Shingles ရှင်းဂဲလ် ခေါ် ဆင်ဖြူတော်ရေယုံ

၁။ မဂ်လာပါဆရာရှင့် သမီးအသက် ၃၁ပါ အိမ်ထောင်မရှိပါဘူး ကွန်ပျူတာစာရင်းကိုင်အလုပ် လုပ်ကိုင်ပါတယ် သမီး ရေယုန်ပေါက်တာ ရင်ဘတ် ညာဘက် တစ်ခြမ်း(တခြမ်း) ကျောပြင်ညာဘက်တစ်ခြမ်း(တခြမ်း) လက်မောင်း ညာဘက်တစ်ခြမ်း(တခြမ်း) ပေါက်ပါတယ် fusigen cream လိမ်းပါတယ် Acyclovir 400mg တစ်နေ့(တနေ့) ၅ကြိမ် ၅ရက်သောက်ပါတယ် Pregabalin + Methylcobalamine 750 ကို တစ်ညတစ်လုံး(တညတလုံး)နဲ့ ၁၀ လုံးသောက်ပါတယ် ရေယုန်အနာတွေက အမာရွတ်ပဲ ကျန်ခဲ့ပြီး အကုန်ချပ်သွားပေမယ့် အနာဖြစ်ခဲ့တဲ့နေရာတွေက အရမ်းကိုက်ခဲနေလို့ပါဆရာရှင့် ဆေးတွေသောက်ထားပြီး အနာဖြစ်တဲ့နေရာတွေက အရမ်းကိုက်နေလို့ပါရှင့် လမ်းညွှန်ပေးလို့ရရင် ဖြေကြားပေးပါဦးဆရာရှင့် ကျေးဇူးတင်ပါတယ်
၂။ ဆရာမင်္ဂလာပါ၊ မေးတိုင်းဖြေပေးတဲ့ဆရာ့ကိုကျေးဇူးတင်ပါတယ်ရှင့်။ ကျမအသက် ၄၈ နှစ်ပါ။ အိမ်ထောင်ရှိ၊ ကလေးမရှိပါဆရာ။ ဇူလိုင်လဆန်းပိုင်းက ကျောမှာ ရေယုံပေါက်ပါတယ်ဆရာ၊ ဆေးလိမ်းဆေးသောက်တာ အနာပျောက်သွားပြီး အနာပေါက်တဲ့ညာဘက်တခြမ်းလုံး ကျော၊ လက်၊ ရင်ဘတ်တွေ အောင့်နေတာ ခုထိ မပျောက်သေးလို့ ဘာဆေးသောက်ရမယ်၊ ဘာလုပ်သင့်တယ် လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။
၃။ သမီးအမေက အသက် ၈၈နှစ်ရှိပါပြီ ခုခါးပတ်လည်မှ္ရေယုန် (ရေယုံ) ပေါက်နေတာ၈ရက်ရှိပါပြီ ဆရာဝန်ပေးသောဆေးများသောက်ပေမဲ့ မသက်သာပါရှင့် သမီးဘာဆေးတွေ တိုက်ရလိမ်းရမလဲ လမ်းညွန်ပေးပါရှင့် ကျေးဇူးတင်ပါတယ်ရှင့်
၄။ မင်္ဂလာပါရှင့်။ အဖေက အသက် ၆၇ နှစ်ရှိပါပြီ။ ရေယုန် (ရေယုံ) အကြီးတွေ ရင်ပတ်ကစပြီးပေါက်တာ ခုကျောလယ်ကို ရောက်နေပြီဆရာ။ အရေပြားအထူးကုသမားတော် ပြပြီး အပြင်အနာက ခြောက်သွားပေမယ့် အထဲက ဆက်တိုက်နာတုန်းပဲ ဆရာ။ ဘယ်လိုလုပ်ပေးရမလဲ သိချင်လို့ပါရှင့်။
၅။ ဆရာရှင့် ကျမအမေ အသက် ၈၄ နှစ်ပါ မနှစ်က ရေယုံ ပေါက်ပြီး အတော်လေးခံစားခဲ့ရပါတယ် ခုမကြာခဏဆိုသလို အရင်ပေါက်ထားတဲ့ အထဲထဲက နာနေပါတယ် ဆီးချို သွေးတိုး နှလုံးလဲရှိလို့ ဆရာဝန်ညွှန်ကြားတဲ့ဆေးလဲ သောက်နေရပါတယ်။ အခုလဲနာနေတယ်တဲ့ ကျမကလဲ တာဝန်နဲ့ အဝေးရောက်နေလို့ပါ။ သက်သာပျောက်ကင်းအောင် ကျေးဇူးပြုပြီး ညွှန်ကြားပေးပါအုံးဆရာရှင့်။ 
ရေယုံ သေချာပါသလား။ ဆင်ရေယုံဆိုတာလည်းရှိတယ်။ Herpes Simplex ရိုးရိုး ရေယုံစာ ပို့လိုက်ပါတယ်။
ဆင်ရေယုံပါရှင့်။ စပေါက်ပြီးတပတ်အကြာမှာ အရည်ကြည်ဖုတွေကကြီးလာပါတယ်။ 
မေးခွန်း (၃) ထဲက ရရစ်မပါတဲ့ ပြီးတွေကို ပြင်လိုက်ပါတယ်။ တစ်ကိုလည်းပြင်ပါတယ်။ ဆောရီး။
၆။ ဆရာရှင် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီ။ ကျွန်မဘယ်ပုခုံးအောက်နားက အောက်လို့ ပရုတ်ဆီ နှစ်ရက်လိမ်းလိုက်တာ ရေယုံတွေပေါက်လာတယ်။ လည်ပင်မှာလည်း အကျိတ်တလုံးတက်လာတယ်။ ကျွန်မအနာက တအားပူတော့ မခံနိုင်ဘူး။ ပုခုံးအောက်နားကလည်း တအားအောက်တယ်။ တိုင်းရင်းဆေးခန်းပြပြီးပြီ မသက်သာဘူးဆရာ။ ဆရာရှင့် ကျွန်မဘာဆေးတွေ သောက်ရမလဲရှင့်။
မေးခွန်း (၆) မှာ တအားအောက်လို့ မရေးရပါ။ အောင့်လို့သာ ရေးရတယ်။ အောက်ဆိုရင် အထက်နဲ့ ဆန့်ကျင်ဘက်။
၇။ ဆရာ ကျွန်မအဒေါ်လဲ ရေယုံပေါက်တာ ဆင်ရေယုံလို့ပြောကြပါတယ်။ မျက်နှာ၊ ခါးနဲ့ကျောမှာလဲ ပေါက်ပါတယ်။ အဲ့ဒါကရော အခုရှင်းပြတဲ့လိင်လမ်းကြောင်းရေယုံတို့ ပါးစပ်မှာပေါက်တဲ့ရေယုံတို့နဲ့ အတူတူပါပဲလားရှင့်။ သူကရော အာရုံကြောထဲမှာ အောင်းနေနိုင်သေးလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
၈။ ဆရာရှင့် ကျွန်မရဲ့အဒေါ်ပါဆရာ။ အသက်က ၆၃ နှစ်ပါဆရာ။ ရေယုန် (ရေယုံ) ကပျောက်သွားပြီဆရာ။ ဒါပေမဲ့ ရေယုန် (ရေယုံ) ပေါက်ပြီးသားနေရာတွေက ထုံပြီးကျင်နေလို့တဲ့ဆရာ။ ပြီးတော့ ကန်တော့နော်ဆရာ မိန်းမကိုယ်မှာလဲပေါက်တာဆိုတော့ ဆီးသွားရင်လဲကျင်ပြီးတော့ ဆီးအရောင်ကလဲ နောက်တယ်တဲ့ဆရာ။ အခုသောက်ဆေးကတော့ မနက်တလုံး ညတလုံး သောက်တယ်ဆရာရှင့်။ ထုံတာတွေ ကျင်တာတွေအတွက် ဘာဆေးသောက်ရင် ကောင်းမလဲဆရာရှင့်။ အားကိုးပါတယ်ဆရာ။
ရောဂါအမည်ကို အမျိုးမျိုး ခေါ်နေကြတယ်။ ဆင်ရေယုံခေါ်လို့ ကျွန်တော်ကတော့ ဆင်ကိုနိုင်ငံရေး လုပ်တဲ့တိုင်းပြည်ဖြစ်လို့ ဆင်ဖြူတော်ရေယုံလို့ အမည်ပေးလိုက်ပါတယ်။ အမည်ရင်းက ရှင်းဂဲလ်။ မြန်မပြည်မှာက ခုထိ မရှင်းသေးဘူး။
၂၂-၁၂-၂ဝ၁၇ နေ့ထွက်တဲ့ ဆေးသုတေသနသတင်းအရ ရှင်းဂဲလ် ကာကွယ်ဆေးက ၃၅%ကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ သူတို့ဆီမှာ ရှင်းဂဲလ်ကာကွယ်ဆေးကို ၂ဝ၁၃ ကစပြီး အသက် ၇ဝ တွေကို ထိုးစေတယ်။ ကာကွယ်ဆေးကိုသာ အသက်သိပ်ကြီးသူတွေကိုထိုးပေးတာမှန်ပေမဲ့ မြန်မာပြည်မှာ ဒိထက် အသက်ငယ်သူတွေမှာ ဖြစ်နေတယ်လို့ မေးခွန်းတွေအရ သိရပါတယ်။ 
အရပ်ခေါ်တွေဘာဖြစ်ဖြစ် ရှင်းဂဲလ် ဖြစ်မယ် ထင်တယ်။ Shingles ရှင်းဂဲလ်ဆိုတာ ရေကျောက်နဲ့တူတယ်။ Herpes zoster လဲခေါ်တယ်၊ Zona လို့လဲခေါ်တယ်။ ရေကျောက်ကို ဖြစ်စေတဲ့ Varicella zoster virus ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ Acute Posterior Ganglionitis လို့လည်းခေါ်တယ်။ လိင်လမ်းရေယုံလို လိင်ကတဆင့်ကူးစက်တာ မဟုတ်ပါ။ အနီဖုလေးတွေပေါက်ပြီး နာတယ်။ အနီပြင်ပျောက်တဲ့နောက်လဲ ဆက်နာနေတယ်။
ရေကျောက်ပေါက်ဘူးသူ ၂ဝ% ဟာ တချိန်မှာ ရှင်းဂဲလ်ဖြစ်လာနိုင်တယ်။ ရေကျောက် ပျောက်သွားပေမဲ့ သူ့ရဲ့ အာရုံကြောစနစ်ထဲမှာ ပိုးတွေက အောင်းနေတတ်တယ်။ တချိန်ချိန်မှာ ဥပမာ စိတ်ဖိအားများတဲ့အချိန်မှာ ဖြစ်တတ်တယ်။ တခါတလေ ဘာလို့ဖြစ်လဲပြောမရဘူး။ ကလေးငယ်တွေ၊ ကိုယ်ခံအားနည်းသူတွေ၊ ရိုးတွင်းခြင်ဆီ အသစ်လဲရသူတွေမှာ ဖြစ်လာနိုင်ခြေများတယ်။
အနီပြင်မထွက်ခင် ပဌမ ၅ ရက်အတွင်းမှာပေါ်မယ်။ ဖြစ်တဲ့နေရာမှာ ကွက်ပြီးနာတာနဲ့ နီရဲနေတာက သိသာတယ်။ ယားမယ်၊ ကျင်မယ်၊ ပူလောင်မယ်၊ အနီပြင်တွေဖြစ်မယ်။ ဖျားမယ်၊ ချမ်းမယ်၊ ခေါင်းကိုက်မယ်၊ အစာမကျေဖြစ်မယ်။ အရည်ကြည်ဖုတွေ ဖြစ်လာမယ်၊ နောက်မှာကွာကျမယ်၊ တက်စေ့တွေရောင်နိုင်တယ်။ တချို့မှာ အနီစက်မပေါက်ဘဲ နာတာကိုသာခံစားရတာလဲ ဖြစ်နိုင်တယ်။ သူနဲ့ဆိုင်တဲ့ အာရုံကြောတလျှောက် လိုက်ပေါက်မယ်။ အလင်းရောင် ဖြာထွက်သလိုနေတယ်။ အဖုလေးတွေ ပေါက်ရင် အရည်ထွက်လာတယ်။
ပျောက်ရင် အရေခွံကွာကျမယ်။ ၁-၂ ပတ်နဲ့ ကောင်းသွားသူ များတယ်။ ၃-၄ ပတ်ထက် မကြာဘူး။ ကျန်းမာရေး ကောင်းနေသူတွေမှာဖြစ်ရင် အမာရွတ်မကျန်ရစ်ဘဲ ပျောက်မယ်။ ယားတာ၊ နာတာလဲ ၁-၂-၃ ပတ်နဲ့ ပျောက်သွားမယ်။ ကိုယ်ခံအား မကောင်းသူတွေ၊ အသက် ၆ဝ ကျော်တွေ၊ ကင်ဆာဆေး၊ စတီရွိုက်ဆေး သောက်နေရသူတွေ၊ နာတာရှည် စိတ်ဖိအား၊ ရုပ်ဖိအားများသူတွေ၊ HIV ရှိနေသူတွေမှာ ကြာနေနိုင်တယ်။
Cold sores ခေါ် နှုတ်ခမ်းရေယုံ ခေါ် အပူကန်နာ၊ ရိုးရိုးရေယုံနာနဲ့ခွဲခြားရမယ်။ Poison ivy, Oak, Sumac ခေါ်အပင်တွေ၊ အရွက်အပွင့်တွေနဲ့ မတည့်လို့ထွက်တဲ့ အလာဂျီအယားဖုလေးတွေနဲ့ ခွဲခြားရမယ်။ မတူပါ။ ကူးစက်နိုင်တယ်။ မအေမှာဖြစ်ရင် ကလေးကိုကူးနိုင်တယ်။ ရေကျောက်မပေါက်ဘူးသေးသူ လူရွယ်-လူကြီးကို ကူးစက်နိုင်တယ်။ အရည်ကြည်အဖုလေးတွေ ပေါက်နေပြီး ကွာမကျခင်အထိ သူများကိုကူးစေနိုင်တယ်။
မျက်နှာမှာဖြစ်နေရင် မျက်စိကိုကူးတတ်တယ်။ Herpes zoster ophthalmicus မျက်စိနာဖြစ်ရင် အမြင်ကိုပါ ထိခိုက်နိုင်တယ်။ ကံဆိုးရင် ဦးနှောက်အာရုံကြောတွေကို ထိခိုက်ခံရနိုင်တယ်။ Ramsay Hunt syndrome ခေါ်တာမှာ Cranial nerves V, IX, and X တွေကိုထိခိုက်တယ်။ အဖျားအနား-အာရုံကြောတွေ၊ နားထိခိုက်တာတွေ ဖြစ်နိုင်တယ်။ အတော်တော့ ရှားပါတယ်။
နောက်ဆက်တွဲ အများဆုံးဖြစ်ကြရတာကတော့ Postherpetic neuralgia အာရုံကြောနာတာဖြစ်တယ်။ ပျောက်ပြီးနောက် ဆက်ပြီး နာတာခံစားနေရတယ်။ နာတာကအတော်ဆိုးတယ်။ အသက် ၅ဝ ကျော်တွေပိုဖြစ်တယ်။ ၁ဝ-၁၅% ဖြစ်တယ်။ ဒါကြောင့် အသက်ကြီးသူတွေ ဖြစ်ရင် ဗိုင်းရပ်စ်ဆေးပေးသင့်တယ်။ အဲလိုဖြစ်လို့နာတာအတွက် စိတ်မကျဆေးထဲက Amitriptyline သုံးတယ်။ အတက်သက်သာဆေးဖြစ်တဲ့ Gabapentin, Carbamazepine, Pregabalin တွေကိုလဲ သုံးနိုင်တယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောရောဂါအတွက်သုံးတဲ့ဆေးဖြစ်တယ်။
အလုပ်ကနားသင့်တယ်။ အစားအာဟာရပြည့်ဝအောင်စားပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နိုင်ရင်ကောင်းတယ်။ Vitamin B12 ကို အစပိုင်းရက်တွေမှာ သောက်ပါ။ နောက်ပိုင်း Vitamin B complex, Vitamin C နဲ့ Calcium ဆက်သောက်ပါ။ အရပ်သုံးအနေနဲ့ သံပုရာကနေလုပ်တဲ့ Lemon balm (Melissa officinalis) or Licorice (Glycyrrhiza glabra) နဲ့ ပင်စိမ်းကနေထုတ်တဲ့ Peppermint (Mentha piperita) လိမ်းဆေးတွေကိုလဲ သုံးကြတယ်။ Vinegar ဗနီဂါကို ရေနွေးနွေးနဲ့ ဖျော်ပြီးလိမ်းတာလဲ သက်သာစေတယ်။ ဗနီဂါအဖြူ ဖန်ခွက်လေးပုံတပုံနဲ့ ရေကြက်နွေး ၂ ကွာတ ရောရတယ်။ အနာနေရာကို အဝတ်စိုသုံးပြီး တနေ့ ၂ ခါ ဖိပေးပါ။ အနာနဲ့ထိထားတဲ့ အဝတ်အစား ဖယ်ရှားပြစ်ပါ။ အနာပျောက်လို့ အရေပြားကွဲအက်တာ သက်သာချင်ရင် Plain petroleum jelly ကို တနေ့ ၃-၄ ကြိမ် လိမ်းနိုင်တယ်။
ရေကျောက်ပျောက်သွားပေမဲ့ အာရုံကြောစနစ်ထဲမှာ ပိုးတွေကအောင်းနေလို့ပါ။ တချိန်ချိန်မှာ ဥပမာ စိတ်ဖိအား များတဲ့အချိန်မှာ ဖြစ်တတ်တယ်။ နောက်ဆက်တွဲ အများဆုံးဖြစ်ကြရတာကတော့ အာရုံကြောနာတာ။ ပျောက်ပြီး နောက်လည်း နာတာကို ခံစားနေရတယ်။ နာတာက အတော်ဆိုးတယ်။ အသက် ၅ဝ ကျော်တွေ ၁ဝ-၁၅% ဖြစ်တယ်။ Acetaminophen (Tylenol/Paracetamol), Ibuprofen (Motrin or Advil) အနာသက်သာဆေးတွေသာမက Acyclovir (Zovirax), Famciclovir (Famvir), Valacyclovir (Valtrex) ဗိုင်းရပ်စ်ဆေးပါပေးရတယ်။ လူကြီီးတွေအတွက် ကာကွယ်ဆေးကို Zostavax ခေါ်တယ်။ ရေကျောက်ပေါက်ဖူးပြီး၊ အသက် ၆ဝ ကျော်တွေကိုသာ ထိုးရတယ်။
ဗိုင်းရပ်စ်ဆေးတွေထဲက Acyclovir (Zovirax), Valacyclovir (Valtrex), Famciclovir (Famvir) တွေကို ပေးနိုင်တယ်။ အနီပြင်ဖုတွေထွက်ပြီး ၇၂ နာရီအတွင်းမှာပေးတယ်။ စောပေးတာကောင်းတယ်။ နာတာသက်သာအောင် စတီရွိုက်မပါတဲ့ သုံးနေကျဆေးတွေသုံးပါ။ လိုအပ်ရင် ပြင်းတဲ့အနာသက်သာဆေး သောက်ရမယ်။ စတီရွိုက်ဖြစ်တဲ့ Prednisone ပရက်နီဆိုလုံးစားဆေးကို ရောင်တာသက်သာအောင် ပေးနိုင်တယ်။ ဖြစ်တဲ့နေရာကို သန့်ရှင်းအောင်ထားပါ။ ရေချိုးနိုင်တယ်။ ရေအေးဝတ်တင်ပေးနိုင်တယ်။ Calamine lotion လိမ်းနိုင်တယ်။ Aluminum acetate solution (Burow's or Domeboro solution) တွေလဲ သုံးနိုင်တယ်။
အရည်ကြည်ဖုလေးတွေ ပေါက်သွားပြီးနောက် Capsaicin cream (Zostrix) ငရုပ်သီးကနေလုပ်တဲ့လိမ်းဆေး လိမ်းနိုင်တယ်။ နာတာသက်သာစေမယ်။ ဒါပေမယ့် ပူတယ်။ ထုံဆေး Lidocaine pain patches (Lidoderm) ပါတာ ကပ်နိုင်တယ်။ နောက်ဆက်တွဲမဖြစ်ဘဲ ပျောက်သွားတာများတယ်။ တချို့မှာ ဗက်တီးရီးယားထပ်ဝင်တာ ခံရနိုင်တယ်။ အဲလိုဖြစ်ရင် ပိုပြီးရောင်ရမ်းလာတယ်။ နာမယ်။ အဲဒါဆိုရင် ပိုးသေဆေးပေးဘို့ လိုနိုင်တယ်။
အမေရိကားမှာ တနှစ်တနှစ် ရှင်းဂဲလ်ဖြစ်သူပေါင်း တသန်းရှိတယ်။ ၂ဝဝ၆ မှာ FDA ကနေ လူကြီီးတွေအတွက် ကာကွယ်ဆေးကို အသိအမှတ်ပြုလိုက်တယ်။ Zostavax ခေါ်တယ်။ အရင်က ရေကျောက် ပေါက်ဖူးပြီး၊ အသက် ၆ဝ ကျော်တွေကိုသာ ထိုးရတယ်။ အမှန်က ကလေးတွေကို ထိုးပေးတဲ့ ရေကျောက် ကာကွယ်ဆေးကို အားဖြည့်ထားတဲ့ဆေး ဖြစ်တယ်။ ရောဂါဖြစ်သူတွေမှာ ၆ဝ% ခံစားရတာ သက်သာစေတယ်။ ပျောက်ပြီး ဆက်နာတာကိုလဲ ၆ဝ% မက သက်သာတယ်။ ကိုယ်ဝန်ဆောင်တွေ၊ HIV/AIDS ကိုယ်ခံအားမကောင်းသူတွေ၊ ကင်ဆာဆေးပေးနေသူတွေကိုတော့ မထိုးရဘူး။ ကလေးတွေကိုတော့ Chickenpox vaccine ရေကျောက် ကာကွယ်ဆေးသာထိုးရတယ်။
Acyclovir (Zovirax) အက်စီကလိုဗာဗိုင်းရပ်စ်အတွက်ဆေး
1. Herpes Zoster (Shingles) တခါသောက် 800 mg ကို တနေ့ ၃-၄-၅ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
2. Genital Herpes လိင်လမ်း ရေယုံ = တခါသောက် 200 mg ကို တနေ့ ၃-၄-၅ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။ ပြန်ပြန်ဖြစ်နေတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာတွေ = တခါသောက် 400 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် တခါသောက် 200 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် 200 mg တနေ့ ၅ ကြိမ်၊ စုစုပေါင်း ၁-၁၂ လအထိသောက်ပါ။
3. Chickenpox (Varicella) ရေကျောက်ရောဂါ = ကလေး အသက် ၂ နှစ်အထက် တခါတိုက် 20 mg/kg တနေ့ ၄ ကြိမ်၊ ၅ ရက်။ ကိုယ်အလေးချိန် 40 kg ကျော်ရင် လူကြီးတွေအတိုင်းပေးပါ။ ရေကျောက်ရောဂါ = လူကြီး + ကလေး ကိုယ်အလေးချိန် 40 kg ကျော် = တခါသောက် 800 mg တနေ့ ၄ ကြိမ်၊ ၅ ရက်။
Gabapentin ဂါဘာပင်တင်ဆေး
အာရုံကြောကြောင့်နာတာအတွက် သုံးတဲ့ဆေးသာဖြစ်တယ်။
• shingles ရှင်းဂဲလ် ခေါ် ရေယုံတမျိုးကြောင့်နာခြင်း၊
• Epilepsy ခေါ် အတက်ရောဂါ (ဝက်ရူးပြန်ရောဂါ) အတွက် သုံးတယ်။
• Nerve pain ခေါ် အာရုံကြောအခြေခံကြောင့် နာတာတွေအတွက်သုံးတယ်။
• Diabetes ဆီးချိုကြောင့်နာခြင်း၊
• Injury ထိခိုက်ဒဏ်ရာကြောင့်နာခြင်း အတွက် သုံးတယ်။
Postherpetic Neuralgia အနာအတွက် လူကြီး 300 mg တနေ့  ၁ ကြိမ်၊ ၂ ကြိမ်။ ၃ ကြိမ်။
ကလေး 10 to 15 mg/kg/day ကို ၃ ခါခွဲပေး။
ဘေးထွက်သက်ရောက်မှုများ
• Drowsiness အိပ်ချင်
• tiredness or weakness. မောပန်း အားနည်း
• dizziness ခေါင်းမူး
• headache ခေါင်းကိုက်
• uncontrollable shaking of a part of your body ထိန်းမရသော ကိုယ်ခန္ဓာလှုပ်ရှားမှု
• double or blurred vision မျက်စိခဲမှာ နှစ်ပုံမြင်ခြင်း
• unsteadiness မတည်ငြိမ်ခြင်း
• Anxiety စိုးရိမ်စိတ်များခြင်း
Dr. တင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ