဂ္ဂီငါးဦးကို တရားဦးဟောကြာရာ မိဂဒါဝုန်၊

၄။ ဘုရားမြတ်စွာ ပရိနိဗ္ဗာန်ဝင်စံရာ ကုသိနာရုံ။

စစ်အစိုးရခေါင်းဆောင် ဗခမက သန်းရွှေနဲ့အဖွဲ့ အိန္ဒိယကိုလာတော့ ကုသိနာရုံနဲ့ လုမ္ဗိနီကိုလည်း ရောက်ပါတယ်။ ကျွန်တော်တို့အဖွဲ့က လာမယ်သိထားလို့ ဆန္ဒပြကြဘို့ရာ ဒေလီကနေ ကားတစီးငှားပြီး ကုသိနာရုံကိုသွားကြတယ်။ မြန်မာဘုန်းကြီးကျောင်းမှာ မတည်းရဘူးလို့ တည်းစရာနေရာရှာရပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရာစေတီရဲ့ တခြားဖက်မှာရှိတဲ့ တိဘက် Metha Kuar Shrine ကျောင်းမှာသာ တည်းခိုကြရပါတယ်။ ၂ဝဝ၄ ခုနှစ်တုန်းကပါ။

ကျွန်တော်တို့အဖွဲ့ကို တညလုံး လုံခြုံရေးတွေက ဝိုင်းထားတယ်။ နောက်နေ့မနက်မှာ ကျွန်တော့်ကို ခေါင်းဆောင်းအဖြစ် ခရိုင်တရားသူကြီးကခေါ်တွေ့ပြီး ဆွေးနွေးတယ်။ ဗိုလ်သန်းရွှေအဖွဲ့ပြန်ထွက်သွားမှ ကျွန်တော်တို့ကို ပြန်ခွင့်ပေးတယ်။

မှတ်ချက်။ အိန္ဒိယကိုစရောက်တော့ Saiha စိုင်ဟားမြို့လေးက ရဲအချုပ်ခန်းထဲ တဖွဲ့လုံး ၃ ည အိပ်ကြရတယ်။ နေ့ခင်းတော့ အပြင်မှာနေချင်သလိုနေရတယ်။ မေးစရာ စစ်စရာတွေပြီးတော့ တနင်္ဂနွေနေ့ချည်းမှာ ခရိုင်တရားသူကြီးက ကျွန်တော့်ကို သူ့အိမ်ကိုခေါ်ပြီး စီရင်ချက်ချတယ်။ ဒီလူတွေကို မြန်မာပြည်က နိုင်ငံရေး မိုးလေဝသ မကောင်းမချင်း Deportation အတင်းပြန်မပို့ရတဲ့။ လက်ဖက်ရည်လည်းတိုက်ပါတယ်။

ဓါတ်ပုံ = ကုသိနာရုံမှာရှိတဲ့ နိဗ္ဗာနစေတီနဲ့ ဓာတ်တော်လောင်ကျွမ်းရာ မကုဋဗန္ဓနစေတီ (ရာမဘာရ်)

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၂၁


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ