Metformin ဆီးချိုစားဆေး ဘယ်လိုပေး

Metformin ဆေးဟာ Type 2 Diabetes ဆီးချို အမျိုးအစား (၂) အတွက် အများဆုံးသုံးရတဲ့ ဖြစ်တယ်။


Metformin ဆေးကို အစာနဲ့သောက်သင့်တယ်။ ဘာလို့လည်းဆိုတော့ အစာရှိရင် ဆေးကို ကိုယ်ကနေစုပ်ယူတာ ပိုကောင်းတယ်။ နောက်ပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးလည်း နည်းစေမယ်။ အစာမစားမီလည်းသောက်နိုင်တယ်။ ဘာလို့လည်းဆိုတော့ ဆေးသောက်ထားလို့ သွေးထဲကို ဆေးရာက်ချိန်မှာ သကြားဓါတ်တက်လာတော့မှာကို အဆင်သင့်လျှော့ချပေးမယ်။ စားပြီးပြီးချင်းလည်း သောက်နိုင်တယ်။ ဆေးအညွှန်းအတိုင်းသောက်တာ အကောင်းဆုံး ဖြစ်တယ်။ ဆေးကို ဝါးမစားပါနဲ့။ ရေတခွက်နဲ့သောက်ပါ။


• အသက် 10 to 16 500 mg တနေ့ ၂ ကြိမ်၊ တနေ့ 2000 mg အကြိမ်ခွဲပေးတာ အများဆုံး၊

• အသက် 17 နှင့်အထက် 500 mg တနေ့ ၂ ကြိမ်၊ (သို့) 850 mg တတေ့ ၁ ကြိမ်၊ တနေ့ 2550 mg အကြိမ်ခွဲပေးတာ အများဆုံး။

• Metformin + Insulin 500 mg တနေ့ ၁ ကြိမ်၊ တနေ့ 2500 mg အများဆုံး၊ metformin ER ဆိုရင် တနေ့ 2000 mg အများဆုံး၊

• တချို့အထူးကုဆရာဝန်တွေကတော့ သတ်မှတ်ချက်မထားဘူး။ လူကြီးအတွက် 2550 mg ကို အများဆုံး၊ ကလေး (၁ဝ-၁၆) အတွက် 2000 mg အကြိမ်ခွဲပေးလို့ သတ်မှတ်တာလဲရှိတယ်။

• 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 850 mg တနေ့ ၁ ကြိမ်နဲ့ စပေးတယ်။ တပါတ်မှာ တခါ 500 mg ဒါမှမဟုတ် ၂ ပါတ်မှာ 850 mg တိုးပေးပြီး၊ အများဆုံး 2000 mg အကြိမ်ခွဲပေးတာလဲရှိတယ်။

• ၂ ပါတ်နေရင် 500 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 850 mg တနေ့ ၂ ကြိမ်နဲ့ ပေးတာလဲရှိတယ်။ ဒီနည်းမှာ တနေ့ အများဆုံး 2550 mg အကြိမ်ခွဲပေးစေတယ်။

• ကလေးတွေကို 500 mg တနေ့ ၂ ကြိမ်စပေးပြီး၊ တပါတ်မှာ 500 mg တိုးပေးပြီး၊ အများဆုံး 2000 mg အကြိမ်ခွဲပေးတယ်။


Metformin ဘေးထွက်-ဆိုးကျိုးများ

သာမန်ဘေးထွက်-ဆိုးကျိုးတွေက ခေါင်းကိုက်၊ ကြွက်သားနာမယ်။ အားနည်းမယ်။ ပျို့ချင်မယ်။ ဝမ်းပျက်မယ်။ ဗိုက်နာမယ်။ ဆီးချိုရှိနေသူတိုင်း ဆေးကြောင့်မဟုတ်ဘဲ ဆီးချိုကနေဆက်ဖြစ်တာတွေကိုသာ သတိထားရမယ်။

ဆေးနဲ့မတည့်သူတွေရှိတယ်။ တခါမှမသောက်ဘူးသူက သတိထားရမယ်။ အင်ပြင်ထွက်မယ်၊ မျက်နှာ၊ လည်ချောင်းရောင်လာမယ်၊ အသက်ရှူကြပ်မယ်၊ ရှော့ခ်ရမယ်။


ဒေါက်တာတင့်ဆွေ


Comments

  1. မြန်မာစာ တိတိကျကျဖတ်လို့ရပါတယ်။
    ကျေးဇူးပါဆရာ။

    ReplyDelete

Post a Comment

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ