Act as if you might be carrying the virus သင်ဟာ ပိုးကိုသယ်ဆောင်နေသူကဲ့သို့ ပြုမူနေထိုင်လုပ်ဆောင်ပါ

၁၈-၃-၂၀၂၀ CNN က ပင်တိုင် ဆရာဝန် Dr. Gupta က အဲလိုပြောတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဘယ်သူမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ မထားရ မစစ်ဆေးပဲ သေချာ မသိကြပါ။

တရုပ်ပြည် ဟူဘေးမှာ လူနာ ၁၈၁ ယောက်ကို ၂၄-၂-၂၀၂၀ မတိုင်မီ လေ့လာတယ်။ သူတို့အသက်တွေက ပျမ်းမျှ ၄၄့၅ နှစ်ရှိတယ်။ ပိုးကူးစက်ခံရပြီးနောက် ၄့၅ ရက်ကနေ ၅့၈ ရက်အကြာ (ပျမ်းမျှ ၅့၁ ရက်) မှာ ရောဂါလက္ခဏာတွေ ပေါ်တယ်။ ၈့၂ ရက်ကနေ ၁၅့၆ ရက် (ပျမ်းမျှ ၁၁့% ရက်) ထက်နောက်မကျပါ။ သီးခြားခွဲထားရသူ တသောင်းထဲက လူနာ ၁၀၁ ယောက်တို့ဟာ ၁၄ ရက်ကျော်မှသာ ရောဂါလက္ခဏာတွေ ပေါ်တယ်။

အချုပ်ပြောရရင် COVID-19 ပိုးရဲ့ ပိုးကူးစက်ပြီး ရောဂါလက္ခဏာပေါ်ချိန်ဟာ ၅ ရက်ဝန်းကျင်ဖြစ်တယ် SARS ပိုးနဲ့ ဆင်တူတယ်။

ပိုးကူးစက်ခံထားရသူ မဟုတ်ပါလို့ ရောဂါလက္ခဏာမပေါ်သေးမီ ၅ ရက်အထိ ပြောမရပါ။ Test စစ်မှသာ သိပါမယ်။

ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူအားမရသလိုဖြစ်တာ ရှိရင် စစ်ဆေးရပါမယ်။

ဒီရောဂါဟာ ရောဂါလက္ခဏာပေါ်လာမှ သူများတွေကို အများဆုံးကူးစေနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ခင်လည်း တချို့က ကူးစက်နိုင်သေးတယ်။ နည်းတော့ နည်းတယ်။

ကိုယ့်အနီးအနား ၆ ပေအတွင်းကလူတွေမှာ ပိုးရှိနေ မနေ မသိနိုင်ပါ။ အမြဲ သတိထားနေရမယ်။ ကြိုတင်ကာကွယ်မှုတွေ စနစ်တကျလုပ်ရမယ်။ စနစ်တကျဆိုတာ လိုတာတွေ လုပ်ရမယ်။ မလိုတာတွေ မလုပ်ရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ