Mulberry ပိုးစာပင်လမ်းသွယ်မှာ

- ပိုးဇာသီးပင်က ကိုယ်တိုင်ဆွတ်လာတဲ့ ပိုးဇာသီး - ပိုးစာပင်၊ ပိုးစာသီးလို့ ရေးရ။
- စားသုံးသူရေးရာဦးစီးဌာန ဝဘ်ဆိုက်မှာ ပိုးစာသီးလို့ခေါ်တဲ့ (Mylberry) လို့ ရေးထားတယ်။ Mulberry က စာလုံးပေါင်း မှန်တယ်။
၁၉၉၀ ခုနှစ်အကုန်မှာ အိန္ဒိယနိုင်ငံကိုထွက်ပြေးရတော့ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ တနှစ်တိတိ နေထိုင်ရတယ်။ ကျောင်းသားတွေနဲ့အတူနေကြတယ်။ ရောက်စ ၆ လ အနေအစား ဆင်းရဲတယ်။ ရေချိုး ရေခပ်ရင် အနားက ပိုစာပင်ခြံထဲ ဆင်းကြရတယ်။ စားစရာရှားတဲ့အခါ ပိုးစာရွက်ချက်စားကြပါတယ်။ ငပိ ပါလေကာနဲ့ ရေလုံပြုတ်များတယ်။
ကျွန်တော်က အညာဒေသမှာမွေးခဲ့နေခဲ့လို့ ပိုးစာပင်ဆိုတာ စာအုပ်ထဲမှာသာ ဖတ်ဖူးခဲ့တယ်။ တိုင်းပြည်ကနေ ထွက်ပြေးရပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့အစွန်က အိမ်ကလေးတလုံးမှာ ကျွန်တော်တို့အဖွဲ့က ကျောင်းသားတွေနဲ့အတူ ၆ လကြာနေခဲ့ကြရတယ်။ စားစရာရော သောက်စရာ၊ ရေပါ ခက်ခဲတဲ့ကာလ ဖြစ်ပါတယ်။ အဆင်းအတက် နာရီဝက်လောက် ပိုးစာခြံကို ဖြတ်ပြီး၊ ရေခပ်ရေချိုး ဆင်းကြရတယ်။ ဟင်းချက်စရာဝယ်ဖို့ ပိုက်ဆံမရှိတိုင်း ပိုးစာရွက်ကို စားကြရတယ်။ အသီးမှည့်လည်း စားကောင်းတယ်။
ယူအက်စ်အေကို ရောက်စ Mulberry lane ခေါ် ပိုးစာပင်လမ်းသွယ်မှာ ၂ နှစ်ကျော်ကျော်နေခဲ့ပါတယ်။ 
တရက်မှာ အဖွါးနဲ့ မြေးနှစ်ယောက် အိမ်နားကစာကြည့်တိုက်မှာ နွေရာသီ စာဖတ်အစီအစဉ်ကို သွားကြတယ်။ အပြန်မှာ ဝမ်းသာအားရ ခူးလာကြတာက ပိုးစာရွက်။ နေ့လယ်စာမှာ ရေနွေးနဲ့ဖျောပြီး ငါးပိကြော်နဲ့ စားပါတယ်။ အငန်ရှောင်တဲ့ အန်တီနဲ့ ကျန်တဲ့သူတွေက ဆန်မှုံ့နဲ့ကြော်စားကြတယ်။ 
ပိုးစာပင်အသားကနေလုပ်ရတဲ့ မှိုင်းခံစက္ကူဆိုတာ ခုခေတ်မှာ အသုံးနည်းလာတယ်။ တကယ်အသုံးကျတယ်။ မီးပုံးပျံ လုပ်ရာမှာ သုံးတယ်။ ကန်တော့။ အမျိုးသမီးတွေ ရာသီလာချိန်မှာ အခုအခံ လုပ်နိုင်တယ်။ မွေးရာပါ အာခေါင်ပေါက် ပါသူတွေ အပေါက်ကို မှိုင်းခံစက္ကူနဲ့ ပိတ်ထားပြီးပြောရင် စကားပီသတယ်။ ရိုးရိုးစက္ကူထက် ကြာကြာခံတယ်။ အာခေါင်အပေါက်မပါပဲ ရကို ကလို့ ပြောနေသူတွေတော့ မရနိုင်။ ဆောရီး။ 
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ