Lady Godiva syndrome ကိုယ့်ဟာကို သူများပြချင်သူ

(ကန်တော့)

တနှစ်ကဒီရက်တွေမှာ ရှယ်တာတွေများလှတဲ့သတင်းတခုရှိတယ်။ အဆင့်အတန်းခွဲခြားမှုကို ဆန့်ကျင်သည့် ကိုယ်တုံးလုံး ကမ္ဘာပတ်စက်ဘီးစီးအသင်း မြန်မာနိုင်ငံသို့ရောက်ရှိမည်။ ကိုယ့်ဟာကို သူများပြချင်သူစာကို မီဒီယာတခုကိုပို့ပါတယ်။ ဖေ့စ်ဘွတ်မှာတော့ အစုံမတင်သင့်လို့ ပို့စ်မလုပ်တော့ပါ။ စာမြီးတော့ တင်ပါရစေ။

အိတ်စ်ဘီးရှင်းကို ပြပွဲလို့ခေါ်တာ လူတိုင်းသိပါတယ်။ ပြတယ်ဆိုတာ သူများမြင်စေချင်လို့ပါ။ ဒါပေမဲ့ ဆေးပညာမှာ အိတ်စ်ဘီးရှင်းနဇင်ဆိုတာကတော့ သူများမမြင်စေအောင် ဖုံးထားရမှာကိုမှ တမင်တကာပြချင်တဲ့စိတ်အရ လုပ်တာကို ခေါ်တယ်။ သစ်သီးဝလံပြပွဲလိုမျိုး ပြတာမဟုတ်ဘူး။ လိင်ပိုင်းဆိုင်ရာ မူမှန်မဟုတ်တာ ပါရာဖိလပ်စ်စိတ်ရောဂါတွေထဲက အမျိုးအစားတခုပါ။

ကမ္ဘာကိုလှည့်ပတ်တဲ့အလေ့အထကနေ ကမ္ဘာရွာဖြစ်လာစေတာမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။ ကမ္ဘာရွာသူတွေက မြန်မာပြည်လာမယ်တဲ့။

ကိုယ့်ဟာကို သူများပြချင်သူတွေက ညကလပ်နဲ့ ဘားတွေမှာ အဲဒီလိုလုပ်ကြတယ်။ ဒါမှ လူစည်မှာမို့။ ဒါပေမယ့် ဗလာကပြအသုံးတော်ခံတဲ့ မိန်းကလေးတိုင်းက အဲဒီဝါသနာရှိတယ်လို့တော့ ပြောမရဘူး။ စားဝတ်နေရေးအတွက် လုပ်ကြရတာရှိတယ်။ မိန်းမတွေက အင်္ဂါဇာတ်ကလွဲရင် အကုန်ပြချင်တယ်။ ယောက်ျားများက ဘာတခုမှတော့ မပြချင်ဘူး၊ ဒါပေမဲ့ တဲ့။ 

အဲလိုလူလယ်ခေါင်မှာ ဗလာပြတဲ့ရောဂါကို လေဒီဂိုဒီဗာ ဆင်ဒရုမ်းလို့ခေါ်ပါတယ်။ မြို့စားကတော်ဟာ သူ့ယောက်ျား လောဘကြီးတာကို လျော့စေအာင်လို့ သူ့ကိုယ်ခန္ဓာကိုယ်ကို အင်္ဂလန်နိုင်ငံ ကိုဗက်ထရီမြို့လယ်ခေါင်မှာ ကိုယ်လုံးတီးနဲ့ မြင်းစီးခဲ့ပြီး တမြို့လုံးမြင်အောင်ပြခဲ့ပါတယ်။

(ကန်တော့)

Dr. တင့်ဆွေ

၁-၆-၂ဝ၁၆


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ