Act as if you might be carrying the virus သင်ဟာ ပိုးကိုသယ်ဆောင်နေသူကဲ့သို့ ပြုမူနေထိုင်လုပ်ဆောင်ပါ

၁၈-၃-၂၀၂၀ CNN က ပင်တိုင် ဆရာဝန် Dr. Gupta က အဲလိုပြောတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဘယ်သူမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ မထားရ မစစ်ဆေးပဲ သေချာ မသိကြပါ။

တရုပ်ပြည် ဟူဘေးမှာ လူနာ ၁၈၁ ယောက်ကို ၂၄-၂-၂၀၂၀ မတိုင်မီ လေ့လာတယ်။ သူတို့အသက်တွေက ပျမ်းမျှ ၄၄့၅ နှစ်ရှိတယ်။ ပိုးကူးစက်ခံရပြီးနောက် ၄့၅ ရက်ကနေ ၅့၈ ရက်အကြာ (ပျမ်းမျှ ၅့၁ ရက်) မှာ ရောဂါလက္ခဏာတွေ ပေါ်တယ်။ ၈့၂ ရက်ကနေ ၁၅့၆ ရက် (ပျမ်းမျှ ၁၁့% ရက်) ထက်နောက်မကျပါ။ သီးခြားခွဲထားရသူ တသောင်းထဲက လူနာ ၁၀၁ ယောက်တို့ဟာ ၁၄ ရက်ကျော်မှသာ ရောဂါလက္ခဏာတွေ ပေါ်တယ်။

အချုပ်ပြောရရင် COVID-19 ပိုးရဲ့ ပိုးကူးစက်ပြီး ရောဂါလက္ခဏာပေါ်ချိန်ဟာ ၅ ရက်ဝန်းကျင်ဖြစ်တယ် SARS ပိုးနဲ့ ဆင်တူတယ်။

ပိုးကူးစက်ခံထားရသူ မဟုတ်ပါလို့ ရောဂါလက္ခဏာမပေါ်သေးမီ ၅ ရက်အထိ ပြောမရပါ။ Test စစ်မှသာ သိပါမယ်။

ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူအားမရသလိုဖြစ်တာ ရှိရင် စစ်ဆေးရပါမယ်။

ဒီရောဂါဟာ ရောဂါလက္ခဏာပေါ်လာမှ သူများတွေကို အများဆုံးကူးစေနိုင်တယ်။ ရောဂါလက္ခဏာမပေါ်ခင်လည်း တချို့က ကူးစက်နိုင်သေးတယ်။ နည်းတော့ နည်းတယ်။

ကိုယ့်အနီးအနား ၆ ပေအတွင်းကလူတွေမှာ ပိုးရှိနေ မနေ မသိနိုင်ပါ။ အမြဲ သတိထားနေရမယ်။ ကြိုတင်ကာကွယ်မှုတွေ စနစ်တကျလုပ်ရမယ်။ စနစ်တကျဆိုတာ လိုတာတွေ လုပ်ရမယ်။ မလိုတာတွေ မလုပ်ရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ