Slow Heart Rate နှလုံးခုန်နှေးခြင်း

၁။ ဆရာခင်ဗျာ ကျနော် အသက် ၇၁ ပြည့်ခဲ့ပါပြီ ၂၀၁၆ ခုကစပြီး နှလုံးသွေးကြောကျဥ်း ဖြစ်လို့ ဆေးသောက်ရပါတယ် cardivas 6.25mg clodgrel, Nuberol ညကျ cardivas 6.25mg. Atorvastatin, nuberol သောက်ရပါတယ် 2020 အောက်တိုဘာ မှာတော့ သွေးတက် လာပါတယ် 178/180 ထိ အပေါ်သွေး 80/93 ထိ အောက်သွေး တက်ပါတယ် သမားတော်က နိုဝင်ဘာ သွားပြတော့ Losartan 50mg, Trimetazidine MR 35mg မနက်ည ထပ်ဖြည့်ပါတယ် သက်သာပါတယ် သမားတော် က သွေးကျရင် Losartan တကြိမ်ဖြုတ်နိုင်တယ် မှာပါတယ် သွေးတက် ရင် Amilodipine 5mg သောက်ရ တယ် ပြောပါတယ် သက်သာပါတယ် သွေးလည်းကျပါတယ် Losartan တကြိမ်ဖြုတ်ပါတယ် သွေးက ပုံမှန်ပဲ ဒါပေမယ့် heart rate က တခါတလေ 51 ထိကျနေတာ သူငယ်ချင်း ဆရာဝန် မေးတော့ သွေးချိန်မှတ်တမ်း တောင်းလို့ စကရင်ရှော့ ရိုက်ပို့ရပါတယ် အဲ့ဒါ သူက Losartan လုံးလုံး ဖြုတ်ကြည့်ခိုင်းတယ် ပထမတော့ ပုံမှန်ပဲ နောက်ကျတော့ သွေးပြန်တက်ပါတယ် ဆရာ အဲ့ဒါ အရင်သမားတော် မရှိလို့ သမားတော် ပြောင်းပြရပါတယ် နောက် သမားတော်က အကုန် ပြန်စစ်ပြီးတော့ ဆေးပြောင်းပေးပါတယ် ဒါပေမယ့် Diastolic က 60 အောက် ရောက် နေပါတယ် ဆရာ တခါတလေ 51 တောင်ဖြစ်တယ် ပြသနာရှိလားဆရာ စကရင်ရှော့ ရိုက်ပို့ပေးပါ မယ်ဆရာ ကျေးဇူးပါ

ဆရာဝန်တွေပြထားတာ ကောင်း။ ဆေးလည်းသောက်နေ။

သွေးတိုးစာတွေကို ခဏခဏတင်ထားတယ်။ နှလုံးသွေးကြောကျဉ်းခြင်းစာလည်း မကြာခဏ တင်တယ်။ နှလုံးခုန်နှုန်းစာလည်း ထပ်ထပ်တင်တယ်။ စာတွေအားလုံး ဘလော့မှာရှိတယ်။ 

နှလုံးခုန်နှုန်း တမိနစ်မှာ (၆၀) ထက် အမြဲလိုလို နည်းနေရင်သာ Pacemaker တပ်ရန်လိုတယ်။ ဆခရင်ရှော့ခဲမှာ (၆၀) ထက်နည်းတာ မတွေ့ပါ။

၂။ ဆရာရှင့် ကျွန်မအသက် ၃၅နှစ်ပါ ပြီးခဲ့သောနှစ်ကနေမကောင်းလို့ဆရာဝန်ပြသရာကနေ နှလုံးခုန်နှုန်းနှေးနေတာကို သိလိုက်ရပါတယ် ပုံမှန်အားဖြင့် တမိနစ်ကို ၅၂ကြိမ်မှ ၅၈ကြိမ်အတွင်းရှိနေပါတယ် နှလုံးအထူးကုနှင့် ပြခိုင်းသောကြောင့် ပြသရာတွင် holter ၁ရက်တပ်ခိုင်းပြီး နှလုံးခုန်နှုန်းကိုစစ်ပါတယ် အနှေးဆုံးက ၄၈ကြိမ်ဖြစ်ပြီး အမြန်ဆုံးက ၁ဝရကြိမ်ပါ (လှေကားတက်နေစဉ်အချိန်) နှလုံးဆရာဝန်ကတော့ဘာမှမဖြစ်နိုင်ပါဘူးဆိုပြီး ဘာဆေးမှမပေးလိုက်ပါ တခါတလေ အရမ်းခေါင်းမူးတဲ့အချိန်ဆေးခန်းပြရင် နှလုံးခုန်က ၅ဝအောက်အမြဲကျနေပါတယ်ဆရာ ဘာဆက်လုပ်သင့်ပါသလဲရှင့် ကျွန်မအလုပ်က စာရင်းကိုင်ပါ အားကစားအနေနဲ့ဘာမှပြင်းပြင်းထန်ထန်မလုပ်ပါဘူးရှင့် ကျေးဇူးတင်ပါတယ်ရှင့်

၃။ သူ အသက်ရှင်နိုင်ချေနည်းလားရှင့် ပြီးခဲ့တဲ့ ၂ပတ်လောက်က သတိလစ်သွားပါတယ် တခါမှမဖြစ်ဖူးဘူး အခုဆေးခန်းပြတော့ အဲလိုပြောပါတယ် မူးယစ်ဆေး အရက်မသုံးပါဘူး အကြံပေးပါနော် အသက် ၂၁ ယောကျာ်းလေးပါ

ဆေးစစ်ချက်တွေ သေချာ မသိ။ စမ်းသပ် စစ်ဆေး ကုသပေးနေတဲ့ဆရာဝန်တွေကသာ လူနာံအခြေအနေကို သိပါမယ်။

ကျေးဇူးတင်ပါတယ် ဆရာ နှလုံးအထူးကုနဲ့ပြခိုင်းနေပါတယ် နှလုံးခုန်နှေးနေတယ်ပြောပါတယ်

တမိနစ် ဘယ်လောက် မသိ။

56 BPM ပါ ဆရာ

Bradycardia လို့လည်းခေါ်တယ်။ လူကြီးအရွယ်တွေ နာနေချိန်မှာ တမိနစ် ၆၀ ထက်နည်းတာကိုခေါ်တယ်။

ဘာကြောင့်နှေးသလဲ

1. နှလုံးမှာ SA node ဆိုတာက ပုံမှန်အလုပ် မလုပ်လို့ဖြစ်တယ်။ သူနဲ့ဆက်နေတဲ့ လျှပ်စီလမ်းမှာ တခုခုဖြစ်နေလို့။

2. Hypothyroidism ခေါ် လည်ပင်းကြီးဟော်မုန်းနည်းခြင်း။

3. heart attack နှလုံးအတက်ရပြီးထားသူ။

4. Certain heart medications တချို့နှလုံးဆေး။

ဘယ်လိုခံစားရမလဲ

• Fatigue or feeling weak အားနည်းနေမယ်။

• Dizziness or lightheadedness ခေါင်းမူးမယ်။ ခေါင်းထဲပေါ့နေမယ်။

• Confusion စိတ်မကြ ည်မလင်ဖြစ်မယ်။

• Fainting သတိလစ်ချင်သလိုဖြစ်မယ်။

• Shortness of breath အသက်ရှူမဝဖြစ်မယ်။

• Difficulty when exercising အားကစားနဲ့ ပင်ပန်းတာမလုပ်နိုင်ခြင်း။

• Cardiac arrest နှလုံးရပ်သွားခြင်း။

Complications of bradycardia နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ

• Heart failure နှလုံးအလုပ်မနိုင်တော့ခြင်း။

• Fainting သတိလစ်ခြင်း။

• Chest pain ရင်ပတ်နာခြင်း။

• Low blood pressure သွေးဖိအားကျခြင်း။

• High blood pressure သွေးတိုး။

Treatment ကုသနည်းများ

တချို့ ကုသရန်မလို။ တချို့ကို Pacemaker ပစ္စည်းတပ်ဆင်ထားရမယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ